ZawGyiျဖင့္ဖတ္ရန္

မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ အေမ့ကုိ ပိုၿပီးေတာ့ အေဖာ္ျပဳေပးျဖစ္တယ္။

အဆုိေတာ္အိမ့္ခ်စ္ကေတာ့ သူ႔ရဲ႕ အခ်စ္ဆုံးသူကို Duwun Media ကေန ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ အစ္ကုိတစ္ေယာက္၊ ေမာင္ေလး တစ္ေယာက္ ရွိတဲ့ အိမ့္ခ်စ္ကေတာ့ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ မိခင္ျဖစ္သူရဲ႕ ဘဝအေတြ႔ အၾကဳံအခက္အခဲေတြကို အနီးဆုံးျမင္ရတာျဖစ္တဲ့အတြက္ အေမ့ကုိ အခ်စ္ဆုံးပါလို႔ ဆုိပါတယ္။

” အရင္ကတည္းကေရာ၊ အခုေရာ၊ ေနာက္ေရာ အိမ့္ခ်စ္အခ်စ္ဆုံးကုိေျပာရင္ ဘက္လုိက္သလုိမ်ားျဖစ္ေနမလားေတာ့ မသိေပမယ့္ အေမ့ကုိ အခ်စ္ဆုံးပါပဲ။ ဘာေၾကာင့္လဲဆုိေတာ့ ငယ္ငယ္ကတည္းက အေဖထက္စာရင္ အေမနဲ႔ ပိုၿပီး နီးနီးကပ္ကပ္ေနခဲ့ရတယ္။ မ်ားေသာအားျဖင့္ကေတာ့ အေမနဲ႔က ပုိၿပီး နီးနီးကပ္ကပ္ေနခဲ့ၾကတာပါပဲ။ အေဖကက်ေတာ့ ခရီးသြားရတဲ့ အလုပ္ေတြကုိ လုပ္ေနခဲ့ တာက တစ္ေၾကာင္း၊ အျမဲတမ္းအလုပ္ေတြရႈပ္ေနတဲ့ အေဖတစ္ေယာက္လည္း ျဖစ္တဲ့အတြက္ေၾကာင့္ အေမနဲ႔ အျမဲတမ္းအနီးကပ္ ေနရတယ္။ မိဘႏွစ္ပါးရဲ႕ အိမ္ေထာင္ေရးအဆင္မေျပမႈေၾကာင့္ မိဘနွစ္ပါးက ခြဲခြာသြားရေပမယ့္ ေမာင္ႏွမေတြအကုန္လုံးက အေမ နဲ႔ေနၾကတယ္” လုိ႔ သူကဆုိပါတယ္။

သမီးမိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္ မိခင္အေပၚ က႐ုဏာစိတ္နဲ႔ပါ အရမ္းကုိခ်စ္ပါတယ္ဆုိတဲ့ အေၾကာင္းေလးေတြကုိလည္း ေျပာျပခဲ့ပါေသးတယ္။
Fan တစ္ေယာက္အေနနဲ႔ သူတုိ႔ကုိ အနီးကပ္ၾကည့္ခြင့္ရၿပီလုိ႔ ဆုိလုိက္တဲ့ ဖူးပြင့္သခင္: စီနီယာအႏုပညာရွင္ေတြနဲ႔ အတူ ပါဝင္္သရုပ္ေဆာင္သြားမယ့္ ဇာတ္ကားအေၾကာင္းေျပာျပခဲ့တာပါ။
Fan တစ္ေယာက္အေနနဲ႔ သူတုိ႔ကုိ အနီးကပ္ၾကည့္ခြင့္ရၿပီလုိ႔ ဆုိလုိက္တဲ့ ဖူးပြင့္သခင္
စီနီယာအႏုပညာရွင္ေတြနဲ႔ အတူ ပါဝင္္သရုပ္ေဆာင္သြားမယ့္ ဇာတ္ကားအေၾကာင္းေျပာျပခဲ့တာပါ။

