ZawGyiဖြင့်ဖတ်ရန်





UniCodeဖြင့်ဖတ်ရန်

မြန်မာအိုင်ဒေါကို နှုတ်ဆက်ထွက်ခွာလိုက်ရတဲ့ နန်းရွှေရည်နဲ့ နော်ဂျက်

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ ဒုတိယမြောက် Result Show မှာတော့ ပြိုင်ပွဲဝင် နန်းရွှေရည်နဲ့ နော်ဂျက်တို့နှစ်ယောက် စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ထွက်ခွာလိုက်ရပါတယ်။

အမှားအယွင်း အနည်းဆုံး သီဆိုနိုင်ခဲ့ကြသော်လည်း မြန်မာအိုင်ဒေါရဲ့ ဗုတ်တင်စနစ်အရ ဝမ်းနည်းစွာ နှုတ်ဆက်ထွက်ခွာလိုက်ကြရတာပဲ ဖြစ်ပါတယ်။

နန်းရွှေရည်က အရင်ပတ်တည်းက သူမကိုယ်သူမ ဖန်နည်းတယ်ဆိုပြီး စိတ်အားငယ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း သီချင်းတွေကိုတော့ အကောင်းဆုံးသီဆိုနိုင်ခဲ့သူပါ။

နော်ဂျက်ကလည်း အပြစ်အနည်းဆုံးဆိုနိုင်ခဲ့ပေမယ့် ပရိတ်သတ်ရဲ့ ဗုတ်တွေကို မသိမ်းပိုက်နိုင်ခဲ့ပဲ ဗုတ်တင်စနစ်ကြောင့် မြန်မာအိုင်ဒေါကနေ ထွက်ခွာခဲ့ရပါတယ်။

Credit:Burmese Asia