ဗဟုသုတ

လူတိုင္းသိထားသင့္တဲ့ ဒုစ႐ိုက္မႈက်ဴးလြန္သူေတြက မိမိတို႔ရဲ႕အသက္အႏၲာရာယ္ကိုပါ ထိခိုက္လာပါက တရားခံမ်ား ေသဆုံးသည္အထိ မိမိကိုယ္မိမိခုခံကာကြယ္ႏိုင္သည့္ဥပေဒ

Zawgyi ျဖင့္ဖတ္ရန္

ဒုစ႐ိုက္မႈက်ဴးလြန္သူေတြက မိမိတို႔ရဲ႕အသက္ အန ၱာရာယ္ကိုပါ ထိခိုက္လာပါက တရားခံမ်ားေသဆုံးသည္အထိ မိမိကိုယ္မိမိခုခံကာကြယ္ႏိုင္ပါေၾကာင္းမ်ားမ်ားသိေအာင္ Share ေပးပါ

တရား႐ုံးမ်ားသည္ ရာဇဝတ္မႈမ်ား၌တရားခံအေနျဖင့္ကာကြယ္ခုခံပိုင္ခြင့္အရက်ဴးလြန္ရျခင္း ျဖစ္သည္ဟုထုေခ်သည္ျဖစ္ေစ မထုေခ်သည္ျဖစ္ေစရာဇသတ္ႀကီးပုဒ္မ ၉၆ ၏ကင္းလြတ္ခ်က္အရ အက်ဳံးဝင္ပါကတရားခံအေပၚျပစ္ဒဏ္မွ သက္သာခြင့္ျပဳႏိုင္သည္။(ေမာင္သိုင္းႏွင့္ ႏိုင္ငံေတာ္၊ ၁၉၆၂ ခုႏွစ္၊BLR)

လူတစ္ဦးက ရန္မူလာလွ်င္ ထြက္ေျပးရန္မလို။ရပ္တန္႔၍ ခုခံႏိုင္သည္။ရန္မူသူက မိမိအား ထပ္မံ၍ရန္မမူနိင္သည့္ထိခုခံႏိုင္သည္။မိမိကိုယ္ကို မခုခံဘဲ ထြက္ေျပးရမည္ဟုဥပေဒတြင္ မရွိ။(ေမာင္ကတုံးႏွင့္ႏိုင္ငံေတာ္၊ ၁၉၄၈ ၊BLR)

ပေထြးကမိခင္ကို ေဆးလိပ္မီးျဖင့္ထိုးရာတြင္သမီးျဖစ္သူက ဒဏ္ရာရမည္စိုး၍ ပေထြးအားဓားျဖင္ခုတ္ခဲ့ေသာေၾကာင့္ ပေထြးမွာဦးေခါင္းဒဏ္ရာ ရကာ ေဆး႐ုံ၂ ႀကိမ္တက္ၿပီးေနာက္ ေသဆုံးခဲ့သည့္ လူသတ္မႈျဖစ္သည္။

လူတစ္ဦးက အားႏြဲ႕သူအေပၚႀကီးႏိုင္ငယ္ညႇင္းျပဳလုပ္လွ်င္ရာဇသတ္ႀကီးပုဒ္မ ၉၇ အရခုခံကာကြယ္ပိုင္ခြင့္အတြင္း က်ေရာက္၍ျပစ္မႈထင္ရွားစီရင္မႈအား ပယ္ဖ်က္သည္။(မတင္ျမင့္ႏွင့္ႏိုင္ငံေတာ္၊ ၁၉၆၆ ခုႏွစ္၊ ႐ုံးခ်ဳပ္)

ေသသူက စတင္ရန္မူၿပီး သုံးေတာင့္ထိုးလက္ႏွိပ္ဓာတ္မီးျဖင့္ 4/5ခ်က္ ႐ိုက္၍တရားခံက ထင္ေခ်ာင္းျဖင့္တစ္ခ်က္႐ိုက္၍ထြက္ေျပးေၾကာင္း ေပၚေပါက္သည္။

