ZawGyiျဖင့္ဖတ္ရန္

အိႏၵိယႏိုင္ငံ သီ႐ူဗယ္လာခ႐ိုင္မွာရွိတဲ့ အစိုးရေက်ာင္းတစ္ေက်ာင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာတစ္ေယာက္ဟာ ေက်ာင္းေျပာင္းမိန႔္ က်လာတာေၾကာင့္ ေက်ာင္းသူေက်ာင္းသားေတြဟာ ဆရာကိုဖက္တြယ္ၿပီး ေက်ာင္းမေျပာင္းဖို႔ တားျမစ္ခဲ့ၾကပါတယ္။ ေက်ာင္းသားတိုင္းခ်စ္ၾကတဲ့ ဆရာကေတာ့ အသက္(၂၈)ႏွစ္အ႐ြယ္ ဂ်ီဘဂဝမ္းဆိုသူ အဂၤလိပ္စာသင္ျပတဲ့ဆရာတစ္ဦးျဖစ္ပါတယ္။

ဓာတ္ပုံေတြထဲမွာေတာ့ မီးခိုးေရာင္အက်ၤ ီနဲ႔ ေဘာင္းဘီဝတ္ဆင္ထားတဲ့ လူ႐ြယ္တစ္ဦးကို ေက်ာင္းသားေတြ ဝိုင္းအုံေနတာေတြ႕ရမွာပါ။ အားလုံးဟာ ငိုယိုေနၾကၿပီး သူတို႔ဆရာကို ထြက္မသြားႏိုင္ေအာင္ အတင္းျပန္ဆြဲေနၾကတာပါ။ ေက်ာင္းသားတစ္ဦးကလည္း ဆရာျဖစ္သူကို အေနာက္ကေန သိုင္းဖက္ထားပါတယ္။ ေက်ာင္းသားေတြရဲ႕ သူ႔အေပၚ ခ်စ္ခင္မႈကိုျမင္ရတာေၾကာင့္ ဘဂဝမ္းကိုယ္တိုင္ကလည္း ငိုေနတာကို အထင္အရွားေတြ႕ရမွာပါ။

ဆရာနဲ႔တပည့္ေတြၾကားက ခ်စ္ျခင္းေမတၱာကိုထင္ထင္ရွားရွားေတြ႕ရတဲ့ အခုဓာတ္ပုံေတြဟာ ရင္ထဲထိေစပါတယ္။ ဓာတ္ပုံေတြဟာ မီဒီယာေတြၾကားထဲမွာ ျပန႔္ႏွံ႔ခဲ့ၿပီး အုပ္ခ်ဳပ္ေရးပိုင္းထိ ေရာက္သြားခဲ့ပါတယ္။ တာဝန္ရွိသူေတြဟာ ဂ်ီဘဂဝမ္းကို တီရတ္တီၿမိဳ႕က အစိုးရအထက္တန္းေက်ာင္းကို ေျပာင္းေ႐ႊ႕ဖို႔ အမိန႔္ခ်ခဲ့ေပမယ့္ အခုေတာ့အခ်ိန္(၁၀)ရက္ ဆိုင္းထားပါတယ္။ ဆိုင္းငံ့ထားတဲ့ အခ်ိန္အတြင္း ဂ်ီဘဂဝမ္းကို လက္ရွိေက်ာင္းမွာပဲ ဆက္ေနခြင့္ျပဳမလား၊ ေက်ာင္းသစ္ေ႐ႊ႕ေျပာင္းခိုင္းမလားဆိုတာ စဥ္းစားၾကမွာပါ။

ဘဂဝမ္းက “ေက်ာင္းဆရာအေနနဲ႔ ဒါကြၽန္ေတာ့္ ပထမဆုံးအလုပ္ပါ။ ကြၽန္ေတာ္ ဘြဲ႕ရၿပီး (၂၀၁၄)ခုႏွစ္တည္းက ဒီမွာပဲလုပ္လာတာ။ ကြၽန္ေတာ္ အလုပ္လုပ္ေနတဲ့ ေက်ာင္းမွာ ဆရာနဲ႔ေက်ာင္းသားအခ်ိဳးကို ၾကည့္ရင္ ကြၽန္ေတာ္က ပိုေနတယ္ေလ။ ဒါေၾကာင့္ ဆရာလိုေနတဲ့ တျခားေက်ာင္းကို ေ႐ႊ႕တာပါ။” လို႔ဆိုပါတယ္။

