အခ်စ္ဆိုင္ရာ, အမ်ိဳးသမီးဆိုင္ရာ

FA တစ္ေယာက္ျဖစ္ရျခင္းေၾကာင့္ ေပ်ာ္႐ႊင္ေနရတဲ့ အေၾကာင္းအရင္းမ်ား

Zawgyi ျဖင့္ဖတ္ရန္

 

တစ္ေယာက္ထဲ ရပ္တည္ေနတဲ့ သူေတြကိုဆိုရင္ တစ္ခ်ိဳ႕က မထိတထိေလွာင္တတ္ၾကတာမ်ိဳးရွိတယ္။ လူပ်ိဳႀကီး ၊အပ်ိဳႀကီး ျဖစ္မယ့္သူေတြလို႔ ေျပာတာခံရတဲ့သူေတြမွာလည္း တစ္ေယာက္ထဲေနရျခင္းရဲ႕ ေကာင္းျခင္းမ်ားစြာ ရွိေနတာ မသိၾကေသးတာေၾကာင့္ပါ။ အဲ့လို တန္ဖိုးရွိတဲ့ တစ္ေယာက္ထဲေနရျခင္းရဲ႕ ေကာင္းကြက္ေတြက ဘာေတြ ျဖစ္မလဲဆိုရင္ အခုလို အခ်က္ေတြ ၾကည့္ရင္ ေတြ႕ရမွာပါ။

အခ်ဳပ္အေႏွာင္ကင္းတယ္
လြတ္လပ္စြာေနရတဲ့ ခံစားခ်က္ကို ကိုယ္တိုင္က မလြတ္လပ္တဲ့ အခါမ်ိဳးမွ လိုခ်င္ေတာင့္တ တန္ဖိုးထားတတ္ၾကပါတယ္။ တစ္စုံတစ္ေယာက္အတြက္ စိုးရိမ္ပူပန္ရတဲ့စိတ္မရွိပဲ မိမိစိတ္တိုင္းက် ေနရတဲ့ဘဝက အမ်ားႀကီး ေပ်ာ္ဖို႔ေကာင္းပါတယ္။ ကိုယ္တိုင္ကိုယ္က် ကိုယ့္ကိစၥေတြကို စီစဥ္ရင္း ဘဝကို လြတ္လပ္ေပါ့ပါးစြာ ျဖတ္သန္းလို႔ ရတာကလည္း ေကာင္းကြက္တစ္ကြက္ပါ။

ကိုယ့္ကိုကိုယ္ပိုဂ႐ုစိုက္လို႔ရတယ္

အလုပ္တစ္ဖက္နဲ႔ အားလပ္တဲ့အခ်ိန္ေတြ နည္းလာတဲ့အခါမွာ ပိုၿပီးသိသာလာတာ တစ္ခုက တစ္ျခားအရာေတြထက္ ကိုယ့္ကိုကိုယ္အခ်ိန္ေပးရဖို႔ပါ။ လုပ္ခ်င္ေပမယ့္ အခ်ိန္မရလို႔မလုပ္ရတာေတြ ၊အလွအပအတြက္ ဂ႐ုစိုက္ရမွာေတြ ၊ မိသားစုနဲ႔အတူတူ အခ်ိန္ေပးၿပီးေပ်ာ္ရဖို႔ေတြက တကယ္လိုအပ္တာပါ။ ဒါေၾကာင့္မို႔ တစ္ျခားသူကို ဂ႐ုတစိုက္ပူပန္ေနရၿပီးအခ်ိန္ေပးေနမွာထက္ မိမိကိုယ္မိမိ ပိုၿပီး လွပေပ်ာ္႐ႊင္ဖို႔အတြက္ အခ်ိန္ေပးရတာက ပိုစိတ္ခ်မ္းသာရပါတယ္။ အခ်ိန္လည္း ပိုထြက္ပါတယ္။

သမီးရည္းစားျပႆနာေတြကင္းတယ္
ဘယ္သူမဆို ပူေလာင္ရတဲ့ ခ်စ္ျခင္းေတြနဲ႔ ႀကဳံရမွာကို လိုလားၾကမယ္ မထင္ပါဘူး။ ခ်စ္သူရည္းစားျဖစ္လာတဲ့အခါ တစ္ခါတစ္ေလ ကေတာက္ကဆ ျဖစ္တာေတြ၊ သဝန္တို ရတာေတြ ၊ နားလည္မႈလြဲတဲ့ ကိစၥေတြ အမ်ိဳးမ်ိဳးႀကဳံရပါတယ္။ ဒီလိုမ်ိဳး အဆင္မေျပပူေလာင္ေသာကမ်ားတဲ့ အေျခအေနကို တစ္ေယာက္ထဲေနတဲ့သူေတြက ခံစားရမွာမဟုတ္ပါဘူး။ ဒုကၡကိုမခံစားရတာကလဲ သုခတစ္မ်ိဳးပါပဲ။

