ျပည္တြင္းသတင္း

ဗစ္တိုးရီးယားကိစၥနဲ႔ ပတ္သတ္ၿပီး ရဲတပ္ဖြဲ႕ကို တရားျပန္စြဲမယ့္ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦး

Zawgyiျဖင့္ဖတ္ရန္

ဗစ္တိုးရီးယား ကိစၥႏွင့္ပတ္သက္ ၍ ရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားကို စတင္တရားစြဲဆိုေတာ့မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း အေထြေထြအတြင္းေရးမႉး တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာသည္။ဗစ္တိုးရီးယား၏ မိဘႏွစ္ပါးႏွင့္ ၎တို႔၏ ေနျပည္ေတာ္စာခ်ဳပ္စာ တမ္းမွတ္ပုံတင္ဌာနမႉး႐ုံး အေထြေထြကိုယ္စားလွယ္လႊဲ ခံထားရသူ ဦးထင္လင္းဦး၏ လႊဲအပ္ၫႊန္ၾကား ခ်က္အရ ရာဇဝတ္က်င့္ထုံး ဥပေဒ ပုဒ္မ- ၁၉၇ (၁)အရျပည္သူ႔ဝန္ထမ္း ကိုရာဇဝတ္မႈစြဲဆိုရန္ ျမန္မာႏိုင္ငံ လြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း က ႏိုင္ငံေတာ္သမၼတထံႀကိဳတင္ခြင့္ျပဳမိန္႔ေတာင္းခံ ခဲ့ျခင္းျဖစ္ၿပီး ယခုအခါ သမၼတက အေရးယူရန္ သက္ဆိုင္ရာသို႔ ၫႊန္ၾကားထားသည့္အေပၚ အေျခခံ၍ စတင္တရားစြဲဆိုမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

“ဗစ္တိုးရီးယားအမႈကို အခုသမၼတက တိုက္႐ိုက္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ ေျပာသြားေတာ့ ကြၽန္ေတာ္တို႔က ေရွ႕လ မတ္လပိုင္းပထမလဆန္းပိုင္းေလာက္ မွာ အမႈဖြင့္ေတာ့မယ္”ဟု ဦးသိန္းသန္းဦးက ေျပာသည္။ ဗစ္တိုးရီးယားအမႈျဖစ္စဥ္သည္ မိသားစုႏွစ္စုျပႆနာမဟုတ္ဘဲ တရားစီရင္ေရးမ႑ိဳင္ကို စိန္ေခၚေနသည့္ ျဖစ္စဥ္ျဖစ္သည့္အတြက္ မိမိတို႔အေနျဖင့္ မဆုတ္မနစ္ အမွန္တရားေပၚ ေပါက္ေအာင္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္ၿပီး လုပ္ထုံးလုပ္နည္းႏွင့္အညီ မေဆာင္ ႐ြက္ႏိုင္ေသာ၊ တာဝန္ေက်ပြန္စြာ မေဆာင္႐ြက္ႏိုင္ေသာ လစ္ဟာမႈမ်ား ျဖစ္ေပၚခဲ့ေသာ ဥပေဒျပ႒ာန္းမႈမ်ား ႏွင့္ ညီၫြတ္မႈမရွိေသာ တာဝန္ရွိသူမ်ားကို သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက အေရးယူရန္ ႏိုင္ငံေတာ္သမၼတက ၫႊန္ၾကားထားေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ သတင္းစာ ရွင္းလင္းပြဲ၌ ေျပာသည္။

ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံမႈခင္းရဲတပ္ဖြဲ႕မႉးရဲခ်ဳပ္၊ မႈခင္းၫႊန္ၾကားေရးမႉးခ်ဳပ္၊ မႈခင္းရဲတပ္ဖြဲ႕ဌာနမႉးႏွင့္ရဲဇာနည္ (Page)တာဝန္ခံတို႔သည္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၉ ရက္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္ေနျပည္ေတာ္တြင္ ျပဳလုပ္ ေသာ သတင္းစာရွင္းလင္းပြဲ၌ ဗစ္တိုးရီးယားႏွင့္ပတ္သက္သည့္ ထုတ္ေဖာ္ ေျပာဆိုမႈမ်ားသည္တည္ဆဲဥပေဒမ်ား ႏွင့္ ၿငိစြန္းေနသည္ဟု ယူဆသျဖင့္ တရားစြဲစဥ္ သမၼတထံခြင့္ျပဳခ်က္ ေတာင္းခံခဲ့ျခင္းျဖစ္သည္။

Unicode ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားကိစ္စနှင့်ပတ်သက် ၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို စတင်တရားစွဲဆိုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။ဗစ်တိုးရီးယား၏ မိဘနှစ်ပါးနှင့် ၎င်းတို့၏ နေပြည်တော်စာချုပ်စာ တမ်းမှတ်ပုံတင်ဌာနမှူးရုံး အထွေထွေကိုယ်စားလှယ်လွှဲ ခံထားရသူ ဦးထင်လင်းဦး၏ လွှဲအပ်ညွှန်ကြား ချက်အရ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ- ၁၉၇ (၁)အရပြည်သူ့ဝန်ထမ်း ကိုရာဇဝတ်မှုစွဲဆိုရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း က နိုင်ငံတော်သမ္မတထံကြိုတင်ခွင့်ပြုမိန့်တောင်းခံ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သမ္မတက အရေးယူရန် သက်ဆိုင်ရာသို့ ညွှန်ကြားထားသည့်အပေါ် အခြေခံ၍ စတင်တရားစွဲဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဗစ်တိုးရီးယားအမှုကို အခုသမ္မတက တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့နော်။ သတင်းစာရှင်းလင်းပွဲမှာ ထုတ် ပြောသွားတော့ ကျွန်တော်တို့က ရှေ့လ မတ်လပိုင်းပထမလဆန်းပိုင်းလောက် မှာ အမှုဖွင့်တော့မယ်”ဟု ဦးသိန်းသန်းဦးက ပြောသည်။ ဗစ်တိုးရီးယားအမှုဖြစ်စဉ်သည် မိသားစုနှစ်စုပြဿနာမဟုတ်ဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို စိန်ခေါ်နေသည့် ဖြစ်စဉ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မဆုတ်မနစ် အမှန်တရားပေါ် ပေါက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ မဆောင် ရွက်နိုင်သော၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော ဥပဒေပြဋ္ဌာန်းမှုများ နှင့် ညီညွတ်မှုမရှိသော တာဝန်ရှိသူများကို သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့မှူးရဲချုပ်၊ မှုခင်းညွှန်ကြားရေးမှူးချုပ်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူးနှင့်ရဲဇာနည် (Page)တာဝန်ခံတို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်နေပြည်တော်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ ဗစ်တိုးရီးယားနှင့်ပတ်သက်သည့် ထုတ်ဖော် ပြောဆိုမှုများသည်တည်ဆဲဥပဒေများ နှင့် ငြိစွန်းနေသည်ဟု ယူဆသဖြင့် တရားစွဲစဉ် သမ္မတထံခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်သည်။

ေလးစားစြာျဖင့္ ခရစ္ဒက္ …… itechmedia

Leave a Reply

Your email address will not be published. Required fields are marked *