တရားခံသည္ မေလ်ာ္အခြင့္အေရးသုံးေၾကာင္းမေပၚေပါက္သျဖင့္ကာကြယ္ခုခံပိုင္ခြင့္အတြင္းျပဳလုပ္ျခင္းျဖစ္၍ ျပစ္မႈ မေျမာက္။(မန္းေမာ္ေကးႏွင့္ ႏိုငိငံေတာ္၊ ၁၉၇၉၊႐ုံးခ်ဳပ္)

လူတစ္ဦး ရန္မူခံေနရသည့္အခါ ပြဲၾကည့္သူတစ္ဦးကဲ့သို႔ ေခါင္းေအးေအးထားၿပီး တစ္ဆင့္ၿပီးတစ္ဆင့္မည္ကဲ့သို႔ ျပဳလုပ္ရမည္ကို ေတြးေတာခ်ိနိဆေနရန္အခ်ိနိရမည္ မဟုတ္ေပ

။တရားခံသည္ မိမိအား ရန္မူသူကိုေျမႀကီးေပၚက လြတ္က်သြားသည့္ရန္သူ၏ဓားျဖင့္တစ္ခ်က္ျပန္ခုတ္လိုက္ျခင္းသည္ဥပေဒကခြင့္ျပဳထားေသာကာကြယ္ခုခံပိုင္ခြင့္အတြင္း ျပဳလုပ္ျခင္းျဖစ္သည္။(ေမာင္ေအာင္ရွင္ႏွင့္ ျမန္မာႏိုင္ငံ၊ ၁၉၇၁၊ ႐ုံးခ်ဳပ္)

သို႔ျဖစ္၍ရာဇသတ္ႀကီးဥပေဒပုဒ္မ ၉၆ပုဒ္မ ၉၇ ပုဒ္မ ၉၈ ပုဒၼ ၁၀၀ပုဒၼ ၁၀၃ တို႔အရမိမိအသက္ခႏၶာႏွင့္ တျခာသူမ်ား၏အသက္ခႏၶာအိုးအိမ္စည္းစိမ္းအတြက္အသက္ေသေစသည့္အထိကာကြယ္ခုခံပိုင္ခြင့္ရွိပါသည္။

မကာကြယ္မခုခံလွ်င္မိမိႏွင့္တျခားသူအားေဘးျဖစ္ေစလွ်င္ေသာ္လည္းေကာင္းအျပင္းအထန္နာက်င္ေစလွ်င္ေသာ္လည္းေကာင္းမုဒိန္းက်င့္ရန္ေသာ္လည္းေကာင္းကာမရာဂအား ဓမၼတာတိုင္းမဟုတ္ပဲဆန္႔က်င္သည္လက္ေရာက္မႈေသာ္လည္းေကာင္းလူခိုးရန္လက္ေရာက္မႈေသာ္လည္းေကာင္းက်ဴးလြန္ျခင္

း ခံရလွ်င္က်ဴးလြန္သည့္ မည္သူကိုမဆိုအသက္ေသေစသည့္အထိရာဇသတ္ႀကီးပုဒ္မ ၁၀၀ အရကာကြယ္ခုခံႏိုင္ပါသည္။

ပစၥည္းႏွင့္ပတ္သက္၍ရာဇသတ္ႀကီးပုဒ္မ ၁၀၃ အရေအာက္ပါအေျခအေနမ်ားတြင္က်ဴးလြန္သူ၏အသက္ ေသေစသည္အထိကာကြယ္ခုခံပိုင္ခြင့္ရရွိပါသည္။

၁ လုယက္မႈ

၂. ညအခါ ေဖာက္ထြင္းမႈ

၃. အေဆာက္အဦအား မီးျဖင့္ အက်ိဳးဖ်က္ဆီးမႈ

၄. မကာကြယ္လွ်င္ ေသေဘးသို႔မဟုတ္အျပင္းမထန္နာက်င္ေစမည့္ခိုးမႈ အက်ိဳးဖ်က္ဆီးမႈ အိမ္ေက်ာ္နင္းမႈစသည့္ ျပဳလုပ္မႈတစ္ရပ္ရပ္အားက်ဴးလြန္ျခင္းခံရပါက
အသက္ေစသည့္အထိ ကာကြယ္ခုခံႏိုင္ပါသည္။