ပိုၿပီးသန္မာတယ္
တစ္ျခားတစ္ေယာက္ကို အားကိုးတတ္တဲ့အက်င့္မရွိလို႔ FAေလးေတြက တျခားသူေတြထက္ပိုၿပီးသန္မာၾကပါတယ္။ ကိုယ္လုပ္ခ်င္တဲ့အရာေတြကို ကိုယ္တိုင္ ဦးေဆာင္ၿပီးလုပ္တတ္တာမို႔ သူမ်ားထက္ပိုၿပီးေရွ႕ေရာက္ေနတတ္ပါတယ္။ ဒါကလဲ ပိုၿပီးသိသာတဲ့ အားသာခ်က္ေတြထဲက တစ္ခုပါ။ စိတ္ခံစားခ်က္ေၾကာင့္ အခ်ိန္အၾကာႀကီး ဝမ္းနည္းပူေဆြးေနတာမ်ိဳးေတြကိုလည္း မလုပ္တတ္တဲ့ စိတ္ဓာတ္ႀကံ့ခိုင္တဲ့ FA ေလးေတြပဲ ျဖစ္ပါတယ္။

စိတ္ကူးယဥ္လို႔ရတယ္
ေမွ်ာ္လင့္ခ်က္ေတြ စိတ္ကူးစိတ္သန္းေတြ ရွိတာက လက္ေတြ႕ဘဝမွာ တကယ္အသုံးဝင္ပါတယ္။ ကိုယ့္ဘဝကို စိတ္ကူးယဥ္ရင္း ဘဝအတြက္ တည္ေဆာက္ရင္း ကိုယ့္အိမ္ေထာင္ဖက္ကိုလဲ ပုံေဖာ္ သတ္မွတ္ထားလို႔ရပါတယ္။ ေအာင္ျမင္လာတဲ့အခါ ဘယ္လိုလူမ်ိဳးနဲ႔ ဘယ္ခ်ိန္အိမ္ေထာင္ျပဳမယ္ဆိုတာမ်ိဳးေတြပါ ႀကိဳတင္ေတြးထားႏိုင္တာမ်ိဳးေပါ့။ အေတြးအေခၚေတြက လြတ္လပ္တဲ့အခါ အေတြးအျမင္ေတြကလည္း ထူးျခားေနတတ္ပါတယ္။ ဒါ့အျပင္ ထူးျခားခ်က္ကေတာ့ စိတ္ပါရင္ ကမာၻပတ္ၿပီးေတာင္ ႏွာဗူးထလို႔ရပါေသးတယ္ေနာ္။FA life ကလည္း သာယာပါတယ္ေနာ္ အခ်စ္တို႔ေရ။

Credit: aunty may

Unicode ဖြင့်ဖတ်ရန်

FA တစ်ယောက်ဖြစ်ရခြင်းကြောင့် ပျော်ရွှင်နေရတဲ့ အကြောင်းအရင်းများ

တစ်ယောက်ထဲ ရပ်တည်နေတဲ့ သူတွေကိုဆိုရင် တစ်ချို့က မထိတထိလှောင်တတ်ကြတာမျိုးရှိတယ်။ လူပျိုကြီး ၊အပျိုကြီး ဖြစ်မယ့်သူတွေလို့ ပြောတာခံရတဲ့သူတွေမှာလည်း တစ်ယောက်ထဲနေရခြင်းရဲ့ ကောင်းခြင်းများစွာ ရှိနေတာ မသိကြသေးတာကြောင့်ပါ။ အဲ့လို တန်ဖိုးရှိတဲ့ တစ်ယောက်ထဲနေရခြင်းရဲ့ ကောင်းကွက်တွေက ဘာတွေ ဖြစ်မလဲဆိုရင် အခုလို အချက်တွေ ကြည့်ရင် တွေ့ရမှာပါ။

အချုပ်အနှောင်ကင်းတယ်
လွတ်လပ်စွာနေရတဲ့ ခံစားချက်ကို ကိုယ်တိုင်က မလွတ်လပ်တဲ့ အခါမျိုးမှ လိုချင်တောင့်တ တန်ဖိုးထားတတ်ကြပါတယ်။ တစ်စုံတစ်ယောက်အတွက် စိုးရိမ်ပူပန်ရတဲ့စိတ်မရှိပဲ မိမိစိတ်တိုင်းကျ နေရတဲ့ဘဝက အများကြီး ပျော်ဖို့ကောင်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ကိုယ့်ကိစ္စတွေကို စီစဉ်ရင်း ဘဝကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းလို့ ရတာကလည်း ကောင်းကွက်တစ်ကွက်ပါ။

