စက္တင္ဘာမွာ ေမြးတဲ့သူေလးေတြရဲ႕ေမြးရာပါ အားသာခ်က္နဲ႔ ပင္ကိုယ္စိတ္ေနစိတ္ထား


Zawgyiျဖင့္ဖတ္ရန္

စက္တင္ဘာမွာ ေမြးတဲ့သူေလးေတြဟာ အရမ္းစကားတတ္ၿပီး သူတစ္ပါးကို စိတ္ခ်မ္းသာေအာင္၊ ေပ်ာ္ေအာင္ ေျပာဆိုတတ္တဲ့ သူေလးေတြျဖစ္ပါတယ္။ သူတို႔ဟာ တစ္ဖက္သားကို သူတို႔ရဲ႕ စကားလွလွေလးေတြနဲ႔ ေႂကြဆင္းသြားေအာင္ လုပ္ႏိုင္တဲ့သူေတြျဖစ္ပါတယ္။ စက္တင္ဘာမွာ ေမြးတဲ့သူေလးေတြရဲ႕ ပင္ကိုယ္စိတ္ေနစိတ္ထားေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စက္တင္ဘာလမွာ ေမြးတဲ့သူေလးေတြဟာ အရမ္းကိုယဥ္ေက်းတဲ့သူေလးေတြ ျဖစ္ပါတယ္။ တစ္ဖက္သားကို အရမ္းလည္း အားနာတတ္တာေၾကာင့္ ကိုယ့္ဘက္က ဘယ္ေလာက္ပဲ အဆင္မေျပေနရင္ေတာင္ အကူအညီလာေတာင္းၾကတဲ့အခါ ျငင္းပယ္ဖို႔ အရမ္းဝန္ေလးတတ္ၾကသူေတြပါ။

(၂) စက္တင္ဘာမွာ ေမြးတဲ့သူေလးေတြဟာ အမွန္တရားကို လက္ကိုင္ထားတတ္ၾကသူေတြျဖစ္ပါတယ္။ မွန္တာကိုပဲေျပာတယ္၊ မွန္တာကိုပဲ လုပ္ပါတယ္။

(၃) သူတို႔ဟာ လူတစ္ေယာက္ကို ခ်စ္ၿပီဆိုရင္၊ ခ်စ္သူအျဖစ္ ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ ႏွလုံးသားရဲ႕ဆုံးျဖတ္ခ်က္ကိုပဲ လိုက္နာတတ္တဲ့သူေတြပါ။ အျပင္ပန္းေတြ ဘာမွမၾကည့္ပဲ ႏွလုံးသားရဲ႕အလိုကိုပဲ လိုက္မယ့္သူေတြ ျဖစ္ပါတယ္။

(၄) သူတို႔ဟာ အလုပ္တစ္ခုခုကို လုပ္ၿပီ၊ ျပႆနာတစ္ခုခုကို ေျဖရွင္းၿပီဆိုရင္လည္း သူတို႔နည္းသူတို႔ဟန္နဲ႔ပဲ လုပ္ခ်င္တဲ့သူေတြျဖစ္ပါတယ္။

(၅) စက္တင္ဘာဖြားေလးေတြဟာ အရမ္းကို အေတြးမ်ားတဲ့သူေတြျဖစ္သလို၊ မျဖစ္ေသးတာေတြကို ေတြးေတြးၿပီး ပူပန္ေနတဲ့သူေတြလည္းျဖစ္ပါတယ္။ ပူပန္ေသာကေတြမ်ားၿပီး သူမ်ားေတြထက္ စိတ္ပူလြယ္၊ စိတ္လႈပ္ရွားလြယ္တဲ့သူေတြ ျဖစ္ပါတယ္။

(၆) စက္တင္ဘာဖြားေလးေတြဟာ အရမ္းခ်စ္တတ္တဲ့သူေလးေတြျဖစ္ပါတယ္။ ခ်စ္သူကို စိတ္ခ်မ္းသာေအာင္ထားတတ္တဲ့ေနရာမွာ ႏွစ္ေယာက္မရွိပါဘူး။ တစ္ခါတေလ အခြၽဲလြန္သြားတာေလးကလြဲရင္ အရမ္းခ်စ္တတ္တဲ့သူေတြပါ။

(၇) စက္တင္ဘာဖြားေလးေတြဟာ ျမင္ျမင္သမွ်အရာေတြအားလုံးနဲ႔ စိတ္အပန္းေျဖတတ္သူေလးေတြပါ။ ေလညႇင္းေလးေတြကအစ၊ ပန္းပြင့္ေလးေတြကအစ ျမင္ျမင္သမွ်ဟာ သူူတို႔အတြက္ ေပ်ာ္စရာေကာင္းေနပါတယ္။

(၈) စက္တင္ဘာဖြားေလးေတြဟာ အစားပုတ္ေလးေတြပါ။ အစားေကာင္းအရမ္းႀကိဳက္သလို၊ အမ်ားႀကီးလည္း စားႏိုင္ပါတယ္။

(၉) သူတို႔ေလးေတြဟာ ခရီးသြားရျခင္း၊ သဘာဝအလွေတြ၊ ေတာင္ေတာင္အလွေတြခံစားရတာကို အရမ္းႀကိဳက္ၾကပါတယ္။ သြားတဲ့ေနရာတိုင္းမွာလည္း ဓာတ္ပုံ႐ိုက္တတ္ၾကပါတယ္။

