Zawgyi ျဖင့္ဖတ္ရန္
ေရေမႊး ဝယ္လိုက္တုိင္း အနံ႔က ၾကာရွည္မခံတဲ့အျပင္ ကိုယ့္ရဲ႕ေခၽြးနံ႔ကို control မလုပ္ေပးႏုိင္လို႔ စိတ္ကသိကေအာက္ ျဖစ္ရတဲ့ အခုိက္အတန္႔မ်ိဳး ႀကံဳေတြ႔ဖူးလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ ကိုယ္ရနံ႔နဲ႔ ကိုက္ညီတဲ့ ေရေမႊးအနံ႔ကို ေသခ်ာမေရြးခ်ယ္တတ္တာရယ္၊ ေရေမႊးၾကာရွည္ခံေအာင္ ဘယ္လိုနည္းလမ္း အသံုးျပဳရတယ္ဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို မသိေသးလို႔ပါ။ ဒီေတာ့… ေရေမႊးဝယ္ေတာ့မယ္ဆိုရင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးအတုိင္း ေသခ်ာဆန္းစစ္ၿပီးမွ ေရြးဝယ္ဖို႔ တိုက္တြန္းပါရေစ။
ပထမဦးဆံုးအခ်က္အေနနဲ႔ ေရေမႊးဝယ္ေတာ့မယ္ဆုိရင္ တစ္ေယာက္ထဲ မသြားပါနဲ႔။ ကိုယ္ရဲ႕ အနံ႔ကို ကိုယ္တိုင္သတိမထားမိေပမယ့္ ေဘးလူကေတာ့ ကိုယ့္ရဲ႕ ကိုယ္သင္းရနံ႔ကဘယ္လို ဆိုတာကို သိၾကပါတယ္။ ေရေမႊးမဆြတ္ထားရင္ ကိုယ့္ရဲ႕ ကိုယ္ရနံ႔က ဘယ္လိုျဖစ္ေနလဲ ဆိုတာကို ရင္းႏွီးတဲ့ သူငယ္ခ်င္း၊ မိသားစုကို အရင္ဆံုး ေမးျမန္းပါ။ လူတစ္ေယာက္နဲ႔ တစ္ေယာက္က ခႏၶာကိုယ္ အနံ႔အသက္ခ်င္း မတူညီၾကပါဘူး။ ဒီေတာ့… ခႏၶာကိုယ္အနံ႔အသက္ သိပ္မေကာင္းတဲ့ သူေတြက ကိုုယ့္ရဲ႕ အနံ႔ကို control လုပ္ေပးႏုိင္မယ့္ ေရေမႊးရနံ႔ကို ေရြးခ်ယ္သင့္ပါတယ္။ ဒီလိုေရြးခ်ယ္တဲ့အခါမွာ body lotion နဲ႔ အရင္ဦးဆံုး စမ္းသပ္ႏုိင္ပါတယ္။ ကိုယ္နဲ႔ သင့္ေတာ္တဲ့ body lotion အနံ႔နဲ႔ ခပ္ဆင္ဆင္၊ ထပ္တူက်တဲ့ ရနံ႔မ်ိဳး ေရေမႊးကို ေရြးခ်ယ္ဝယ္ယူတာက အလြယ္ကူဆံုး နည္းလမ္းတစ္ရပ္ပါပဲ။
ေရေမႊးဝယ္ေတာ့မယ္ဆိုရင္ လူအမ်ားစု ျပဳလုပ္တတ္ၾကတာက ေရေမႊးတစ္ပုလင္းၿပီး တစ္ပုလင္း အနံ႔ ရွဴရိႈက္ၾကည့္ၾကေတာ့တာပါပဲ။ အနံ႔ေရာသြားတဲ့အခါမွာ ေရေမႊးဆိုင္ကလည္း ေကာ္ဖီေစ့ကို ျပန္ရွဴခုိင္းေလ့ရွိပါတယ္။ ဒါဟာ မွားယြင္းတဲ့ အယူအဆပါလို႔ ေရေမႊးထုတ္လုပ္ေရး ကၽြမ္းက်င္ပညာရွင္ ေတြက ဆိုထားပါတယ္။ ေရေမႊးဝယ္ေတာ့မယ္ဆိုရင္ အနံ႔သံုးမ်ိဳး ထပ္ပိုၿပီးေတာ့ မစမ္းသပ္သင့္ပါဘူး။ အနံ႔ ၃မ်ိဳးထက္ပိုၿပီး ရွဴရိႈက္မိတဲ့အခါ ေကာ္ဖီေစ့ကို ဘယ္ေလာက္ပဲ ရွဴရွဴ၊ ေရေမႊးရဲ႕ ပကတိအနံ႔ကို ေသခ်ာမရႏုိင္ေတာ့ပါဘူး။
