ZawGyiဖြင့်ဖတ်ရန်



“ဖေဖေကပြောတယ်




အတူတူပါပဲလေ





UniCodeဖြင့်ဖတ်ရန်

ဖခင်ပြောပြခဲ့တဲ့စကားကို လက်တွေ့ကြုံမှ နားလည်သွားတဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်အချစ်တော်သရုပ်ဆောင်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကိုအားလုံးချစ်မယ်ထင်ပါတယ်။ လက်ရှိအချိန်အထိ လူပျိုကြီးရာထူးကို ပိုင်ဆိုင်ထားပြီး နှုတခမ်းနီမလေးများစွာရဲ့ အသည်းကျော်တစ်ဦးပဲဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ မကြာခနသူ့ရဲ့ ခံစားချက်နှင့် တေးသီချင်းများစွာကို ချစ်ပရိသတ်တွေဆီ ချပြလေ့ရှိတာတွေ့ရပါတယ်။

ဒီကနေ့ စိုင်းစိုင်းရဲ့ လူမှုစာမျက်နှာပေါ်တွင် ဖခင်ဖြစ်သူရဲ့ စကားသံလေးကို လက်တွေ့ကြုံခဲ့ကြောင်း ပြောပြထားတာတွေ့ရပါတယ်။ အဆိုပါ စိုင်းစိုင်းရဲ့စာသားလေးကတော့

“ဖေဖေကပြောတယ်

တစ်ခွက်သောက်ရင် ဆေးဖြစ်တယ်

နှစ်ခွက်သောက်ရင် ဘေးဖြစ်တယ်

သုံးခွက်သောက်ရင် ခွေးဖြစ်တယ်တဲ့

အတူတူပါပဲလေ

ရိုးရိုးလေးချစ်ရင် ဆေးဖြစ်တယ်

အရမ်းအရမ်းချစ်ရင် ဘေးဖြစ်တယ်

ငါဒီမှာ အလှူလို သေမတတ်ချစ်တော့ ခွေးဖြစ်တယ်” ဟူ၍ ပြောပြထားတာပဲဖြစ်ပါတယ်။

အချစ်ရဲ့ အဓိပ္ပါယ်ကို ဖခင်ပြောပြခဲ့တဲ့ အရက်သောက်ခြင်း သဘောတရားလေးနဲ့ ရှင်လင်းပြခဲ့တဲ့ စိုင်းစိုင်းရဲ့ စာသားလေးတွေ ပရိသတ်များစွာ ရီမော သဘောကျခဲ့တာတွေ့ရပါတယ်။ ပရိသတ်အချစ်တော် လူပျိုကြီးစိုင်းစိုင်းရဲ့ ဒီကနေ့ အချစ်အဓိပ္ပါယ် စာသားလေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos – Sai Sai

Credit : myanmarload.com