” အိမ့္ခ်စ္မွာ အစ္ကုိတစ္ေယာက္၊ ေမာင္တစ္ေယာက္ရွိတယ္ သမီးမိန္းကေလးတစ္ေယာက္ပဲပါတယ္။ ကုိယ္ကမိန္းကေလးျဖစ္ေနတဲ့ အတြက္ အေမကုိ ပုိၿပီးေတာ့ အေဖာ္ျပဳေပးျဖစ္တယ္။ အေမနဲ႔အေဖာ္ျပဳၿပီးေတာ့ေနေလေလ မိန္းမသားတစ္ေယာက္ရဲ႕ ဒုကၡေတြ၊ ဘဝ အေတြ႔အႀကဳံေတြကုိ ျမင္ေလေလျဖစ္တဲ့အခါက်ေတာ့ အေမ့ကုိ အရမ္းခ်စ္တယ္။ အဓိက က ခ်စ္တယ္ဆုိတာက ကုိယ္က က႐ုဏာနဲ႔ ခ်စ္ေနမိတာေပါ့ေနာ္။ ငါ့ အေမက ပင္ပန္းခဲ့ပါလား၊ ငါ့အေမက ဒီေလာက္ ႀကီးအထိ လုပ္ေပးခဲ့ရပါလား၊ ငါ့အေမက စိတ္ဆင္းရဲမႈ ေတြနဲ႔ ျဖတ္သန္းခဲ့ရပါလား ဆုိတဲ့ ပုံစံမ်ဳိးေလးနဲ႔ေပါ့ေနာ္။ အဲ့ဒီအတြက္ အေမကုိ အရမ္းအခ်စ္ဆုံးပဲေပါ့” လုိ႔ Duwun ပရိသတ္ေတြ အတြက္ ရင္ဖြင့္စကားဆုိခဲ့ပါတယ္။

အိမ့္ခ်စ္ကေတာ့ အခုလက္ရွိမွာ ကုိယ္ပုိင္စီးပြားေရးတစ္ခုျဖစ္တဲ့ Emily By Eaint Chit ဆုိတဲ့ အမ်ဳိးသမီးဖက္ရွင္ဆုိင္ကုိလည္း ဦးစီး ေဆာင္ရြက္ေနသူတစ္ေယာက္ျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈအေနနဲ႔ အဆုိေတာ္ ဟဲေလးနဲ႔ အတူ သီဆုိထားတဲ့ ေခ်ာကလက္မႈိတက္ ဆုိတဲ့ သီခ်င္းေလးကုိလည္း မၾကာခင္က လႈမႈကြန္ယက္စာမ်က္နွာအေပၚမွာ မိတ္ဆက္ေပးခဲ့တာျဖစ္ၿပီး ပရိသတ္မ်ားစြာတုိ႔ရဲ႕ အားေပးမႈ ကုိ ရရွိခဲ့ပါေသးတယ္။

Unicodeဖြင့်ဖတ်ရန်

မေမေ့ကို ကရုဏာစိတ်နဲ့ အရမ်းချစ်တယ် ဆိုတဲ့ အိမ့်ချစ်

မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် အမေ့ကို ပိုပြီးတော့ အဖော်ပြုပေးဖြစ်တယ်။
အဆိုတော်အိမ့်ချစ်ကတော့ သူ့ရဲ့ အချစ်ဆုံးသူကို Duwun Media ကနေ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ အစ်ကိုတစ်ယောက်၊ မောင်လေး တစ်ယောက် ရှိတဲ့ အိမ့်ချစ်ကတော့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် မိခင်ဖြစ်သူရဲ့ ဘဝအတွေ့ အကြုံအခက်အခဲတွေကို အနီးဆုံးမြင်ရတာဖြစ်တဲ့အတွက် အမေ့ကို အချစ်ဆုံးပါလို့ ဆိုပါတယ်။

