Zawgyiျဖင့္ဖတ္ရန္
ပံုမွန္ စားေပးရင္ ကင္ဆာ ကာကြယ္ေပးတယ္လို႔ တရုတ္ေတြ ယံုႀကည္ႀကတဲ႔ မိႈေလးပါရွင္..။
သက္သတ္လြတ္ လည္းၿဖစ္ပါတယ္..။
မိႈေပါင္းခ်ဥ္စပ္လုပ္နည္းကိုေတာ႔ မားအံုဆီက တတ္တာပါ..။
မိႈကို အရင္းဘက္ေတြကို ၿဖတ္ပီး ေရေဆး သန္႔စင္ပါ၊ ၿဖတ္တဲ႔အခါ မိႈမွ်င္ေလးေတြ တြဲေနတဲ႔အပိုင္းကို ခ်န္ထားပါ၊
အဲဒါမွ မိႈေလးေတြကို တစု တစု ခ်င္းစီ ခြဲလို႔ရပါတယ္၊ မိႈေလးေတြကို အရြယ္ညီ အစုေလးေတြ ခြဲပါ၊
မားအံုကေတာ႔ မိႈေလးေတြကို ထိုင္းငံၿပာရည္ေလးနဲ႔နယ္ပီး ပန္းကန္ထဲ စီထည္႔ပီး ၅ မိနစ္ေလာက္ေပါင္းပါတယ္၊
မမီးကေတာ႔ ေရဆူထဲမွာ မိႈေလးေတြကို ၿပစ္ထည္႔ ခ်က္ခ်င္းၿပန္ဆယ္ပီး ပန္းကန္မွာ စီထည္႔ပါတယ္၊
ၾကက္သြန္ျဖဴ ၊ င႐ုတ္သီးစိမ္း၊ ပဲငံျပာရည္အက်ဲ၊ ႀကံသကာတို႔ကို ေရာေထာင္း၊ သံပုရာရည္ညွစ္ပီး အခ်ဥ္လုပ္လိုက္ပါတယ္၊
ေပါင္းထား /ၿပဳတ္ထားတဲ႔ မိႈေပၚမွာ အခ်ဥ္ရည္ေလး ဆမ္းစားတာ.မိႈကလည္း အခ်ိဳရည္ေလးေတြ ထြက္လာပီး.
ႀကြပ္ႀကြပ္ထုတ္ထုတ္ေလး နဲ႔ အခ်ဥ္ရည္ေလး စားလို႔ေကာင္းလိုက္တာရွင္..။
Unicodeဖြင့်ဖတ်ရန်

ပုံမှန် စားပေးရင် ကင်ဆာရောဂါကို တောင်ကာကွယ်ပေးနိုင်တဲ့အီနိုကီမှိုပေါင်း ချဉ်စပ်လုပ်နည်းလေး

ပုံမှန် စားပေးရင် ကင်ဆာ ကာကွယ်ပေးတယ်လို့ တရုတ်တွေ ယုံကြည်ကြတဲ့ မှိုလေးပါရှင်..။
သက်သတ်လွတ် လည်းဖြစ်ပါတယ်..။
မှိုပေါင်းချဉ်စပ်လုပ်နည်းကိုတော့ မားအုံဆီက တတ်တာပါ..။
မှိုကို အရင်းဘက်တွေကို ဖြတ်ပီး ရေဆေး သန့်စင်ပါ၊ ဖြတ်တဲ့အခါ မှိုမျှင်လေးတွေ တွဲနေတဲ့အပိုင်းကို ချန်ထားပါ၊
အဲဒါမှ မှိုလေးတွေကို တစု တစု ချင်းစီ ခွဲလို့ရပါတယ်၊ မှိုလေးတွေကို အရွယ်ညီ အစုလေးတွေ ခွဲပါ၊
မားအုံကတော့ မှိုလေးတွေကို ထိုင်းငံပြာရည်လေးနဲ့နယ်ပီး ပန်းကန်ထဲ စီထည့်ပီး ၅ မိနစ်လောက်ပေါင်းပါတယ်၊
မမီးကတော့ ရေဆူထဲမှာ မှိုလေးတွေကို ပြစ်ထည့် ချက်ချင်းပြန်ဆယ်ပီး ပန်းကန်မှာ စီထည့်ပါတယ်၊
ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အကျဲ၊ ကြံသကာတို့ကို ရောထောင်း၊ သံပုရာရည်ညှစ်ပီး အချဉ်လုပ်လိုက်ပါတယ်၊
ပေါင်းထား /ပြုတ်ထားတဲ့ မှိုပေါ်မှာ အချဉ်ရည်လေး ဆမ်းစားတာ.မှိုကလည်း အချိုရည်လေးတွေ ထွက်လာပီး.
ကြွပ်ကြွပ်ထုတ်ထုတ်လေး နဲ့ အချဉ်ရည်လေး စားလို့ကောင်းလိုက်တာရှင်..။
Credit-MeeMeeTofu