သို႔ျဖစ္၍မိမိႏွင့္တစ္ပါးသူမ်ားအားရန္မူထိခိုက္လာပါကထြက္ေျပးတိမ္းေရွာင္ရန္ မလိုဘဲဥပေဒအရ ကာကြယ္ခုခံႏိုင္ပါေၾကာင္းေဖာ္ျပအပ္ပါသည္။
(sawsayWar – facebook မွ)ျပန္လည္မွ်ေဝပါသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …… SH ဦးဝင္းဗိုလ္ သဃၤန္းကြၽန္း

Unicode ဖြင့်ဖတ်ရန်

လူတိုင်းသိထားသင့်တဲ့ ဒုစရိုက်မှုကျူးလွန်သူတွေက မိမိတို့ရဲ့အသက်အန္တာရာယ်ကိုပါ ထိခိုက်လာပါက တရားခံများ သေဆုံးသည်အထိ မိမိကိုယ်မိမိခုခံကာကွယ်နိုင်သည့်ဥပဒေ

ဒုစရိုက်မှုကျူးလွန်သူတွေက မိမိတို့ရဲ့အသက် အန ္တာရာယ်ကိုပါ ထိခိုက်လာပါက တရားခံများသေဆုံးသည်အထိ မိမိကိုယ်မိမိခုခံကာကွယ်နိုင်ပါကြောင်းများများသိအောင် Share ပေးပါ

တရားရုံးများသည် ရာဇဝတ်မှုများ၌တရားခံအနေဖြင့်ကာကွယ်ခုခံပိုင်ခွင့်အရကျူးလွန်ရခြင်း ဖြစ်သည်ဟုထုချေသည်ဖြစ်စေ မထုချေသည်ဖြစ်စေရာဇသတ်ကြီးပုဒ်မ ၉၆ ၏ကင်းလွတ်ချက်အရ အကျုံးဝင်ပါကတရားခံအပေါ်ပြစ်ဒဏ်မှ သက်သာခွင့်ပြုနိုင်သည်။(မောင်သိုင်းနှင့် နိုင်ငံတော်၊ ၁၉၆၂ ခုနှစ်၊BLR)

လူတစ်ဦးက ရန်မူလာလျှင် ထွက်ပြေးရန်မလို။ရပ်တန့်၍ ခုခံနိုင်သည်။ရန်မူသူက မိမိအား ထပ်မံ၍ရန်မမူနိင်သည့်ထိခုခံနိုင်သည်။မိမိကိုယ်ကို မခုခံဘဲ ထွက်ပြေးရမည်ဟုဥပဒေတွင် မရှိ။(မောင်ကတုံးနှင့်နိုင်ငံတော်၊ ၁၉၄၈ ၊BLR)

ပထွေးကမိခင်ကို ဆေးလိပ်မီးဖြင့်ထိုးရာတွင်သမီးဖြစ်သူက ဒဏ်ရာရမည်စိုး၍ ပထွေးအားဓားဖြင်ခုတ်ခဲ့သောကြောင့် ပထွေးမှာဦးခေါင်းဒဏ်ရာ ရကာ ဆေးရုံ၂ ကြိမ်တက်ပြီးနောက် သေဆုံးခဲ့သည့် လူသတ်မှုဖြစ်သည်။

လူတစ်ဦးက အားနွဲ့သူအပေါ်ကြီးနိုင်ငယ်ညှင်းပြုလုပ်လျှင်ရာဇသတ်ကြီးပုဒ်မ ၉၇ အရခုခံကာကွယ်ပိုင်ခွင့်အတွင်း ကျရောက်၍ပြစ်မှုထင်ရှားစီရင်မှုအား ပယ်ဖျက်သည်။(မတင်မြင့်နှင့်နိုင်ငံတော်၊ ၁၉၆၆ ခုနှစ်၊ ရုံးချုပ်)

သေသူက စတင်ရန်မူပြီး သုံးတောင့်ထိုးလက်နှိပ်ဓာတ်မီးဖြင့် 4/5ချက် ရိုက်၍တရားခံက ထင်ချောင်းဖြင့်တစ်ချက်ရိုက်၍ထွက်ပြေးကြောင်း ပေါ်ပေါက်သည်။

တရားခံသည် မလျော်အခွင့်အရေးသုံးကြောင်းမပေါ်ပေါက်သဖြင့်ကာကွယ်ခုခံပိုင်ခွင့်အတွင်းပြုလုပ်ခြင်းဖြစ်၍ ပြစ်မှု မမြောက်။(မန်းမော်ကေးနှင့် နိုငိငံတော်၊ ၁၉၇၉၊ရုံးချုပ်)

