Zawgyiျဖင့္ဖတ္ရန္

စိတ္တန္ခိုးပညာရွင္အျဖစ္ နာမည္ေက်ာ္ေနတဲ့ ေရွ႕ျဖစ္ေဟာဆရာမေလး Lyndsay Edwards ဟာ ေျခာက္ျခားဖြယ္ရာ ေဟာကိန္းေတြကို ဒက္ထိမွန္ေအာင္ ေဟာႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး၊ သူမရဲ႕ နယ္ပယ္မွာေတာ့ ဧကဝစနဆရာမႀကီးလို႔ ဆိုပါတယ္။ တစ္ခြန္းဆိုတစ္ခြန္း မွန္လြန္းလို႔ ဒီလိုတင္စားၾကတာပါ။

သူမဟာ မၾကာေသးမီက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ လုပ္ႀကံခံရမည္လို႔ ေဟာကိန္းထုတ္ခဲ့သလို၊ အခုရက္ပိုင္းမွာ ေဟာ့ေနတဲ့ မင္းသားဟယ္ရီနဲ႔ ၾကင္ယာေတာ္ မီဂန္တို႔ စုံတြဲဟာလည္း လက္ထပ္ပြဲမက်င္းပခင္မွာတင္ ခြာၿပဲၾကမယ္လို႔ ေဟာခဲ့ပါတယ္။ အဲ့လိုခြာၿပဲၾကၿပီးမွ မင္းဟားဟယ္ရီဟာ သူရဲ႕ ၾကင္ယာဖက္ကို ေတြ႕မယ္လို႔လည္း ဆိုထားပါတယ္။

အေမရိကန္သမၼတ ထရမ့္ကေတာ့ ရန္သူတစ္စုံတစ္ေယာက္ရဲ႕ လုပ္ႀကံခံႏိုင္ရၿပီး၊ သားျဖစ္သူ Donald Jr ကေတာ့ ေသခ်ာေပါက္ တရားရင္ဆိုင္ရင္းနဲ႔ ဘဝကို ျဖတ္သန္းရလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။ Lyndsay ေဟာခဲ့တဲ့အခ်က္ေတြထဲက ထင္ရွားတဲ့အခ်က္အခ်ိဳ႕နဲ႔ မွန္ကန္ခဲ့တဲ့အခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

အမ်ိဳးသမီးနဲ႔ ကေလးေတြ အၾကမ္းဖက္တိုက္ခိုက္မႈမွာ ပစ္မွတ္ျဖစ္ႏိုင္။ (မွန္)
ထရီဇာေမ အေထြေထြေ႐ြးေကာက္ပြဲ အႏိုင္ရမည္။ (မွန္)
အေမရိကန္ ဂီတပြဲတစ္ခုမွာ ႀကီးမားတဲ့ အၾကမ္းဖက္ခံရမႈ ႀကဳံရမည္။ (မွန္)
မင္သားဟယ္ရီနဲ႔ မီဂန္တို႔ လက္ထပ္ဖို႔ အျပန္အလွန္သေဘာတူညီမႈရမည္။ November/December မွာ လက္ထပ္ဖို႔စီစဥ္ႏိုင္။ (မွန္) သို႔ရာတြင္ မဂၤလာမေဆာင္ခင္ခြာၿပဲၾကမည္ျဖစ္ၿပီး မၾကာမွီမွာ ဟယ္ရီတေယာက္ ၾကင္ယာအစစ္ကို ရွာေတြ႕မည္။ (ျဖစ္မလာေသး)

ေျမာက္ကိုရီးယားေခါင္းေဆာင္က စစ္ေၾကျငာမည္၊ နယူကလီးယာလက္နက္ျဖင့္ တိုက္သြားမည္ဟု ၿခိမ္းေျခာက္မည္။ (မွန္)
လန္ဒန္ၿမိဳ႕လည္ Westminster ကို ေလယာဥ္ပ်က္က်မည္၊ (သို႔မဟုတ္) ေလယာဥ္ဗုံးက်ဲခံရမည္။ (ျဖစ္မလာေသး)
ေဒၚနယ္ထရမ့္လက္က်ိဳးမည္၊ သူ႔ရဲ႕႐ုံးခန္းထဲမွာ ႐ုရွားက အေမရိကန္ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ေႏွာက္ယွက္ခဲ့သည့္ သက္ေသအခိုင္အမာ ေတြ႕ရွိမည္ျဖစ္ၿပီး၊ တရားစြဲဆိုခံရမည္။ ဒါေပမယ့္ တရားရင္ဆိုင္ျခင္း မျပဳမီ အလုပ္ႀကံခံရမည္ျဖစ္ၿပီး သူ႔သားကေတာ့ တရားဆက္လက္ရင္ဆိုင္ရမည္။ (ျဖစ္မလာေသး)
Justin Bieber ၾသဂုတ္လအတြင္း အခ်စ္ႏွင့္ျပန္ေတြ႕မည္ျဖစ္ၿပီး ေအာက္တိုဘာလအတြင္း သူတို႔ခ်စ္သူ(၂)ဦးရဲ႕ပုံေတြ မီဒီယာေတြမွာ ပ်ံ႕ႏွံ႔မည္။ (မွန္)
Justin Bieber တစ္ေယာက္ ၂၀၁၈ ခုႏွစ္အတြင္း Selena Gomez ကို လက္ထပ္ခြင့္ေတာင္းမည္။ (ျဖစ္မလာေသး)
ISIS တို႔ အီတလီႏိုင္ငံကို ပစ္မွတ္ထားတိုက္ခိုက္မည္။ (ျဖစ္မလာေသး)
ISIS မ်ားကိုတိုက္ခိုက္ရန္ ႏူကလီးယားလက္နက္မ်ား အသုံးျပဳမည္။ (ျဖစ္မလာေသး)

