ဗဟုသုတ

လေယာဉ်စီးနေစဉ် ဖုန်းကို Flight Mode မချထားရင်ဘာတွေဖြစ်လာနိုင်မလဲ

 

လေယာဉ်စီးတဲ့အခါ အရေးကြီးလုပ်ရမယ့်အရာတစ်ခုကတော့ ဖုန်းကို Flight Mode ချထားဖို့ပါပဲ ။
မချထားရင်ဘာတွေဖြစ်လာမလဲ ၊ ချထားခြင်း နဲ့ မချထားခြင်းဘာကွာလဲဆိုတာကို အခု ပြောပြသွားပါမယ် ။

ဖုန်း Flight Mode မချထားတဲ့အတွက် လေယာဉ်ပျက်ကျသွားမှာတော့မဟုတ်ပါဘူး ။
ဒါပေမယ့် လေယာဉ်မောင်းခန်းရဲ့ ထိန်းချုပ်စနစ်တွေကို ဖုန်းလှိုင်းကအနှောက်အယှက်ပေးနေတဲ့အတွက် မြေပြင်နဲ့ဆက်သွယ်ရေး ချွတ်ယွင်းသွားနိုင်ပါတယ် ။

မြေပြင်နဲ့ ဆက်သွယ်ရေး ချို့ယွင်းတဲ့အခါမှာ သတင်းပို့ချက်တွေကိုအချိန်မှီလက်မခံနိုင်တော့အခါ ပျက်ဆီးမှုအကြီးအကျယ်ဖြစ်လာနိုင်ချေရှိပါတယ် ။
ထို့အပြင် ဖုန်းသံတွေဆိုတာ ပိုင်းလော့တွေကို အတော်လေး စိတ်ညစ်စေတဲ့ အရာတွေပါ ။

လေယာဉ်ပေါ်ရောက်နေတုန်းဖုန်းမြည်တဲ့အခါ ဘယ်လောက်ပဲကောင်းတဲ့ သီချင်းသံဖြစ်နေပါစေ ၊ ပိုင်းလော့တွေရဲ့နားထဲမှာတော့ ဖုန်းတစ်လုံးကို စပီကာအကျယ်ကြီးဖွင့်ထားသလို ဆူဆူညံညံကြားရမှာဖြစ်ပါတယ် ။ ပိုင်းလော့တွေ စိတ်တွေ ရှုပ်သွားခဲ့ရင် ပျော်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်လာမှာမဟုတ်တော့ပါဘူး ။

ဒါကြောင့် လေယာဉ်စီးနင်းလိုက်ပါတဲ့အခါ ဖုန်းကို Flight mode ချထားပြီး စည်းစနစ်တွေအတိုင်း လိုက်နာပေးဖို့လိုအပ်ပါတယ် ။
Credit: Min Thu (Daily Hot News )

Leave a Reply

Your email address will not be published. Required fields are marked *