ေက်ာင္းသူေက်ာင္းသားေတြဟာ ဆရာဘဂဝမ္း ေက်ာင္းေျပာင္းမယ့္ အသံလည္းၾကားေရာ အဂၤါေန႔မွာေက်ာင္းမတက္ပဲ ဆႏၵျပခဲ့ၾကပါတယ္။ ဆရာကိုေက်ာင္းေျပာင္းမိန႔္နဲ႔ ပတ္သက္ၿပီး သူတို႔မေက်နပ္ဘူးဆိုတာ အစိုးရသိေစခ်င္တာေၾကာင့္ ဆႏၵျပဖို႔ဆုံးျဖတ္ခဲ့ၿပီး ေက်ာင္းသားမိဘေတြကလည္း ပါဝင္အားေပးခဲ့ၾကပါတယ္။ ေက်ာင္းအုပ္ႀကီးကေတာ့ ဘဂဝမ္းဟာကေလးေတြနဲ႔မိဘလို၊ သူငယ္ခ်င္းလို ျဖစ္ေနတာေၾကာင့္ ေက်ာင္းသားေတြ အားလုံးက ေၾကကြဲဝမ္းနည္းေနၾကတာ ျဖစ္ေၾကာင္းေျပာျပပါတယ္။

ဘဂဝမ္းက “ကြၽန္ေတာ္ကေလးေတြကို စာခ်ည္းပဲ သင္ေပး႐ုံသက္သက္ မဟုတ္ပါဘူး။ သူတို႔ကို ပုံဝတၳဳေလးေတြ ေျပာျပတယ္။ သူတို႔ေတြရဲ႕ မိသားစုေနာက္ခံကိုပါနားလည္ေအာင္လုပ္တယ္။ သူတို႔ရဲ႕အနာဂတ္အေၾကာင္းေျပာျပတယ္။ ၿပီးေတာ့ ပ႐ိုဂ်က္တာနဲ႔ ကေလးေတြစိတ္ဝင္စားမယ့္အရာေလးေတြျပပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ကို ဆရာတစ္ေယာက္ထက္ သူငယ္ခ်င္းလို အစ္ကိုလိုသူတို႔က ခင္ေနၾကတာ။” လို႔ေျပာျပပါတယ္။

UniCodeဖြင့်ဖတ်ရန်

ကျောင်းပြောင်းမိန့်ကျလာတဲ့ ဆရာကို ငိုယိုပြီး မသွားဖို့တားမြစ်ခဲ့ကြတဲ့ ကျောင်းသားများ

အိန္ဒိယနိုင်ငံ သီရူဗယ်လာခရိုင်မှာရှိတဲ့ အစိုးရကျောင်းတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာတစ်ယောက်ဟာ ကျောင်းပြောင်းမိန့် ကျလာတာကြောင့် ကျောင်းသူကျောင်းသားတွေဟာ ဆရာကိုဖက်တွယ်ပြီး ကျောင်းမပြောင်းဖို့ တားမြစ်ခဲ့ကြပါတယ်။ ကျောင်းသားတိုင်းချစ်ကြတဲ့ ဆရာကတော့ အသက်(၂၈)နှစ်အရွယ် ဂျီဘဂဝမ်းဆိုသူ အင်္ဂလိပ်စာသင်ပြတဲ့ဆရာတစ်ဦးဖြစ်ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ မီးခိုးရောင်အင်္ကျ ီနဲ့ ဘောင်းဘီဝတ်ဆင်ထားတဲ့ လူရွယ်တစ်ဦးကို ကျောင်းသားတွေ ဝိုင်းအုံနေတာတွေ့ရမှာပါ။ အားလုံးဟာ ငိုယိုနေကြပြီး သူတို့ဆရာကို ထွက်မသွားနိုင်အောင် အတင်းပြန်ဆွဲနေကြတာပါ။ ကျောင်းသားတစ်ဦးကလည်း ဆရာဖြစ်သူကို အနောက်ကနေ သိုင်းဖက်ထားပါတယ်။ ကျောင်းသားတွေရဲ့ သူ့အပေါ် ချစ်ခင်မှုကိုမြင်ရတာကြောင့် ဘဂဝမ်းကိုယ်တိုင်ကလည်း ငိုနေတာကို အထင်အရှားတွေ့ရမှာပါ။

