ဗဟုသုတ

ေငြေၾကး မျပည့္စုံေသာ္လည္း လႉဒါန္းႏိုင္ေသာ အလႉဒါန (၇) မ်ိဳး

Zawgyiျဖင့္ဖတ္ရန္

အခါတပါး၌္ လူငယ္တစ္ေယာက္သည္ ျမတ္စြာဘုရားထံသို႔ ခ်ဥ္းကပ္၍ “ အကြၽႏ္ုပ္သည္ မည့္သည့္အရာကိုပဲလုပ္လုပ္ မေအာင္မျမင္ ျဖစ္ေန ပါသည္။

အဘယ္ေၾကာင့္ မေအာင္မျမင္ ျဖစ္ေနပါ သနည္း ” ဟု ေမးေလွ်ာက္သည္။

ထိုအခါ ျမတ္စြာဘုရားက “ အသင္သည္ အလႉ ဒါန မျပဳတက္၍ ျဖစ္သည္ ” ဟု ေျဖၾကားေတာ္ မူသည္။

“ ေငြေၾကး တစ္ျပားတစ္ခ်ပ္မွ် မရွိေသာ ဆင္းရဲသား ကြၽႏ္ုပ္အဖို႔ မည္ကဲ့သို႔ အလႉ ဒါန ျပဳႏိုင္ပါ မည္နည္း ” ဟု လူငယ္က ျပန္လည္ ေလွ်ာက္တင္ ေသာအခါ

“ အသင္ ဤသို႔မဟုတ္သည္ကို မွတ္သားေလာ့။ တစ္ဦးတစ္ေယာက္ေသာ သူသည္ ေငြေၾကး မရွိေသာ္လည္း

သူတစ္ပါးကို ေပးကမ္းႏိုင္ေသာ အလႉ ဒါန (၇) မ်ိဴ းရွိသည္ ” ။

ထို (၇) မ်ိဴ းမွာ –

(၁) မ်က္ႏွာ ဟန္အမူအရာျဖင့္ အလႉ ဒါနျပဳျခင္း

အၿပဳံးျဖင့္ ေဖာ္ေ႐ြစြာ ဆက္ဆံျခင္း။

(၂) ႏႈတ္ျဖင့္ အလႉ ဒါနျပဳျခင္း

အားေပးစကား၊ ႏွစ္သိမ့္စကား၊ ခ်ီးက်ဴးစကား ညႇာတာစကား၊ ေႏြးေထြးေသာ စကားမ်ား ေျပာဆိုျခင္း။

(၃) စိတ္ျဖင့္ အလႉ ဒါနျပဳျခင္း

စိတ္တံခါးကိုဖြင့္၍ သူတစ္ပါးကို ပြင့္လင္း ႐ိုးသားစြာ ဆက္ဆံျခင္း။

(၄) အျမင္ျဖင့္ အလႉ ဒါနျပဳျခင္း

ေကာင္းေသာေစတနာ အျမင္ျဖင့္ သူတပါးကိုၾကည့္ျမင္တတ္ျခင္း။

(၅) ကာယလုပ္အားျဖင့္ အလႉ ဒါနျပဳျခင္း

ကိုယ္ႏိုင္နင္းေသာ လုပ္ေဆာင္ေပးမႈျဖင့္ သူတစ္ပါးကို ကူညီျခင္း။

(၆) ေနရာထိုင္ခင္း အလႉ ဒါနျပဳျခင္း

ေလွစီး၊ ကားစီးသည့္အခါ မိမိထိုင္ခုံေနရာကို အိုမင္းမစြမ္းသူ၊ ကိုယ္ဝန္ရွိသူႏွင့္ ကေလးငယ္ တို႔အား မိမိ၏ထိုင္ခုံေနရာကို ထိုင္ေစျခင္း။

(၇) ေနအိမ္ အလႉ ဒါနျပဳျခင္း

မိမိ၏ အိမ္ေနရာကို သူတပါးတို႔ အနားယူရန္ ေပးကမ္းျခင္း။

မည္သူမဆို ဤအလႉ ဒါန (၇) မ်ိဳးေသာေကာင္းမႈ ကုသိုလ္ကို ေပးကမ္းေလ့ရွိသည့္ အက်င့္ေကာင္းရွိလွ်င္ ေအာင္ျမင္ျခင္းသည္ ထက္ၾကပ္မကြာ လိုက္ပါလာမည္ သာျဖစ္ပါသည္။

ေကာင္းက်ိဳး လိုရာဆႏၵျပည့္ဝၾကပါေစ။

Unicode ဖြင့်ဖတ်ရန်

အခါတပါး၌် လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “ အကျွန်ုပ်သည် မည့်သည့်အရာကိုပဲလုပ်လုပ် မအောင်မမြင် ဖြစ်နေ ပါသည်။

အဘယ်ကြောင့် မအောင်မမြင် ဖြစ်နေပါ သနည်း ” ဟု မေးလျှောက်သည်။

ထိုအခါ မြတ်စွာဘုရားက “ အသင်သည် အလှူ ဒါန မပြုတက်၍ ဖြစ်သည် ” ဟု ဖြေကြားတော် မူသည်။

“ ငွေကြေး တစ်ပြားတစ်ချပ်မျှ မရှိသော ဆင်းရဲသား ကျွန်ုပ်အဖို့ မည်ကဲ့သို့ အလှူ ဒါန ပြုနိုင်ပါ မည်နည်း ” ဟု လူငယ်က ပြန်လည် လျှောက်တင် သောအခါ

“ အသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သော သူသည် ငွေကြေး မရှိသော်လည်း

သူတစ်ပါးကို ပေးကမ်းနိုင်သော အလှူ ဒါန (၇) မျိူ းရှိသည် ” ။

ထို (၇) မျိူ းမှာ –

(၁) မျက်နှာ ဟန်အမူအရာဖြင့် အလှူ ဒါနပြုခြင်း

အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံခြင်း။

(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း

အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုခြင်း။

(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း

စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း။

(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း

ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း။

(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း

ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း။

(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း

လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ် တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

(၇) နေအိမ် အလှူ ဒါနပြုခြင်း

မိမိ၏ အိမ်နေရာကို သူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူ ဒါန (၇) မျိုးသောကောင်းမှု ကုသိုလ်ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည် သာဖြစ်ပါသည်။

ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကြပါစေ။

Credit – မူရင္းေရးသားသူ

 

Leave a Reply

Your email address will not be published. Required fields are marked *