ZawGyiဖြင့်ဖတ်ရန်
ပုတီး စိပ်နည်း
ပါရမီ (၁၀) ပါး
စွန့်ခြင်း (၅) ပါး
စရိယ (၃) ပါး
ဉာဏ်တော် (၃)ပါး
မာရ် (၅) ပါး
စိန္တိ တံ သတ္တသင်္ချေယျံ …. နဝ သင်္ချေယျ ဝါစကံ …..ကာယ ဝါစံ စတုချာတံ ….ဗုဒ္ဓတ္တံ သမုပါဂမိ (တစ်ပါး ပုတီး တစ်လုံးချ ၄ လုံး )
UniCodeဖြင့်ဖတ်ရန်
နတ်ဒေဝါ နှင့် ဝိဇ္ဇာ အပေါင်း တို့ စောင့်ရှောက်မှုကို ခံယူရရှိနိုင်သော ပုတီးစိပ်နည်း
ဤပုတီးစိပ်နည်း သည် တွေ့ရခဲ သော ပုတီး စိပ်နည်းဖြစ်သည် ။ ပြု့ ကျင့် ရန်လည်း လွယ်ကူ သည်။နေ့စဉ် အာစိဏ္ဏကံ ပြု့၍ သော် ၎င်း အကြောင်း ကြီးငယ် ရှိပါက အထူး အဓိဋ္ဌာန် တင်၍သော် ၎င်း ကျင့် ကြံအားထုပ်နိုင်ပါသည်။
ယခု့ ပုတီးစိပ်တွင် ပါရှိသော ပါရမီ (၁၀) ပါးစွန့်ခြင်း (၅) ပါး စရိယ (၃) သွယ် ဉာဏ်တော် (၃) ဆူစသည့် ဂုဏ်တော် များ သည် အမြဲ သိရှိ နှလုံး သွင်းသင့်သော အရာ များ ဖြစ်ပေသည် ။စေတီ ပုထိုး များ တွင် စိပ် မည် ဆိုပါက ” မြောက် ဘက်မုဒ် ” မှ စိပ် လျှင် ဝိဇ္ဇာ များ ၏ ကူညီ စောင့် ရှောက် မှု့ကိုရရှိ မည် ဖြစ် ကြောင်း အဘိုးကလေးဝ ဆရာတော် ကြီး
မိန့် ကြား ခဲ့ ဘူး ပါ သည် ။
မည်သည့် နေ့သား မဆို မိမိမွေးနံ ဂြိုလ်သက် နှင့်အညီပုတီး ပတ်စိပ်ရပါမည် ။
ဗျည်း (၃၃) လုံး တွင် ဘုရား မပွင့် ဘူး သည့် အက္ခရာတစ် လုံး မှ မရှိပါ ။ဒါကြောင့် ဗျည်းစာ တစ် လုံး ဘုရားတစ်ဆူ ဟု့ အာရုံပြု့ရပါ မည် ။မည်သည့် ဘုရား စေတီ တွင် မဆို မြောက် ဘက်မုဒ်မြောက် အရပ် မှ မိမိ ဂြိုလ်သက် အပြည့် စိပ်ရပါမည်။
အထက်ပါ ပါရမီ ဆယ်ပါး အစရှိသော ပုတီးစိပ် နှင့်ဝိဇ္ဇာ များ နှင့် တွေ့ရမည် ဆိုသော အမှာ အတိုင်းရွှေတိဂုံ စေတီတော်ကြီး တွင် တနှစ်တာ အချိန်ယူ ၍အဓိဋ္ဌာန် ပြု့ အားထုပ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့သည်။၎င်း ပုဂ္ဂိုလ် ကပင် အဘိုးကလေးဝ ဆရာတော်ကြီး သို့” ဝိဇ္ဇာ များ သိဒ္ဓိပေါက် ပုဂ္ဂိုလ် များ နှင့် အခု့ အခါ တွေ့လို့ ရပါသလား ။ တကယ် ကော ရှိနေပါသလား ဘုရား”ဟု့ လျှောက် ထား ခဲ့ ဘူး သည် ။
