Zawgyiျဖင့္ဖတ္ရန္
သရုပ္ေဆာင္ ဦးခင္လႈိင္ရဲ႔ သမီးေလး သဇင္ထူးျမင့္က သူမရဲ႕ အစ္ကိုဝမ္းကြဲျဖစ္သူ ေပ်ာက္ေနလို႔ အကူအညီေပးၾကဖို႔ ေတာင္းဆိုလုိက္ပါတယ္။ သူမရဲ႕ အစ္ကိုဝမ္းကြဲျဖစ္သူက ျပီးခဲ႔တဲ႔ ႏိုဝင္ဘာ ၂၁ ရက္ေန႔ ညေန ၆ နာရီကတည္းက အဆက္အသြယ္ျပတ္သြားခဲ႔တာပါတဲ႔။
သဇင္ထူးျမင့္က သူမရဲ႕ ေဖ့ဘုတ္မွာ ” သဲရဲ ့အကိုတစ္ဝမ္းကြဲ ၂၁ရက္ေန ့ညေန၆နာရီတည္းကခုခ်ိန္ထိ အဆက္သြယ္ မရေတာ့ပဲေပ်ာက္ေနလို ့ပါ … သူကပံုမွန္ဆို လူလည္းအရမ္းေၾကာက္တတ္တယ္။ အိမ္ထဲကအိမ္ျပင္လည္း သိပ္မထြက္တတ္ဘူး… အေပါင္းအသင္းလည္း အရမ္းနည္းပါတယ္ …. အခုတက္ေနတဲ့ သတင္းေတြေၾကာင့္လည္း မိဘေတြအရမ္းေတြစိတ္ပူေနရပါတယ္…. ေတြ ့ရွိခဲ့လွ်င္ ဒီဖုန္းနံပါတ္ေလးကို ဆက္သြယ္ေပးပါေနာ္ 09893999622 ” ဆိုျပီးတင္ထားတာပါ။
အဆိုပါ သတင္းနဲ႔ပတ္သက္ျပီး သရုပ္ေဆာင္တစ္ဦးျဖစ္သူ တကၠသိုလ္ဂြမ္းပံုက သက္ဆုိင္ရာကို အေၾကာင္းၾကားသင့္တယ္လို႔ အၾကံေပးထားျပီး သဇင္ထူးျမင့္က အေၾကာင္းၾကားထားေၾကာင္း အခုခ်ိန္ထိဆုိ ရက္ၾကာလာျပီျဖစ္ေပမယ့္ မထူးေသးလို႔ အခုလို လူမႈကြန္ရက္မွာ တင္လုိက္တာျဖစ္ေၾကာင္း ျပန္ရွင္းျပထားပါတယ္။ သဇင္ထူးျမင့္တုိ႔ မိသားစုေတြက လတ္တေလာျဖစ္ေပၚေနတဲ႔ က်ားေဖာင္လူကုန္ကူးမႈ ကိစၥေၾကာင့္ သူတို႔အစ္ကို ေပ်ာက္ဆံုးမႈက ဒီကိစၥေၾကာင့္ ျဖစ္မွာကို စိုးရိမ္ေနၾကတယ္ရယ္လို႔လည္း သိရပါတယ္။

သဇင္ထူးျမင့္ရဲ႕ အစ္ကိုဝမ္းကြဲျဖစ္သူကို အျမန္ဆံုးျပန္ေတြ႔ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္၊ ပရိသတ္ၾကီးအေနနဲ႔လည္း ဒီ ပတ္စပို႔ ပံုထဲကသူကိုေတြ႔ရင္ ေခးေလး သဇင္ထူးျမင့္ေပးထားတဲ႔ ဖုန္းေလးကို ဆက္သြယ္အေၾကာင္းၾကား ကူညီေပးလုိက္ၾကပါဦးေနာ္။
Unicode ဖြင့်ဖတ်ရန်
သရုပ်ဆောင် ဦးခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်က သူမရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ပျောက်နေလို့ အကူအညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ သူမရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီကတည်းက အဆက်အသွယ်ပြတ်သွားခဲ့တာပါတဲ့။

သဇင်ထူးမြင့်က သူမရဲ့ ဖေ့ဘုတ်မှာ ” သဲရဲ့အကိုတစ်ဝမ်းကွဲ ၂၁ရက်နေ့ညနေ၆နာရီတည်းကခုချိန်ထိ အဆက်သွယ် မရတော့ပဲပျောက်နေလို့ပါ … သူကပုံမှန်ဆို လူလည်းအရမ်းကြောက်တတ်တယ်။ အိမ်ထဲကအိမ်ပြင်လည်း သိပ်မထွက်တတ်ဘူး… အပေါင်းအသင်းလည်း အရမ်းနည်းပါတယ် …. အခုတက်နေတဲ့ သတင်းတွေကြောင့်လည်း မိဘတွေအရမ်းတွေစိတ်ပူနေရပါတယ်…. တွေ့ရှိခဲ့လျှင် ဒီဖုန်းနံပါတ်လေးကို ဆက်သွယ်ပေးပါနော် 09893999622 ” ဆိုပြီးတင်ထားတာပါ။
အဆိုပါ သတင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင်တစ်ဦးဖြစ်သူ တက္ကသိုလ်ဂွမ်းပုံက သက်ဆိုင်ရာကို အကြောင်းကြားသင့်တယ်လို့ အကြံပေးထားပြီး သဇင်ထူးမြင့်က အကြောင်းကြားထားကြောင်း အခုချိန်ထိဆို ရက်ကြာလာပြီဖြစ်ပေမယ့် မထူးသေးလို့ အခုလို လူမှုကွန်ရက်မှာ တင်လိုက်တာဖြစ်ကြောင်း ပြန်ရှင်းပြထားပါတယ်။ သဇင်ထူးမြင့်တို့ မိသားစုတွေက လတ်တလောဖြစ်ပေါ်နေတဲ့ ကျားဖောင်လူကုန်ကူးမှု ကိစ္စကြောင့် သူတို့အစ်ကို ပျောက်ဆုံးမှုက ဒီကိစ္စကြောင့် ဖြစ်မှာကို စိုးရိမ်နေကြတယ်ရယ်လို့လည်း သိရပါတယ်။
သဇင်ထူးမြင့်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူကို အမြန်ဆုံးပြန်တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်၊ ပရိသတ်ကြီးအနေနဲ့လည်း ဒီ ပတ်စပို့ ပုံထဲကသူကိုတွေ့ရင် ခေးလေး သဇင်ထူးမြင့်ပေးထားတဲ့ ဖုန်းလေးကို ဆက်သွယ်အကြောင်းကြား ကူညီပေးလိုက်ကြပါဦးနော်။\
Credit: CeleStar

မှတ်ချက်များ