ZawGyiျဖင့္ဖတ္ရန္

မၾကာေသးမီကမွ ဒုတိယအိမ္ေထာင္ ထူေထာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ေမာ္ဒယ္ သႏၲာလွိုင္က အမ်ိဳးသားဟာ သူမထက္ အသက္(၁၁)ႏွစ္ငယ္ၿပီး တစ္သက္လုံးကေလးလုပ္ခ်င္တာေၾကာင့္ ေနာက္ထပ္ရင္ေသြး ထပ္မယူျဖစ္ေတာ့ဘူးလို႔ ဆိုပါတယ္။

အသက္ ၄၀ ရွိၿပီျဖစ္တဲ့ သႏၲာလွိုင္နဲ႔ အမ်ိဳးသားျဖစ္သူ မ်ိဳးေက်ာ္တင္(၂၉) ႏွစ္တို႔ဟာ အသက္(၁၁) ႏွစ္ကြာျခားၿပီး အမ်ိဳးသားကိုယ္တိုင္ကလည္း ရင္ေသြးထပ္မလိုခ်င္ေတာ့သလို အသက္ ၄၀ ေက်ာ္ၿပီျဖစ္တဲ့ သူမအေနနဲ႔ ေနာက္ထပ္ရင္ေသြးထပ္ယူဖို႔ အနည္းငယ္ အခ်ိန္ေႏွဦင္းေနၿပီျဖစ္တဲ့အတြက္ လက္ရွိသားသမီးမ်ားကို ပံ့ပိုးရင္ ေနထိုင္သြားေတာ့မယ္လို႔ ဆိုပါတယ္။

ပထမအိမ္ေထာင္နဲ႔ အေၾကာင္းမတိုက္ဆိုင္လို႔ ကြဲခဲ့ရေပမယ့္ ခင္ပြန္းေဟာင္းျဖစ္သူနဲ႔ သူမတို႔ဟာ မိသားစုဝင္ေတြလို ဆက္ဆံေရးမ်ိဳးရွိပါတယ္။ ခင္ပြန္းေဟာင္းျဖစ္သူကလည္း မၾကာမီမွာသူတို႔ ေနအိမ္အနီးေျပာင္းလာေတာ့မွာျဖစ္လို႔ ကေလးေတြအတြက္ ဖခင္ျဖစ္သူနဲ႔ နီးနီးကပ္ကပ္ ေနခြင့္ရလို႔ပိုၿပီး အဆင္ေျပတယ္လို႔ ဆိုပါတယ္။ သူတို႔ၾကားထဲက ဆက္ဆံေရးဟာလည္း မိသားစုေဆြမ်ိဳးရင္ခ်ာမ်ားသဖြယ္ျဖစ္ၿပီး ခင္ပြန္းေဟာင္းျဖစ္သူက သူတို႔မိသားစု ခရီးထြက္ေနတဲ့အခိုက္မွာ အိမ္မွာက်န္ခဲ့တဲ့ ကားကိုေရးေဆးေပးထားတတ္တဲ့ထိ ေႏြးေထြးမွုေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

အင္တာနက္ေပၚမွ ေဝဖန္သူမ်ားကိုေတာ့ သူမအေနနဲ႔ ေပ်ာ္ရႊင္ျခင္းဆိုတာကို မသိေသးသူမ်ားလို႔ သေဘာထားကာ ေပ်ာ္ရႊင္ျခင္းအစစ္မွန္ဆိုတာ မိမိရဲ့အတြင္းစိတ္ထဲမွာသာရွိေနၿပီး ဒါေတြကို လူေတြခံစားသိရွိနားလည္လာေအာင္ သူမအေနနဲ႔ ႀကိဳးစားၿပီးလမ္းညႊန္ ေျပာျပရမယ့္ တာဝန္ရွိတယ္လို႔ ခံယူထားေၾကာင္း ေျပာျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ အႏုပညာလုပ္ငန္းေတြနဲ႔ မအားလပ္ျဖစ္ေနတဲ့ သ႐ုပ္ေဆာင္ေမာ္ဒယ္သႏၲာလွိုင္ က ခင္ပြန္းျဖစ္သူနဲ႔ လုပ္ငန္းခြင္ထဲမွာ တစ္ခ်ိန္လုံးအတူရွိေနတဲ့ အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခြဲခြာဖို႔မလိုေတာ့ေၾကာင္း ေျပာျပခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်

