ဖန္တီးယူလုိ႔မရတဲ႔အခ်စ္စစ္ရဲ ႔ သေကၤတဆုိတာ…


Zawgyiျဖင့္ဖတ္ရန္

အခ်စ္တု အခ်စ္ေယာင္ေတြၾကားထဲ ကုိယ့္အေပၚတကယ္ခ်စ္တဲ႔သူကုိ ရွာေတြ႔ဖုိ႔ဆုိတာ အင္မတန္ခက္ခဲပါတယ္။ဘယ္သူက ကုိယ့္အေပၚတကယ္ခ်စ္တာလဲ။ကုိယ့္အေပၚ တကယ္သစၥာရွိတာလဲ ခန္႔မွန္းရခက္ပါတယ္။ေရရွည္တြဲလာတဲ႔ခ်စ္သူေတြ၊အိမ္ေထာင္ရွင္ေတြေတာင္ ကြဲျပဲၾကတဲ႔ေခတ္ၾကီးမွာ ကုိယ့္အတြက္ အခ်စ္စစ္ဆုိတာ တကယ္ရွိေရာ ရွိပါ့မလား?ဒါေၾကာင့္ အခ်စ္စစ္ရဲ႔ သေကၤတဟာ ဘယ္လုိအရာမ်ိဳးလဲဆုိတာ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

-အေပးအယူမ်ွတတဲ႔အခ်စ္

တစ္ေယာက္နဲ႔တစ္ေယာက္နားလည္တယ္။အျပန္အလွန္ေထြးေပြ႔တယ္။ၾကင္နာတယ္။တစ္ေယာက္ကုိတစ္ေယာက္ေလးစားသမႈရွိတယ္စသျဖင့္ညီတူညီမ်ွရွိမယ္။ကုိယ္ကခ်ည္းေပးေနရတာမ်ိဳး၊သူ႔ဘက္ကခ်ည္းေပးဆပ္ေနတာမ်ိဳးမဟုတ္ပဲ အေပးအယူမ်ွတတဲ႔အခ်စ္ေရးမ်ိဳး။

-ေပ်ာ္ရႊင္မႈစစ္စစ္

ေပ်ာ္ရႊင္ဖုိ႔ကုိ ဖန္တီးေနစရာမလိုပဲ သူနဲ႔အတူတူရွိေနရင္ ဘယ္လိုအေျခအေနမိ်ဳးမွာျဖစ္ျဖစ္ လိႈက္လိႈက္လွဲလွဲေပ်ာ္ရႊင္ေနရတာမ်ိဳး။

-နာက်င္မႈ၊စိတ္တုိေဒါသထြက္မႈ

အခ်စ္ေရးတစ္ခုမွာ နာက်င္မႈရယ္ စိတ္တုိေဒါသထြက္တာေတြရယ္က ပံုမွန္ရွိၾကပါတယ္။ လူတစ္ေယာက္ကုိစိတ္ဆုိးေဒါသထြက္တယ္။အဲ႔ဒီလူေၾကာင့္ နာက်င္ရတယ္ဆုိတာ အဲ႔ဒီလူဟာ ကုိယ့္စိတ္ထဲ ကုိယ့္ရင္ထဲမွာရွိေနလုိ႔ပါ။အဲ႔ဒီလုိ မရွိဘူးဆုိရင္ အဲ႔ဒါအခ်စ္မဟုတ္လို႔ပါပဲ။

-ကတိတည္ၾကည္

ကုိယ္တကယ္ခ်စ္တဲ႔သူအတြက္ ကုိယ္ေပးႏုိင္တဲ႔ကတိကုိပဲေပးတယ္။အေျပာထက္ လက္ေတြ႔ျပတယ္။ကုိယ့္ခ်စ္သူက ကုိယ့္ေၾကာင့္ လက္မေထာင္ႏုိင္ေအာင္ပဲ အျမဲလုပ္ေပးတာမ်ိဳး။

