ZawGyiဖြင့်ဖတ်ရန်







UniCodeဖြင့်ဖတ်ရန်

World Cup မှာ စိန်လက်စွပ်ကြီးကို ထုတ်ပြလိုက်တဲ့ Ronaldo ရဲ့ ချစ်သူ

Cristiano Ronaldo ရဲ့ ချစ်သူ Georgina Rodriguez ကတော့ အပြင်မှာ ထွက်ပေါ်နေတဲ့ သူတို့နှစ်ဦးရဲ့ စေ့စပ် သတင်း ကောလာဟလကို ပိုပြီး ကြီးထွားလာအောင် လုပ်လိုက်ပါတယ်။ တစ်ဖက်မှာလည်း ဒီသတင်းကို အတည်ပြု လိုက်ပုံရပါတယ်။ စေ့စပ်လိုက်ပြီလို့ သတင်းတွေ ထွက်နေချိန်မှာပဲ သူမက World Cup ပွဲကို စိန်လက်စွပ်ကြီး တရမ်းရမ်း တခါခါနဲ့ ရောက်လာခဲ့တာပါ။

အသက်(၂၄)နှစ်ပဲ ရှိသေးတဲ့ Georgina Rodriguez ကတော့ သူမရဲ့ ချစ်သူ၊ ကလေး(၂)ယောက်ရဲ့ ဖေဖေ Cristiano Ronaldo ကို လာပြီး အားပေးခဲ့ပါတယ်။ ပေါ်တူဂီက မော်ရိုကို ကို (၁-ဝ) နဲ့ အနိုင်ရခဲ့ပါတယ်။

Ronaldo ဟာ မတူတဲ့ မိခင်နှစ်ယောက်နဲ့ ကလေး (၂)ယောက်၊ Georgina နဲ့ အမြွှာလေး (၂) ယောက် ရှိပါတယ်။ သူတို့နှစ်ဦးဟာ Madrid ရှိ နေအိမ်မှာ အတူတကွ နေထိုင်ကြတာပါ။အခုသူမ ဆင်မြန်းထားတဲ့ လက်စွပ်ရဲ့ တန် ဖိုး ကတော့ ပေါင် (၆၁၅,၀၀၀) လောက်ရှိပြီး Ronaldo က ဒီလက်စွပ်ကို ပြီးခဲ့တဲ့ လကမှ ဝယ်ယူခဲ့တာပါ။

အသက် (၃၃) နှစ်အရွယ် ဘောလုံးသမား Ronaldo ကတော့ ရုရှားမှာ ကျင်းပနေတဲ့ World Cup ပြိုင်ပွဲမှာ လက်ရှိအချိန်ထိ (၄)ဂိုး သွင်းထားသူပါ။ ပြီးခဲ့တဲ့လကမှ Champions League ဖလားကို (၅)ကြိမ်မြောက် Real Madrid နဲ့အတူ အောင်ပွဲ ဆင်ထားသူပါ။

Georgina ကတော့ သူမက စပိန်လူမျိုးဖြစ်ပေမယ့် Cristiano Ronaldo ရဲ့ နံပါတ် (၇) ကို ရှေ့ရော နောက်ပါ ရေးထိုးထားတဲ့ ပေါ်တူဂီဂျာစီအကျီင်္ကို ဝတ်ဆင်ထားပါတယ်။လွန်ခဲ့တဲ့ ရက်အနည်း ငယ်က သူမဟာ အီတလီ Milan ဖက်ရှင် ရှိုးကို သွားရောက်ခဲ့သလို Madrid မှာ ကျင်းပတဲ့ World Cup pool part မှာလည်း ဓါတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

သူမဟာ မကြာခဏ ဆိုသလို Cristiano Jr လေး၊ကျန်ကလေး (၃) ယောက်နဲ့ အတူ ခရီးသွား လေ့ရှိပါတယ်။ ဒါပေမယ့် တချို့အချိန်တွေမှာ Cristiano Ronaldo ကို အားပေးဖို့ တစ်ကိုယ်တော်သွားလာတာမျိုးလည်း ရှိပါတယ်။

Source thesun

Credit:Burmese Asia