အမျိုးသားက ကလေးလုပ်ချင်တာကြောင့် ရင်သွေးထပ်မယူတော့ဘူးဆိုတဲ့ သန္တာလှိုင်

မကြာသေးမီကမှ ဒုတိယအိမ်ထောင် ထူထောင်ခဲ့တဲ့ သရုပ်ဆောင်မော်ဒယ် သန္တာလှိုင်က အမျိုးသားဟာ သူမထက် အသက်(၁၁)နှစ်ငယ်ပြီး တစ်သက်လုံးကလေးလုပ်ချင်တာကြောင့် နောက်ထပ်ရင်သွေး ထပ်မယူဖြစ်တော့ဘူးလို့ ဆိုပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ သန္တာလှိုင်နဲ့ အမျိုးသားဖြစ်သူ မျိုးကျော်တင်(၂၉) နှစ်တို့ဟာ အသက်(၁၁) နှစ်ကွာခြားပြီး အမျိုးသားကိုယ်တိုင်ကလည်း ရင်သွေးထပ်မလိုချင်တော့သလို အသက် ၄၀ ကျော်ပြီဖြစ်တဲ့ သူမအနေနဲ့ နောက်ထပ်ရင်သွေးထပ်ယူဖို့ အနည်းငယ် အချိန်နှေဦင်းနေပြီဖြစ်တဲ့အတွက် လက်ရှိသားသမီးများကို ပံ့ပိုးရင် နေထိုင်သွားတော့မယ်လို့ ဆိုပါတယ်။

ပထမအိမ်ထောင်နဲ့ အကြောင်းမတိုက်ဆိုင်လို့ ကွဲခဲ့ရပေမယ့် ခင်ပွန်းဟောင်းဖြစ်သူနဲ့ သူမတို့ဟာ မိသားစုဝင်တွေလို ဆက်ဆံရေးမျိုးရှိပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူကလည်း မကြာမီမှာသူတို့ နေအိမ်အနီးပြောင်းလာတော့မှာဖြစ်လို့ ကလေးတွေအတွက် ဖခင်ဖြစ်သူနဲ့ နီးနီးကပ်ကပ် နေခွင့်ရလို့ပိုပြီး အဆင်ပြေတယ်လို့ ဆိုပါတယ်။ သူတို့ကြားထဲက ဆက်ဆံရေးဟာလည်း မိသားစုဆွေမျိုးရင်ချာများသဖွယ်ဖြစ်ပြီး ခင်ပွန်းဟောင်းဖြစ်သူက သူတို့မိသားစု ခရီးထွက်နေတဲ့အခိုက်မှာ အိမ်မှာကျန်ခဲ့တဲ့ ကားကိုရေးဆေးပေးထားတတ်တဲ့ထိ နွေးထွေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အင်တာနက်ပေါ်မှ ဝေဖန်သူများကိုတော့ သူမအနေနဲ့ ပျော်ရွှင်ခြင်းဆိုတာကို မသိသေးသူများလို့ သဘောထားကာ ပျော်ရွှင်ခြင်းအစစ်မှန်ဆိုတာ မိမိရဲ့အတွင်းစိတ်ထဲမှာသာရှိနေပြီး ဒါတွေကို လူတွေခံစားသိရှိနားလည်လာအောင် သူမအနေနဲ့ ကြိုးစားပြီးလမ်းညွှန် ပြောပြရမယ့် တာဝန်ရှိတယ်လို့ ခံယူထားကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေနဲ့ မအားလပ်ဖြစ်နေတဲ့ သရုပ်ဆောင်မော်ဒယ်သန္တာလှိုင် က ခင်ပွန်းဖြစ်သူနဲ့ လုပ်ငန်းခွင်ထဲမှာ တစ်ချိန်လုံးအတူရှိနေတဲ့ အတွက် တစ်ယောက်နဲ့တစ်ယောက် ခွဲခွာဖို့မလိုတော့ကြောင်း ပြောပြခဲ့ပါတယ်။
ကိုးကား − အိုေအစစ္
Photo – thandarhlaing FB

Credit:Search Myanmar