အဘိုး ဆရာတော်ကြီး က ” ဒကာတော်ကြီး တကယ်တွေ့လို လျှင် ရွှေတိဂုံ သို့ တစ်နှစ် ဝတ်မပျက် အဓိဋ္ဌာန်ယူပါ ။ တွေ့ ရပါ လိမ့် မယ် ။ ” ဟု့ အမိန့် ရှိခဲ့ သည့်အတွက် ” မပျက် မကွက် ” သွား ရောက် အဓိဋ္ဌာန် အားထုပ် ခဲ့ ရာ တကယ် ပင် ပထမံအဘ နှင့် တွေ့ရပြီးအစောင့် အရှောက် ကို ကောင်း စွာ ခံစားရပါသည်။
ပုတီး စိပ်နည်း
နမောတဿ ဘဂဝတော အရဟတော သမ္မာ-သမ္ဗုဒ္ဓဿ ။ ပုတီး (၃) လုံး
ပါရမီ (၁၀) ပါး
ဒါနပါရမီ … သီလပါရမီ …နိက္ခမပါရမီ….ပညာပါရမီ ….ဝီရိယပါရမီ…. ခန္တီပါရမီ…. သစ္စာပါရမီ… အဓိဋ္ဌာန် …..ပါရမီ… မေတ္တာပါရမီ… ဥပေက္ခာ ပါရမီ။
တစ်ပါး တစ် လုံးချ ပုတီး (၁၀) လုံး
စွန့်ခြင်း (၅) ပါး
ဓနပရိစ္စာဂ …. ပု တ္တပရိစ္စာဂ…. ဘရိယ ပရိစ္စာဂ ….အင်္ဂ ပရိစ္စာဂ….. ဇီဝိတ ပရိစ္စာဂ …
တစ်ပါး တစ် လုံး ချ ပုတီး (၅) လုံး
စရိယ (၃) ပါး
လောကတ္တစရိယ…. ညာတတ္ထစရိယ… ဗုဒ္ဓတ္တစရိယ တစ်ပါးတစ်လုံးချ ပုတီး (၃) လုံး
ဉာဏ်တော် (၃)ပါး
ပုဗ္ဗေနိဝါသာ နုဿတိ…… ဒိဗ္ဗစက္ခု … အာသဝက္ခယ …တစ်ပါး တစ်လုံးချ ပုတီး (၃) လုံး
မာရ် (၅) ပါး
ဒေဝပုတ္တမာရ်…. ကိလေသ မာရ်…. ခန္ဓ မာရ်မစ္စုမာရ် …. အဘိသင်္ခါရမာရ် …. တစ်ပါး တစ်လုံးချ ပုတီး (၅) လုံး
စိန္တိ တံ သတ္တသင်္ချေယံျ …. နဝ သင်္ချေယျ ဝါစကံ …..ကာယ ဝါစံ စတုချာတံ ….ဗုဒ္ဓတ္တံ သမုပါဂမိ (တစ်ပါး ပုတီး တစ်လုံးချ ၄ လုံး )
ဟေတုပစ္စယော …. မှ အဝိဂတ ပစ္စယော တပါး ….တစ် လုံး ချ (၂၄) လုံး
န…မော…ဗု…. ဒ္ဓါ….. ယျ….သိ….ဒ္ဓိ …. တပါး တစ်လုံး ချ (၇) လုံး
အ…အာ…ဣ….ဤ…..ဥ….ဦ…..ဧ….,သြ ….တပါး တစ် လုံး ချ (၈) လုံး
ဗျည်း (၃၃) လုံး တစ်ပါး တလုံး ချ (၃၃) လုံး
အနိစ္စ…. ဒုက္ခ…. အနတ္တ တပါး တစ်လုံးချ …(၃) လုံးပုတီး (၁၀၈) လုံး အံကိုက် ဖြစ်ပါသည်။
မိမိ မွေး နေ့ ဂြိုလ်သက် အလိုက် စိပ်ရပါမည်။
ဥပမာ…. တနင်္ဂနွေ သား သမီး ဖြစ်ပါက ပုတီး(၆) ပတ် ဖြစ်ပါသည် ။
Credit :original uploader