UniCodeဖြင့်ဖတ်ရန်

ထရမ့်လုပ်ကြံခံရမည်၊ ဟယ်ရီမင်းသားတို့ စုံတွဲကွဲမည်ဟုဟောခဲ့သည့် ရှေ့ဖြစ်ဟောဆရာမ

စိတ်တန်ခိုးပညာရှင်အဖြစ် နာမည်ကျော်နေတဲ့ ရှေ့ဖြစ်ဟောဆရာမလေး Lyndsay Edwards ဟာ ခြောက်ခြားဖွယ်ရာ ဟောကိန်းတွေကို ဒက်ထိမှန်အောင် ဟောနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး၊ သူမရဲ့ နယ်ပယ်မှာတော့ ဧကဝစနဆရာမကြီးလို့ ဆိုပါတယ်။ တစ်ခွန်းဆိုတစ်ခွန်း မှန်လွန်းလို့ ဒီလိုတင်စားကြတာပါ။

သူမဟာ မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လုပ်ကြံခံရမည်လို့ ဟောကိန်းထုတ်ခဲ့သလို၊ အခုရက်ပိုင်းမှာ ဟော့နေတဲ့ မင်းသားဟယ်ရီနဲ့ ကြင်ယာတော် မီဂန်တို့ စုံတွဲဟာလည်း လက်ထပ်ပွဲမကျင်းပခင်မှာတင် ခွာပြဲကြမယ်လို့ ဟောခဲ့ပါတယ်။ အဲ့လိုခွာပြဲကြပြီးမှ မင်းဟားဟယ်ရီဟာ သူရဲ့ ကြင်ယာဖက်ကို တွေ့မယ်လို့လည်း ဆိုထားပါတယ်။

အမေရိကန်သမ္မတ ထရမ့်ကတော့ ရန်သူတစ်စုံတစ်ယောက်ရဲ့ လုပ်ကြံခံနိုင်ရပြီး၊ သားဖြစ်သူ Donald Jr ကတော့ သေချာပေါက် တရားရင်ဆိုင်ရင်းနဲ့ ဘဝကို ဖြတ်သန်းရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ Lyndsay ဟောခဲ့တဲ့အချက်တွေထဲက ထင်ရှားတဲ့အချက်အချို့နဲ့ မှန်ကန်ခဲ့တဲ့အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပစ်မှတ်ဖြစ်နိုင်။ (မှန်)
ထရီဇာမေ အထွေထွေရွေးကောက်ပွဲ အနိုင်ရမည်။ (မှန်)
အမေရိကန် ဂီတပွဲတစ်ခုမှာ ကြီးမားတဲ့ အကြမ်းဖက်ခံရမှု ကြုံရမည်။ (မှန်)
မင်သားဟယ်ရီနဲ့ မီဂန်တို့ လက်ထပ်ဖို့ အပြန်အလှန်သဘောတူညီမှုရမည်။ November/December မှာ လက်ထပ်ဖို့စီစဉ်နိုင်။ (မှန်) သို့ရာတွင် မင်္ဂလာမဆောင်ခင်ခွာပြဲကြမည်ဖြစ်ပြီး မကြာမှီမှာ ဟယ်ရီတယောက် ကြင်ယာအစစ်ကို ရှာတွေ့မည်။ (ဖြစ်မလာသေး)

မြောက်ကိုရီးယားခေါင်းဆောင်က စစ်ကြေငြာမည်၊ နယူကလီးယာလက်နက်ဖြင့် တိုက်သွားမည်ဟု ခြိမ်းခြောက်မည်။ (မှန်)
လန်ဒန်မြို့လည် Westminster ကို လေယာဉ်ပျက်ကျမည်၊ (သို့မဟုတ်) လေယာဉ်ဗုံးကျဲခံရမည်။ (ဖြစ်မလာသေး)
ဒေါ်နယ်ထရမ့်လက်ကျိုးမည်၊ သူ့ရဲ့ရုံးခန်းထဲမှာ ရုရှားက အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်နှောက်ယှက်ခဲ့သည့် သက်သေအခိုင်အမာ တွေ့ရှိမည်ဖြစ်ပြီး၊ တရားစွဲဆိုခံရမည်။ ဒါပေမယ့် တရားရင်ဆိုင်ခြင်း မပြုမီ အလုပ်ကြံခံရမည်ဖြစ်ပြီး သူ့သားကတော့ တရားဆက်လက်ရင်ဆိုင်ရမည်။ (ဖြစ်မလာသေး)
Justin Bieber သြဂုတ်လအတွင်း အချစ်နှင့်ပြန်တွေ့မည်ဖြစ်ပြီး အောက်တိုဘာလအတွင်း သူတို့ချစ်သူ(၂)ဦးရဲ့ပုံတွေ မီဒီယာတွေမှာ ပျံ့နှံ့မည်။ (မှန်)
Justin Bieber တစ်ယောက် ၂၀၁၈ ခုနှစ်အတွင်း Selena Gomez ကို လက်ထပ်ခွင့်တောင်းမည်။ (ဖြစ်မလာသေး)
ISIS တို့ အီတလီနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်မည်။ (ဖြစ်မလာသေး)
ISIS များကိုတိုက်ခိုက်ရန် နူကလီးယားလက်နက်များ အသုံးပြုမည်။ (ဖြစ်မလာသေး)

Credit:နတ်စည်တော် (Shwemmom)

Credit: shwemom.com