ေရေမႊးရနံ႔ကို ေရြးခ်ယ္တဲ့အခါမွာလည္း ေရေမႊးပုလင္းဖံုးဝကိုရွဴရိႈက္ၾကည့္တာ၊ ကဒ္ကိုရွဴရိႈက္ ၾကည့္တာထက္ သင့္ရဲ႕ လက္ေကာက္ဝတ္ေနရာကို အနည္းငယ္ဆြတ္လိုက္ပါ။ ဆြတ္ထားတဲ့ ေရေမႊးကို မိနစ္ ၂၀၊ နာရီဝက္ေလာက္ထိ ထားၿပီး နဂိုေရေမႊးအနံ႔အတုိင္း ရေနေသးလား ဆိုတာကို ျပန္လည္စမ္းသပ္ပါ။ တကယ္လို႔ ေရေမႊးရနံ႔က မရွိေတာ့ဘူးဆိုရင္ေတာ့ အဲ့ဒီေရေမႊးက သင့္ရဲ႕ ကိုယ္ခႏၶာအနံ႔ကို control မလုပ္ေပးႏုိင္လို႔ပါ။ ဒီလိုဆိုရင္ေတာ့ အနံ႔နည္းနည္း စူးရွတဲ့ ေရေမႊးကို ေရြးခ်ယ္ဝယ္ယူလိုက္ပါ။
ေနာက္တစ္ခ်က္အေနနဲ႔ ေရေမႊးက ကိုယ့္ရဲ႕ ေခၽြးနံ႔၊ ကိုယ္ခႏၶာအနံ႔ကို cover လုပ္ေပးႏုိင္ေပမယ့္ တစ္ေနကုန္မခံ၊ ၾကာရွည္မခံတာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ ေရေမႊးဆြတ္တဲ့ နည္းလမ္း မွားယြင္းေန လို႔ပါ။ ေရေမႊးဆြတ္တဲ့အခါမွာ လည္ပင္းေသြးေၾကာ၊ လက္ေကာက္ဝတ္ေသြးေၾကာ ေနရာေတြကို ဆြတ္တာက အနံ႔ၾကာရွည္ခံေစပါတယ္။ ဒါ့ေၾကာင့္ အက်ီၤေတြကို ေရေမႊးဆြတ္မယ့္ အစား ေသြးေၾကာရွိတဲ့ အေရျပားေပၚ ဆြတ္တာက ေရေမႊးအနံ႔ ၾကာရွည္ခံေစမယ့္ အေကာင္းဆံုး နည္းလမ္း တစ္ရပ္ပါပဲ။
Credit : shwe in lay
Unicode ဖြင့်ဖတ်ရန်
ရေမွှေးနံ့ကြာရှည်ခံဖို့နဲ့ ရနံ့ကောင်းကောင်းလိုချင်တယ်ဆိုရင် ဒါတွေသိထားဖို့တော့ လိုမယ်
ရေမွှေး ဝယ်လိုက်တိုင်း အနံ့က ကြာရှည်မခံတဲ့အပြင် ကိုယ့်ရဲ့ချွေးနံ့ကို control မလုပ်ပေးနိုင်လို့ စိတ်ကသိကအောက် ဖြစ်ရတဲ့ အခိုက်အတန့်မျိုး ကြုံတွေ့ဖူးလား။ ဒါဆိုရင်တော့ သင့်ရဲ့ ကိုယ်ရနံ့နဲ့ ကိုက်ညီတဲ့ ရေမွှေးအနံ့ကို သေချာမရွေးချယ်တတ်တာရယ်၊ ရေမွှေးကြာရှည်ခံအောင် ဘယ်လိုနည်းလမ်း အသုံးပြုရတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို မသိသေးလို့ပါ။ ဒီတော့… ရေမွှေးဝယ်တော့မယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးအတိုင်း သေချာဆန်းစစ်ပြီးမှ ရွေးဝယ်ဖို့ တိုက်တွန်းပါရစေ။
ပထမဦးဆုံးအချက်အနေနဲ့ ရေမွှေးဝယ်တော့မယ်ဆိုရင် တစ်ယောက်ထဲ မသွားပါနဲ့။ ကိုယ်ရဲ့ အနံ့ကို ကိုယ်တိုင်သတိမထားမိပေမယ့် ဘေးလူကတော့ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကဘယ်လို ဆိုတာကို သိကြပါတယ်။ ရေမွှေးမဆွတ်ထားရင် ကိုယ့်ရဲ့ ကိုယ်ရနံ့က ဘယ်လိုဖြစ်နေလဲ ဆိုတာကို ရင်းနှီးတဲ့ သူငယ်ချင်း၊ မိသားစုကို အရင်ဆုံး မေးမြန်းပါ။ လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ် အနံ့အသက်ချင်း မတူညီကြပါဘူး။ ဒီတော့… ခန္ဓာကိုယ်အနံ့အသက် သိပ်မကောင်းတဲ့ သူတွေက ကိုယ့်ရဲ့ အနံ့ကို control လုပ်ပေးနိုင်မယ့် ရေမွှေးရနံ့ကို ရွေးချယ်သင့်ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါမှာ body lotion နဲ့ အရင်ဦးဆုံး စမ်းသပ်နိုင်ပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ body lotion အနံ့နဲ့ ခပ်ဆင်ဆင်၊ ထပ်တူကျတဲ့ ရနံ့မျိုး ရေမွှေးကို ရွေးချယ်ဝယ်ယူတာက အလွယ်ကူဆုံး နည်းလမ်းတစ်ရပ်ပါပဲ။
ရေမွှေးဝယ်တော့မယ်ဆိုရင် လူအများစု ပြုလုပ်တတ်ကြတာက ရေမွှေးတစ်ပုလင်းပြီး တစ်ပုလင်း အနံ့ ရှူရှိုက်ကြည့်ကြတော့တာပါပဲ။ အနံ့ရောသွားတဲ့အခါမှာ ရေမွှေးဆိုင်ကလည်း ကော်ဖီစေ့ကို ပြန်ရှူခိုင်းလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါလို့ ရေမွှေးထုတ်လုပ်ရေး ကျွမ်းကျင်ပညာရှင် တွေက ဆိုထားပါတယ်။ ရေမွှေးဝယ်တော့မယ်ဆိုရင် အနံ့သုံးမျိုး ထပ်ပိုပြီးတော့ မစမ်းသပ်သင့်ပါဘူး။ အနံ့ ၃မျိုးထက်ပိုပြီး ရှူရှိုက်မိတဲ့အခါ ကော်ဖီစေ့ကို ဘယ်လောက်ပဲ ရှူရှူ၊ ရေမွှေးရဲ့ ပကတိအနံ့ကို သေချာမရနိုင်တော့ပါဘူး။
ရေမွှေးရနံ့ကို ရွေးချယ်တဲ့အခါမှာလည်း ရေမွှေးပုလင်းဖုံးဝကိုရှူရှိုက်ကြည့်တာ၊ ကဒ်ကိုရှူရှိုက် ကြည့်တာထက် သင့်ရဲ့ လက်ကောက်ဝတ်နေရာကို အနည်းငယ်ဆွတ်လိုက်ပါ။ ဆွတ်ထားတဲ့ ရေမွှေးကို မိနစ် ၂၀၊ နာရီဝက်လောက်ထိ ထားပြီး နဂိုရေမွှေးအနံ့အတိုင်း ရနေသေးလား ဆိုတာကို ပြန်လည်စမ်းသပ်ပါ။ တကယ်လို့ ရေမွှေးရနံ့က မရှိတော့ဘူးဆိုရင်တော့ အဲ့ဒီရေမွှေးက သင့်ရဲ့ ကိုယ်ခန္ဓာအနံ့ကို control မလုပ်ပေးနိုင်လို့ပါ။ ဒီလိုဆိုရင်တော့ အနံ့နည်းနည်း စူးရှတဲ့ ရေမွှေးကို ရွေးချယ်ဝယ်ယူလိုက်ပါ။
နောက်တစ်ချက်အနေနဲ့ ရေမွှေးက ကိုယ့်ရဲ့ ချွေးနံ့၊ ကိုယ်ခန္ဓာအနံ့ကို cover လုပ်ပေးနိုင်ပေမယ့် တစ်နေကုန်မခံ၊ ကြာရှည်မခံတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ရေမွှေးဆွတ်တဲ့ နည်းလမ်း မှားယွင်းနေ လို့ပါ။ ရေမွှေးဆွတ်တဲ့အခါမှာ လည်ပင်းသွေးကြော၊ လက်ကောက်ဝတ်သွေးကြော နေရာတွေကို ဆွတ်တာက အနံ့ကြာရှည်ခံစေပါတယ်။ ဒါ့ကြောင့် အကျီၤတွေကို ရေမွှေးဆွတ်မယ့် အစား သွေးကြောရှိတဲ့ အရေပြားပေါ် ဆွတ်တာက ရေမွှေးအနံ့ ကြာရှည်ခံစေမယ့် အကောင်းဆုံး နည်းလမ်း တစ်ရပ်ပါပဲ။
Credit : shwe in lay


မှတ်ချက်များ