Zawgyi ျဖင့္ဖတ္ရန္

လူမင္း၊ ေနမ်ဳိးေအာင္၊ ေမသန္းစု၊ ေရႊအိမ္စည္ စတဲ့ သ႐ုပ္ေဆာင္မ်ားစြာလည္း ပါဝင္ပါတယ္။
သရုပ္ေဆာင္ ေမျမတ္ႏုိးက 25% ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ စီနီယာအႏုပညာရွင္ႀကီးေတြနဲ႔ အတူ ပါဝင္သရုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ မုိးတြင္းကာလျဖစ္တဲ့အတြက္ ရုိက္ဖုိ႔ က်န္ေနေသးတဲ့ ဇာတ္ဝင္ခန္းေတြကုိ ဒါရုိက္တာရဲ႕ ႀကိဳးစားအားထုတ္မႈ သရုပ္ေဆာင္ေတြ ရဲ႔ စည္းလုံးမႈေတြနဲ႔ ဆက္လက္ရုိက္ကူးျဖစ္ေနတယ္လုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

” အခုလက္တေလာမွာက 25% ဆုိတဲ့ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ေနတယ္။ ျမတ္ႏုိးပါတ့ဲ ဇာတ္ဝင္ခန္းက ၇၅ ရာခုိင္ႏႈန္းေလာက္ၿပီးသြားၿပီ။ က်န္တဲ့ ဇာတ္ဝင္ခန္းေတြကက်ေတာ့ အခုက မုိးရာသီလည္းျဖစ္ေနေတာ့ အျပင္မွာရုိက္ရမယ့္ ဇာတ္ဝင္ခန္းေတြက အမ်ားႀကီးက်န္ေသး တဲ့အတြက္ အခက္အခဲေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ဒါရုိက္တာ ကုိသားညီကေတာ့ အေကာင္းဆုံးႀကိဳးစားၿပီးေတာ့ ရုိက္ေနတယ္။ ပါဝင္ၾကတဲ့ သရုပ္ေဆာင္ေတြကလည္း သူတုိ႔ မအားတဲ့ၾကားက အခ်ိန္ေပးၿပီးေတာ့ ရုိက္ေနၾကတယ္” ဆုိၿပီးေတာ့ ဇြန္လ ၁၄ ရက္ေန႔က COACH ဆုိင္သစ္ ဖြင့္ပြဲကုိ တက္ေရာက္လာတဲ့ Media ေတြရဲ႕ အင္တာဗ်ဴးမွာ ေျပာခဲ့တာျဖစ္ပါတယ္။

25% ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ကာရုိက္တာ ၂ မ်ဳိးနဲ႔ ပါဝင္သရုပ္ေဆာင္ေနတဲ့ ေမျမတ္ႏုိးက အခက္အခဲေတြအမ်ားႀကီးရွိခဲ့ပါတယ္တဲ့။ ဒီ ကာရုိက္တာ ၂ မ်ဳိးအတြက္ ႀကိဳးစားရတာ ပင္ပန္းေပမယ့္ ဒါရုိက္တာနဲ႔အတူ ပါဝင္သရုပ္ေဆာင္တဲ့ စီနီယာေတြရဲ႕ သင္ၾကားေပးမႈ ေၾကာင့္ အဆင္ေျပခဲ့တယ္လုိ႔ ေျပာပါတယ္။

”ဒီဇာတ္ကားထဲမွာေတာ့ ျမတ္ႏုိးက ကာရုိက္တာ ၂ မ်ဳိးေျပာင္းျပရတာေပါ့ေနာ္။ လူကတစ္ေယာက္တည္းဆုိေပမယ့္ ကာရုိက္တာ ႏွစ္ခုကုိ ခ်ိန္းျပရတာဆုိေတာ့ အခက္အခဲေလးေတြရွိတယ္။ နည္းနည္းေလးေတာ့ ပင္ပန္းပါတယ္။ ဒါေပမယ့္ ဒါရုိက္တာရဲ႕ ႀကဳိးစားအားထုတ္မႈရယ္၊ က်န္တဲ့ Support လုပ္ေပးတဲ့ သူေတြရယ္ က ေသခ်ာေလး သင္ေပးတဲ့အတြက္ ျမတ္ႏုိးေတာ္ေတာ္ေလး သက္သာပါတယ္။ ပါဝင္ၾကတဲ့ သရုပ္ေဆာင္ေတြကလည္း မ်ားတယ္။ ၿပီးေတာ့ တစ္စုတစည္းတည္း ရုိက္ရမယ့္ ဇာတ္ဝင္ခန္းေတြကမ်ားေတာ့ ေသေသခ်ာခ်ာေလး စီစဥ္ရတယ္။ ဒီဇာတ္ကားေလးကေတာ့ အားလုံးရဲ႕ စည္းလုံးမႈေလးကုိ ေဖာ္ျပပါတယ္” လုိ႔ သူကဆုိပါတယ္။

25% ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဒါရုိက္တာ သားညီက ပုံေဖာ္ရုိက္ကူးထားတာ ျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အကယ္ဒမီလူမင္း၊ ေနမ်ဳိးေအာင္၊ ေနဆန္း၊ ထူးျခား၊ ထက္ေအာင္ရႈိင္း၊ ရုိရွန္း၊ ေအာင္မိုးဦး၊ ေက်ာ္နႏၵေအာင္၊ အကယ္ဒမီေမသန္းႏု၊ ဆုရႈိင္း၊ ခရစၥတီးနား၊ ေမျမတ္ႏုိး၊ ထားထက္ထက္၊ ေရႊအိမ္စည္နဲ႔ လီလီေက်ာ္ခုိင္တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ေနၾကတယ္လုိ႔ သိရပါတယ္။

Unicode ဖြင့်ဖတ်ရန်

လူမင်း၊ နေမျိုးအောင်၊ မေသန်းစု၊ ရွှေအိမ်စည် စတဲ့ သရုပ်ဆောင်များစွာလည်း ပါဝင်ပါတယ်။
သရုပ်ဆောင် မေမြတ်နိုးက 25% ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စီနီယာအနုပညာရှင်ကြီးတွေနဲ့ အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် ရိုက်ဖို့ ကျန်နေသေးတဲ့ ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာရဲ့ ကြိုးစားအားထုတ်မှု သရုပ်ဆောင်တွေ ရဲ့ စည်းလုံးမှုတွေနဲ့ ဆက်လက်ရိုက်ကူးဖြစ်နေတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

” အခုလက်တလောမှာက 25% ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေတယ်။ မြတ်နိုးပါတဲ့ ဇာတ်ဝင်ခန်းက ၇၅ ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတွေကကျတော့ အခုက မိုးရာသီလည်းဖြစ်နေတော့ အပြင်မှာရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေက အများကြီးကျန်သေး တဲ့အတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒါရိုက်တာ ကိုသားညီကတော့ အကောင်းဆုံးကြိုးစားပြီးတော့ ရိုက်နေတယ်။ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း သူတို့ မအားတဲ့ကြားက အချိန်ပေးပြီးတော့ ရိုက်နေကြတယ်” ဆိုပြီးတော့ ဇွန်လ ၁၄ ရက်နေ့က COACH ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်လာတဲ့ Media တွေရဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။

25% ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကာရိုက်တာ ၂ မျိုးနဲ့ ပါဝင်သရုပ်ဆောင်နေတဲ့ မေမြတ်နိုးက အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်တဲ့။ ဒီ ကာရိုက်တာ ၂ မျိုးအတွက် ကြိုးစားရတာ ပင်ပန်းပေမယ့် ဒါရိုက်တာနဲ့အတူ ပါဝင်သရုပ်ဆောင်တဲ့ စီနီယာတွေရဲ့ သင်ကြားပေးမှု ကြောင့် အဆင်ပြေခဲ့တယ်လို့ ပြောပါတယ်။

”ဒီဇာတ်ကားထဲမှာတော့ မြတ်နိုးက ကာရိုက်တာ ၂ မျိုးပြောင်းပြရတာပေါ့နော်။ လူကတစ်ယောက်တည်းဆိုပေမယ့် ကာရိုက်တာ နှစ်ခုကို ချိန်းပြရတာဆိုတော့ အခက်အခဲလေးတွေရှိတယ်။ နည်းနည်းလေးတော့ ပင်ပန်းပါတယ်။ ဒါပေမယ့် ဒါရိုက်တာရဲ့ ကြိုးစားအားထုတ်မှုရယ်၊ ကျန်တဲ့ Support လုပ်ပေးတဲ့ သူတွေရယ် က သေချာလေး သင်ပေးတဲ့အတွက် မြတ်နိုးတော်တော်လေး သက်သာပါတယ်။ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း များတယ်။ ပြီးတော့ တစ်စုတစည်းတည်း ရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေကများတော့ သေသေချာချာလေး စီစဉ်ရတယ်။ ဒီဇာတ်ကားလေးကတော့ အားလုံးရဲ့ စည်းလုံးမှုလေးကို ဖော်ပြပါတယ်” လို့ သူကဆိုပါတယ်။

25% ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီလူမင်း၊ နေမျိုးအောင်၊ နေဆန်း၊ ထူးခြား၊ ထက်အောင်ရှိုင်း၊ ရိုရှန်း၊ အောင်မိုးဦး၊ ကျော်နန္ဒအောင်၊ အကယ်ဒမီမေသန်းနု၊ ဆုရှိုင်း၊ ခရစ္စတီးနား၊ မေမြတ်နိုး၊ ထားထက်ထက်၊ ရွှေအိမ်စည်နဲ့ လီလီကျော်ခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
Credit:Duwun