-ခြန္အားျဖစ္ေစ

ကိုယ္နဲ႔အတူ ေနာက္ဆံုးအခိ်န္ထိရွိေနေပးတဲ႔သူဟာ ကုိယ့္အေပၚတကယ္ခ်စ္တဲ႔သူပဲလို႔ အဆုိရွိတယ္မဟုတ္လား။လူေတြဟာ ကုိယ္ခ်စ္တဲ႔သူေအာင္ျမင္တာ၊ကုိယ္ခ်စ္တဲ႔သူေပ်ာ္ရႊင္တာကုိပဲ ျမင္ခ်င္ၾကပါတယ္။ဒါေၾကာင့္ အတတ္ႏိုင္ဆံုးပံ့ပုိးေပးၾကတယ္။ခြန္အားျဖစ္ေပးၾကတယ္။ခ်စ္သူကုိ ေကာင္းမြန္တဲ႔လမ္းေလ်ွာက္လွမ္းႏုိင္ေအာင္ လမ္းျပၾကယ္ျဖစ္ေပးၾကပါတယ္။

-ဘ၀ရဲ႔ အစိတ္အပုိင္းတစ္ခု၊အနာဂတ္တစ္ခုအျဖစ္ ျမင္ၾက

တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္သာခ်စ္ၾကရင္ အခ်စ္ေလ်ာ့သြားတာမ်ိဳး၊စိတ္ကုန္သြားတာမ်ိဳးဆုိတာ ရွိမွာမဟုတ္ပါဘူး။တကယ္သာ အခ်စ္စစ္နဲ႔ခ်စ္ၾကရင္ ကုိယ္ခ်စ္တဲ႔သူဟာ ကုိယ္အပြန္းပဲ့မခံႏုိင္၊အဆံုးရွံဳးမခံႏုိင္တဲ႔ဘ၀တစ္စိတ္တစ္ပုိင္း၊ကုိယ့္ဘ၀ရဲ႔ အနာဂတ္ေမ်ွာ္လင့္ခ်က္တစ္စိတ္တစ္ပုိင္းလို႔ပဲ ခံစားေတြးေတာၾကပါတယ္။

သင္တုိ႔ေရာ ဒီလုိအခ်စ္စစ္ကုိရွာေဖြေတြ႔ရွိေနျပီလား? ❤

Credit:trend myanmar

Unicodeဖြင့်ဖတ်ရန်

ဖန်တီးယူလို့မရတဲ့အချစ်စစ်ရဲ့ သင်္ကေတဆိုတာ…

အချစ်တု အချစ်ယောင်တွေကြားထဲ ကိုယ့်အပေါ်တကယ်ချစ်တဲ့သူကို ရှာတွေ့ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဘယ်သူက ကိုယ့်အပေါ်တကယ်ချစ်တာလဲ။ကိုယ့်အပေါ် တကယ်သစ္စာရှိတာလဲ ခန့်မှန်းရခက်ပါတယ်။ရေရှည်တွဲလာတဲ့ချစ်သူတွေ၊အိမ်ထောင်ရှင်တွေတောင် ကွဲပြဲကြတဲ့ခေတ်ကြီးမှာ ကိုယ့်အတွက် အချစ်စစ်ဆိုတာ တကယ်ရှိရော ရှိပါ့မလား?ဒါကြောင့် အချစ်စစ်ရဲ့ သင်္ကေတဟာ ဘယ်လိုအရာမျိုးလဲဆိုတာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

-အပေးအယူမျှတတဲ့အချစ်

တစ်ယောက်နဲ့တစ်ယောက်နားလည်တယ်။အပြန်အလှန်ထွေးပွေ့တယ်။ကြင်နာတယ်။တစ်ယောက်ကိုတစ်ယောက်လေးစားသမှုရှိတယ်စသဖြင့်ညီတူညီမျှရှိမယ်။ကိုယ်ကချည်းပေးနေရတာမျိုး၊သူ့ဘက်ကချည်းပေးဆပ်နေတာမျိုးမဟုတ်ပဲ အပေးအယူမျှတတဲ့အချစ်ရေးမျိုး။