ဆရာနဲ့တပည့်တွေကြားက ချစ်ခြင်းမေတ္တာကိုထင်ထင်ရှားရှားတွေ့ရတဲ့ အခုဓာတ်ပုံတွေဟာ ရင်ထဲထိစေပါတယ်။ ဓာတ်ပုံတွေဟာ မီဒီယာတွေကြားထဲမှာ ပြန့်နှံ့ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းထိ ရောက်သွားခဲ့ပါတယ်။ တာဝန်ရှိသူတွေဟာ ဂျီဘဂဝမ်းကို တီရတ်တီမြို့က အစိုးရအထက်တန်းကျောင်းကို ပြောင်းရွှေ့ဖို့ အမိန့်ချခဲ့ပေမယ့် အခုတော့အချိန်(၁၀)ရက် ဆိုင်းထားပါတယ်။ ဆိုင်းငံ့ထားတဲ့ အချိန်အတွင်း ဂျီဘဂဝမ်းကို လက်ရှိကျောင်းမှာပဲ ဆက်နေခွင့်ပြုမလား၊ ကျောင်းသစ်ရွှေ့ပြောင်းခိုင်းမလားဆိုတာ စဉ်းစားကြမှာပါ။

ဘဂဝမ်းက “ကျောင်းဆရာအနေနဲ့ ဒါကျွန်တော့် ပထမဆုံးအလုပ်ပါ။ ကျွန်တော် ဘွဲ့ရပြီး (၂၀၁၄)ခုနှစ်တည်းက ဒီမှာပဲလုပ်လာတာ။ ကျွန်တော် အလုပ်လုပ်နေတဲ့ ကျောင်းမှာ ဆရာနဲ့ကျောင်းသားအချိုးကို ကြည့်ရင် ကျွန်တော်က ပိုနေတယ်လေ။ ဒါကြောင့် ဆရာလိုနေတဲ့ တခြားကျောင်းကို ရွှေ့တာပါ။” လို့ဆိုပါတယ်။

ကျောင်းသူကျောင်းသားတွေဟာ ဆရာဘဂဝမ်း ကျောင်းပြောင်းမယ့် အသံလည်းကြားရော အင်္ဂါနေ့မှာကျောင်းမတက်ပဲ ဆန္ဒပြခဲ့ကြပါတယ်။ ဆရာကိုကျောင်းပြောင်းမိန့်နဲ့ ပတ်သက်ပြီး သူတို့မကျေနပ်ဘူးဆိုတာ အစိုးရသိစေချင်တာကြောင့် ဆန္ဒပြဖို့ဆုံးဖြတ်ခဲ့ပြီး ကျောင်းသားမိဘတွေကလည်း ပါဝင်အားပေးခဲ့ကြပါတယ်။ ကျောင်းအုပ်ကြီးကတော့ ဘဂဝမ်းဟာကလေးတွေနဲ့မိဘလို၊ သူငယ်ချင်းလို ဖြစ်နေတာကြောင့် ကျောင်းသားတွေ အားလုံးက ကြေကွဲဝမ်းနည်းနေကြတာ ဖြစ်ကြောင်းပြောပြပါတယ်။

ဘဂဝမ်းက “ကျွန်တော်ကလေးတွေကို စာချည်းပဲ သင်ပေးရုံသက်သက် မဟုတ်ပါဘူး။ သူတို့ကို ပုံဝတ္ထုလေးတွေ ပြောပြတယ်။ သူတို့တွေရဲ့ မိသားစုနောက်ခံကိုပါနားလည်အောင်လုပ်တယ်။ သူတို့ရဲ့အနာဂတ်အကြောင်းပြောပြတယ်။ ပြီးတော့ ပရိုဂျက်တာနဲ့ ကလေးတွေစိတ်ဝင်စားမယ့်အရာလေးတွေပြပါတယ်။ ဒါကြောင့် ကျွန်တော့်ကို ဆရာတစ်ယောက်ထက် သူငယ်ချင်းလို အစ်ကိုလိုသူတို့က ခင်နေကြတာ။” လို့ပြောပြပါတယ်။

Credit:လင္းလင္း (ShweMom)

Ref: thenewsminute