ကိုယ့်ကိုကိုယ်ပိုဂရုစိုက်လို့ရတယ်

အလုပ်တစ်ဖက်နဲ့ အားလပ်တဲ့အချိန်တွေ နည်းလာတဲ့အခါမှာ ပိုပြီးသိသာလာတာ တစ်ခုက တစ်ခြားအရာတွေထက် ကိုယ့်ကိုကိုယ်အချိန်ပေးရဖို့ပါ။ လုပ်ချင်ပေမယ့် အချိန်မရလို့မလုပ်ရတာတွေ ၊အလှအပအတွက် ဂရုစိုက်ရမှာတွေ ၊ မိသားစုနဲ့အတူတူ အချိန်ပေးပြီးပျော်ရဖို့တွေက တကယ်လိုအပ်တာပါ။ ဒါကြောင့်မို့ တစ်ခြားသူကို ဂရုတစိုက်ပူပန်နေရပြီးအချိန်ပေးနေမှာထက် မိမိကိုယ်မိမိ ပိုပြီး လှပပျော်ရွှင်ဖို့အတွက် အချိန်ပေးရတာက ပိုစိတ်ချမ်းသာရပါတယ်။ အချိန်လည်း ပိုထွက်ပါတယ်။

သမီးရည်းစားပြဿနာတွေကင်းတယ်
ဘယ်သူမဆို ပူလောင်ရတဲ့ ချစ်ခြင်းတွေနဲ့ ကြုံရမှာကို လိုလားကြမယ် မထင်ပါဘူး။ ချစ်သူရည်းစားဖြစ်လာတဲ့အခါ တစ်ခါတစ်လေ ကတောက်ကဆ ဖြစ်တာတွေ၊ သဝန်တို ရတာတွေ ၊ နားလည်မှုလွဲတဲ့ ကိစ္စတွေ အမျိုးမျိုးကြုံရပါတယ်။ ဒီလိုမျိုး အဆင်မပြေပူလောင်သောကများတဲ့ အခြေအနေကို တစ်ယောက်ထဲနေတဲ့သူတွေက ခံစားရမှာမဟုတ်ပါဘူး။ ဒုက္ခကိုမခံစားရတာကလဲ သုခတစ်မျိုးပါပဲ။

ပိုပြီးသန်မာတယ်
တစ်ခြားတစ်ယောက်ကို အားကိုးတတ်တဲ့အကျင့်မရှိလို့ FAလေးတွေက တခြားသူတွေထက်ပိုပြီးသန်မာကြပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေကို ကိုယ်တိုင် ဦးဆောင်ပြီးလုပ်တတ်တာမို့ သူများထက်ပိုပြီးရှေ့ရောက်နေတတ်ပါတယ်။ ဒါကလဲ ပိုပြီးသိသာတဲ့ အားသာချက်တွေထဲက တစ်ခုပါ။ စိတ်ခံစားချက်ကြောင့် အချိန်အကြာကြီး ဝမ်းနည်းပူဆွေးနေတာမျိုးတွေကိုလည်း မလုပ်တတ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ FA လေးတွေပဲ ဖြစ်ပါတယ်။

စိတ်ကူးယဉ်လို့ရတယ်
မျှော်လင့်ချက်တွေ စိတ်ကူးစိတ်သန်းတွေ ရှိတာက လက်တွေ့ဘဝမှာ တကယ်အသုံးဝင်ပါတယ်။ ကိုယ့်ဘဝကို စိတ်ကူးယဉ်ရင်း ဘဝအတွက် တည်ဆောက်ရင်း ကိုယ့်အိမ်ထောင်ဖက်ကိုလဲ ပုံဖော် သတ်မှတ်ထားလို့ရပါတယ်။ အောင်မြင်လာတဲ့အခါ ဘယ်လိုလူမျိုးနဲ့ ဘယ်ချိန်အိမ်ထောင်ပြုမယ်ဆိုတာမျိုးတွေပါ ကြိုတင်တွေးထားနိုင်တာမျိုးပေါ့။ အတွေးအခေါ်တွေက လွတ်လပ်တဲ့အခါ အတွေးအမြင်တွေကလည်း ထူးခြားနေတတ်ပါတယ်။ ဒါ့အပြင် ထူးခြားချက်ကတော့ စိတ်ပါရင် ကမ္ဘာပတ်ပြီးတောင် နှာဗူးထလို့ရပါသေးတယ်နော်။FA life ကလည်း သာယာပါတယ်နော် အချစ်တို့ရေ။

Credit: aunty may

Leave a Reply

Your email address will not be published. Required fields are marked *