လူတစ်ဦး ရန်မူခံနေရသည့်အခါ ပွဲကြည့်သူတစ်ဦးကဲ့သို့ ခေါင်းအေးအေးထားပြီး တစ်ဆင့်ပြီးတစ်ဆင့်မည်ကဲ့သို့ ပြုလုပ်ရမည်ကို တွေးတောချိနိဆနေရန်အချိနိရမည် မဟုတ်ပေ

။တရားခံသည် မိမိအား ရန်မူသူကိုမြေကြီးပေါ်က လွတ်ကျသွားသည့်ရန်သူ၏ဓားဖြင့်တစ်ချက်ပြန်ခုတ်လိုက်ခြင်းသည်ဥပဒေကခွင့်ပြုထားသောကာကွယ်ခုခံပိုင်ခွင့်အတွင်း ပြုလုပ်ခြင်းဖြစ်သည်။(မောင်အောင်ရှင်နှင့် မြန်မာနိုင်ငံ၊ ၁၉၇၁၊ ရုံးချုပ်)

သို့ဖြစ်၍ရာဇသတ်ကြီးဥပဒေပုဒ်မ ၉၆ပုဒ်မ ၉၇ ပုဒ်မ ၉၈ ပုဒ္မ ၁၀၀ပုဒ္မ ၁၀၃ တို့အရမိမိအသက်ခန္ဓာနှင့် တခြာသူများ၏အသက်ခန္ဓာအိုးအိမ်စည်းစိမ်းအတွက်အသက်သေစေသည့်အထိကာကွယ်ခုခံပိုင်ခွင့်ရှိပါသည်။

မကာကွယ်မခုခံလျှင်မိမိနှင့်တခြားသူအားဘေးဖြစ်စေလျှင်သော်လည်းကောင်းအပြင်းအထန်နာကျင်စေလျှင်သော်လည်းကောင်းမုဒိန်းကျင့်ရန်သော်လည်းကောင်းကာမရာဂအား ဓမ္မတာတိုင်းမဟုတ်ပဲဆန့်ကျင်သည်လက်ရောက်မှုသော်လည်းကောင်းလူခိုးရန်လက်ရောက်မှုသော်လည်းကောင်းကျူးလွန်ခြင်

း ခံရလျှင်ကျူးလွန်သည့် မည်သူကိုမဆိုအသက်သေစေသည့်အထိရာဇသတ်ကြီးပုဒ်မ ၁၀၀ အရကာကွယ်ခုခံနိုင်ပါသည်။

ပစ္စည်းနှင့်ပတ်သက်၍ရာဇသတ်ကြီးပုဒ်မ ၁၀၃ အရအောက်ပါအခြေအနေများတွင်ကျူးလွန်သူ၏အသက် သေစေသည်အထိကာကွယ်ခုခံပိုင်ခွင့်ရရှိပါသည်။

၁ လုယက်မှု

၂. ညအခါ ဖောက်ထွင်းမှု

၃. အဆောက်အဦအား မီးဖြင့် အကျိုးဖျက်ဆီးမှု

၄. မကာကွယ်လျှင် သေဘေးသို့မဟုတ်အပြင်းမထန်နာကျင်စေမည့်ခိုးမှု အကျိုးဖျက်ဆီးမှု အိမ်ကျော်နင်းမှုစသည့် ပြုလုပ်မှုတစ်ရပ်ရပ်အားကျူးလွန်ခြင်းခံရပါက
အသက်စေသည့်အထိ ကာကွယ်ခုခံနိုင်ပါသည်။

သို့ဖြစ်၍မိမိနှင့်တစ်ပါးသူများအားရန်မူထိခိုက်လာပါကထွက်ပြေးတိမ်းရှောင်ရန် မလိုဘဲဥပဒေအရ ကာကွယ်ခုခံနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။
(sawsayWar – facebook မှ)ပြန်လည်မျှဝေပါသည်။

လေးစားစွာဖြင့် ခရစ်ဒက် …… SH ဦးဝင်းဗိုလ် သင်္ဃန်းကျွန်း

Leave a Reply

Your email address will not be published. Required fields are marked *