(၁၀) သူတို႔ေလးေတြဟာ စာဖတ္ရတာကို ႏွစ္သက္ၾကသလို စာအုပ္ထဲကေန ဗဟုသုတေတြ၊ ရသေတြကို ရွာေဖြစူးစမ္းတတ္တဲ့သူေတြျဖစ္ပါတယ္။ စာလည္းေတာ္ၾကသလို၊ စာအုပ္လည္းခ်စ္တဲ့သူေတြပါ။

Em Em

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

စက်တင်ဘာမှာ မွေးတဲ့သူလေးတွေရဲ့မွေးရာပါ အားသာချက်နဲ့ ပင်ကိုယ်စိတ်နေစိတ်ထား

စက်တင်ဘာမှာ မွေးတဲ့သူလေးတွေဟာ အရမ်းစကားတတ်ပြီး သူတစ်ပါးကို စိတ်ချမ်းသာအောင်၊ ပျော်အောင် ပြောဆိုတတ်တဲ့ သူလေးတွေဖြစ်ပါတယ်။ သူတို့ဟာ တစ်ဖက်သားကို သူတို့ရဲ့ စကားလှလှလေးတွေနဲ့ ကြွေဆင်းသွားအောင် လုပ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ စက်တင်ဘာမှာ မွေးတဲ့သူလေးတွေရဲ့ ပင်ကိုယ်စိတ်နေစိတ်ထားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စက်တင်ဘာလမှာ မွေးတဲ့သူလေးတွေဟာ အရမ်းကိုယဉ်ကျေးတဲ့သူလေးတွေ ဖြစ်ပါတယ်။ တစ်ဖက်သားကို အရမ်းလည်း အားနာတတ်တာကြောင့် ကိုယ့်ဘက်က ဘယ်လောက်ပဲ အဆင်မပြေနေရင်တောင် အကူအညီလာတောင်းကြတဲ့အခါ ငြင်းပယ်ဖို့ အရမ်းဝန်လေးတတ်ကြသူတွေပါ။

(၂) စက်တင်ဘာမှာ မွေးတဲ့သူလေးတွေဟာ အမှန်တရားကို လက်ကိုင်ထားတတ်ကြသူတွေဖြစ်ပါတယ်။ မှန်တာကိုပဲပြောတယ်၊ မှန်တာကိုပဲ လုပ်ပါတယ်။

(၃) သူတို့ဟာ လူတစ်ယောက်ကို ချစ်ပြီဆိုရင်၊ ချစ်သူအဖြစ် ရွေးချယ်တော့မယ်ဆိုရင် နှလုံးသားရဲ့ဆုံးဖြတ်ချက်ကိုပဲ လိုက်နာတတ်တဲ့သူတွေပါ။ အပြင်ပန်းတွေ ဘာမှမကြည့်ပဲ နှလုံးသားရဲ့အလိုကိုပဲ လိုက်မယ့်သူတွေ ဖြစ်ပါတယ်။

(၄) သူတို့ဟာ အလုပ်တစ်ခုခုကို လုပ်ပြီ၊ ပြဿနာတစ်ခုခုကို ဖြေရှင်းပြီဆိုရင်လည်း သူတို့နည်းသူတို့ဟန်နဲ့ပဲ လုပ်ချင်တဲ့သူတွေဖြစ်ပါတယ်။

(၅) စက်တင်ဘာဖွားလေးတွေဟာ အရမ်းကို အတွေးများတဲ့သူတွေဖြစ်သလို၊ မဖြစ်သေးတာတွေကို တွေးတွေးပြီး ပူပန်နေတဲ့သူတွေလည်းဖြစ်ပါတယ်။ ပူပန်သောကတွေများပြီး သူများတွေထက် စိတ်ပူလွယ်၊ စိတ်လှုပ်ရှားလွယ်တဲ့သူတွေ ဖြစ်ပါတယ်။

(၆) စက်တင်ဘာဖွားလေးတွေဟာ အရမ်းချစ်တတ်တဲ့သူလေးတွေဖြစ်ပါတယ်။ ချစ်သူကို စိတ်ချမ်းသာအောင်ထားတတ်တဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး။ တစ်ခါတလေ အချွဲလွန်သွားတာလေးကလွဲရင် အရမ်းချစ်တတ်တဲ့သူတွေပါ။

(၇) စက်တင်ဘာဖွားလေးတွေဟာ မြင်မြင်သမျှအရာတွေအားလုံးနဲ့ စိတ်အပန်းဖြေတတ်သူလေးတွေပါ။ လေညှင်းလေးတွေကအစ၊ ပန်းပွင့်လေးတွေကအစ မြင်မြင်သမျှဟာ သူူတို့အတွက် ပျော်စရာကောင်းနေပါတယ်။

(၈) စက်တင်ဘာဖွားလေးတွေဟာ အစားပုတ်လေးတွေပါ။ အစားကောင်းအရမ်းကြိုက်သလို၊ အများကြီးလည်း စားနိုင်ပါတယ်။

(၉) သူတို့လေးတွေဟာ ခရီးသွားရခြင်း၊ သဘာဝအလှတွေ၊ တောင်တောင်အလှတွေခံစားရတာကို အရမ်းကြိုက်ကြပါတယ်။ သွားတဲ့နေရာတိုင်းမှာလည်း ဓာတ်ပုံရိုက်တတ်ကြပါတယ်။

(၁၀) သူတို့လေးတွေဟာ စာဖတ်ရတာကို နှစ်သက်ကြသလို စာအုပ်ထဲကနေ ဗဟုသုတတွေ၊ ရသတွေကို ရှာဖွေစူးစမ်းတတ်တဲ့သူတွေဖြစ်ပါတယ်။ စာလည်းတော်ကြသလို၊ စာအုပ်လည်းချစ်တဲ့သူတွေပါ။

Em Em

Credit:Aunty May

မှတ်ချက်များ