-ပျော်ရွှင်မှုစစ်စစ်

ပျော်ရွှင်ဖို့ကို ဖန်တီးနေစရာမလိုပဲ သူနဲ့အတူတူရှိနေရင် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လှိုက်လှိုက်လှဲလှဲပျော်ရွှင်နေရတာမျိုး။

-နာကျင်မှု၊စိတ်တိုဒေါသထွက်မှု

အချစ်ရေးတစ်ခုမှာ နာကျင်မှုရယ် စိတ်တိုဒေါသထွက်တာတွေရယ်က ပုံမှန်ရှိကြပါတယ်။ လူတစ်ယောက်ကိုစိတ်ဆိုးဒေါသထွက်တယ်။အဲ့ဒီလူကြောင့် နာကျင်ရတယ်ဆိုတာ အဲ့ဒီလူဟာ ကိုယ့်စိတ်ထဲ ကိုယ့်ရင်ထဲမှာရှိနေလို့ပါ။အဲ့ဒီလို မရှိဘူးဆိုရင် အဲ့ဒါအချစ်မဟုတ်လို့ပါပဲ။

-ကတိတည်ကြည်

ကိုယ်တကယ်ချစ်တဲ့သူအတွက် ကိုယ်ပေးနိုင်တဲ့ကတိကိုပဲပေးတယ်။အပြောထက် လက်တွေ့ပြတယ်။ကိုယ့်ချစ်သူက ကိုယ့်ကြောင့် လက်မထောင်နိုင်အောင်ပဲ အမြဲလုပ်ပေးတာမျိုး။

-ခွန်အားဖြစ်စေ
ကိုယ်နဲ့အတူ နောက်ဆုံးအချိန်ထိရှိနေပေးတဲ့သူဟာ ကိုယ့်အပေါ်တကယ်ချစ်တဲ့သူပဲလို့ အဆိုရှိတယ်မဟုတ်လား။လူတွေဟာ ကိုယ်ချစ်တဲ့သူအောင်မြင်တာ၊ကိုယ်ချစ်တဲ့သူပျော်ရွှင်တာကိုပဲ မြင်ချင်ကြပါတယ်။ဒါကြောင့် အတတ်နိုင်ဆုံးပံ့ပိုးပေးကြတယ်။ခွန်အားဖြစ်ပေးကြတယ်။ချစ်သူကို ကောင်းမွန်တဲ့လမ်းလျှောက်လှမ်းနိုင်အောင် လမ်းပြကြယ်ဖြစ်ပေးကြပါတယ်။

-ဘဝရဲ့ အစိတ်အပိုင်းတစ်ခု၊အနာဂတ်တစ်ခုအဖြစ် မြင်ကြ

တစ်ယောက်နဲ့တစ်ယောက် တကယ်သာချစ်ကြရင် အချစ်လျော့သွားတာမျိုး၊စိတ်ကုန်သွားတာမျိုးဆိုတာ ရှိမှာမဟုတ်ပါဘူး။တကယ်သာ အချစ်စစ်နဲ့ချစ်ကြရင် ကိုယ်ချစ်တဲ့သူဟာ ကိုယ်အပွန်းပဲ့မခံနိုင်၊အဆုံးရှုံးမခံနိုင်တဲ့ဘဝတစ်စိတ်တစ်ပိုင်း၊ကိုယ့်ဘဝရဲ့ အနာဂတ်မျှော်လင့်ချက်တစ်စိတ်တစ်ပိုင်းလို့ပဲ ခံစားတွေးတောကြပါတယ်။

သင်တို့ရော ဒီလိုအချစ်စစ်ကိုရှာဖွေတွေ့ရှိနေပြီလား? ❤

Credit:trend myanmar

မှတ်ချက်များ