Zawgyiျဖင့္ဖတ္ရန္

ဂ်ပန္ႏိုင္ငံ ယူနီဗာဆယ္လ္စတူဒီယို အပန္းေျဖကစားကြင္းက အႀကီးစား ႐ိုလာကိုစတာတစ္စင္း စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ သြားေနရင္းက ရပ္တန႔္သြားခဲ့ရာ အျမင့္ေပ ၁၀၀ ေလာက္မွာ လူစီးတြဲမ်ားအားလုံး ေဇာက္ထိုး အေနအထားနဲ႔ စီးနင္းလိုက္ပါသူ ၆၄ ဦးစလုံး ေလထဲမွာ ေျခလြတ္လက္လြတ္နဲ႔ ၂ နာရီေက်ာ္ၾကာျမင့္ခဲ့ပါတယ္။
ေျမျပင္မွာ က်န္ရစ္တဲ့ မိသားစုေတြ အားလုံးလည္း စိုးရိမ္ေသာက ျဖစ္ခဲ့ၾကရပါတယ္။

ဂ်ဴရက္ဆစ္႐ုပ္ရွင္ဇာတ္ကားကို မွီျငမ္းေဆာက္လုပ္ထားတဲ့ ဒိုင္ႏိုေဆာ႐ိုလာကိုစတာကို ၂၀၁၆ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့တာပါ။ ခရီးအရွာ္ ၁၁၂၀ မီတာရွိၿပီး အျမင့္ဆုံးေနရာက ေျမျပင္ကေန ၃၇ မီတာ ျမင့္ပါတယ္။
႐ိုလာကိုစတာ ခ်ိဳ႕ယြင္းမႈေၾကာင့္ ႐ုပ္တရက္ မိုးေပၚမွာ ရပ္ေနခဲ့တာျဖစ္ပါတယ္။ ေဘးအႏၲရာယ္ကင္းရွင္းေရး တာဝန္ရွိသူေတြက ႐ိုလာကိုစတာရဲ႕ အေရးေပၚ ေလွာကားကေန အေပၚကို သြားေရာက္ခဲ့ၿပီး လူတစ္ဦးျခင္းစီကို ေဘးအႏၲရာယ္ကင္းစြာနဲ႔ ကယ္တင္ႏိုင္ခဲ့ပါတယ္။

ျဖစ္စဥ္အတြက္ ယူနီဗာဆယ္လ္စတူဒီယို(ဂ်ပန္)က အားလုံးကို ေတာင္းပန္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ အခုလို ႐ိုလာကိုစတာ ခ်ိဳ႕ယြင္းရပ္ဆိုင္းသြားခဲ့ေပမယ့္လည္း လာေရာက္လည္ပတ္သူေတြက တုန္လႈပ္ေျခာက္ျခား စိုးရိမ္မႈမရွိပဲ အျခားေသာ ကစားစရာ၊ စီးနင္းစရာေတြကို ပုံမွန္အတိုင္း တန္းစီလွ်က္ ေစာင့္ဆိုင္းေနၾကေၾကာင္း သိရွိရသည္။

UniCodeဖြင့်ဖတ်ရန်

စက်ချို့ယွင်းမှုကြောင့် လူအပြည့်ပါ ရိုလာကိုစတာတွဲဆိုင်းများ ပေ ၁၀၀ အမြင့်တွင် ၂ နာရီကြာ စောက်ထိုးဖြစ်
ဂျပန်နိုင်ငံ ယူနီဗာဆယ်လ်စတူဒီယို အပန်းဖြေကစားကွင်းက အကြီးစား ရိုလာကိုစတာတစ်စင်း စက်ချို့ယွင်းမှုကြောင့် သွားနေရင်းက

ရပ်တန့်သွားခဲ့ရာ အမြင့်ပေ ၁၀၀ လောက်မှာ လူစီးတွဲများအားလုံး ဇောက်ထိုး အနေအထားနဲ့ စီးနင်းလိုက်ပါသူ ၆၄ ဦးစလုံး လေထဲမှာ ခြေလွတ်လက်လွတ်နဲ့ ၂ နာရီကျော်ကြာမြင့်ခဲ့ပါတယ်။
မြေပြင်မှာ ကျန်ရစ်တဲ့ မိသားစုတွေ အားလုံးလည်း စိုးရိမ်သောက ဖြစ်ခဲ့ကြရပါတယ်။

ဂျူရက်ဆစ်ရုပ်ရှင်ဇာတ်ကားကို မှီငြမ်းဆောက်လုပ်ထားတဲ့ ဒိုင်နိုဆောရိုလာကိုစတာကို ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။ ခရီးအရှာ် ၁၁၂၀ မီတာရှိပြီး အမြင့်ဆုံးနေရာက မြေပြင်ကနေ ၃၇ မီတာ မြင့်ပါတယ်။
ရိုလာကိုစတာ ချို့ယွင်းမှုကြောင့် ရုပ်တရက် မိုးပေါ်မှာ ရပ်နေခဲ့တာဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူတွေက ရိုလာကိုစတာရဲ့ အရေးပေါ် လှောကားကနေ အပေါ်ကို သွားရောက်ခဲ့ပြီး လူတစ်ဦးခြင်းစီကို ဘေးအန္တရာယ်ကင်းစွာနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။

ဖြစ်စဉ်အတွက် ယူနီဗာဆယ်လ်စတူဒီယို(ဂျပန်)က အားလုံးကို တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။ အခုလို ရိုလာကိုစတာ ချို့ယွင်းရပ်ဆိုင်းသွားခဲ့ပေမယ့်လည်း လာရောက်လည်ပတ်သူတွေက တုန်လှုပ်ခြောက်ခြား စိုးရိမ်မှုမရှိပဲ အခြားသော ကစားစရာ၊ စီးနင်းစရာတွေကို ပုံမှန်အတိုင်း တန်းစီလျှက် စောင့်ဆိုင်းနေကြကြောင်း သိရှိရသည်။

Credit:Popolay