” အရင်ကတည်းကရော၊ အခုရော၊ နောက်ရော အိမ့်ချစ်အချစ်ဆုံးကိုပြောရင် ဘက်လိုက်သလိုများဖြစ်နေမလားတော့ မသိပေမယ့် အမေ့ကို အချစ်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ငယ်ငယ်ကတည်းက အဖေထက်စာရင် အမေနဲ့ ပိုပြီး နီးနီးကပ်ကပ်နေခဲ့ရတယ်။ များသောအားဖြင့်ကတော့ အမေနဲ့က ပိုပြီး နီးနီးကပ်ကပ်နေခဲ့ကြတာပါပဲ။ အဖေကကျတော့ ခရီးသွားရတဲ့ အလုပ်တွေကို လုပ်နေခဲ့ တာက တစ်ကြောင်း၊ အမြဲတမ်းအလုပ်တွေရှုပ်နေတဲ့ အဖေတစ်ယောက်လည်း ဖြစ်တဲ့အတွက်ကြောင့် အမေနဲ့ အမြဲတမ်းအနီးကပ် နေရတယ်။ မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် မိဘနှစ်ပါးက ခွဲခွာသွားရပေမယ့် မောင်နှမတွေအကုန်လုံးက အမေ နဲ့နေကြတယ်” လို့ သူကဆိုပါတယ်။

သမီးမိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် မိခင်အပေါ် ကရုဏာစိတ်နဲ့ပါ အရမ်းကိုချစ်ပါတယ်ဆိုတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။
Fan တစ်ယောက်အနေနဲ့ သူတို့ကို အနီးကပ်ကြည့်ခွင့်ရပြီလို့ ဆိုလိုက်တဲ့ ဖူးပွင့်သခင်: စီနီယာအနုပညာရှင်တွေနဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမယ့် ဇာတ်ကားအကြောင်းပြောပြခဲ့တာပါ။
Fan တစ်ယောက်အနေနဲ့ သူတို့ကို အနီးကပ်ကြည့်ခွင့်ရပြီလို့ ဆိုလိုက်တဲ့ ဖူးပွင့်သခင်
စီနီယာအနုပညာရှင်တွေနဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမယ့် ဇာတ်ကားအကြောင်းပြောပြခဲ့တာပါ။

” အိမ့်ချစ်မှာ အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက်ရှိတယ် သမီးမိန်းကလေးတစ်ယောက်ပဲပါတယ်။ ကိုယ်ကမိန်းကလေးဖြစ်နေတဲ့ အတွက် အမေကို ပိုပြီးတော့ အဖော်ပြုပေးဖြစ်တယ်။ အမေနဲ့အဖော်ပြုပြီးတော့နေလေလေ မိန်းမသားတစ်ယောက်ရဲ့ ဒုက္ခတွေ၊ ဘဝ အတွေ့အကြုံတွေကို မြင်လေလေဖြစ်တဲ့အခါကျတော့ အမေ့ကို အရမ်းချစ်တယ်။ အဓိက က ချစ်တယ်ဆိုတာက ကိုယ်က ကရုဏာနဲ့ ချစ်နေမိတာပေါ့နော်။ ငါ့ အမေက ပင်ပန်းခဲ့ပါလား၊ ငါ့အမေက ဒီလောက် ကြီးအထိ လုပ်ပေးခဲ့ရပါလား၊ ငါ့အမေက စိတ်ဆင်းရဲမှု တွေနဲ့ ဖြတ်သန်းခဲ့ရပါလား ဆိုတဲ့ ပုံစံမျိုးလေးနဲ့ပေါ့နော်။ အဲ့ဒီအတွက် အမေကို အရမ်းအချစ်ဆုံးပဲပေါ့” လို့ Duwun ပရိသတ်တွေ အတွက် ရင်ဖွင့်စကားဆိုခဲ့ပါတယ်။

အိမ့်ချစ်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ Emily By Eaint Chit ဆိုတဲ့ အမျိုးသမီးဖက်ရှင်ဆိုင်ကိုလည်း ဦးစီး ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုအနေနဲ့ အဆိုတော် ဟဲလေးနဲ့ အတူ သီဆိုထားတဲ့ ချောကလက်မှိုတက် ဆိုတဲ့ သီချင်းလေးကိုလည်း မကြာခင်က လှုမှုကွန်ယက်စာမျက်နှာအပေါ်မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ အားပေးမှု ကို ရရှိခဲ့ပါသေးတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘွတ်

Credit:Duwun