Uncategorized

(၁)နှစ်အတွင်း အကြီးအကျယ်ပြောင်းလဲသွားခဲ့တဲ့ အေသင်ချိုဆွေ

 

နိုင်ငံကျော်အဆိုတော် တစ်ဦးဖြစ်တဲ့ အေသင်ချိုဆွေက ဆယ်ကျော်သက်အရွယ်ဘဝကတည်းက သီချင်းတွေကို သီဆိုရင်း အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့သူပါ။ အေသင်ချိုဆွေရဲ့ သီချင်းကောင်းလေးတွေက ပရိသတ်တွေကြားထဲမှာ ရေပန်းစားပြီး တော်တော်လေးနာမည်ကြီးခဲ့ပါတယ်။ အေသင်ချိုဆွေရဲ့ ပရိသတ်တွေကလဲ နေရာအနှံ့အပြားမှာ အများအပြားရှိနေပါတယ်။

အေသင်ချိုဆွေက သီချင်းဆိုကောင်းရုံသာမက သရုပ်ဆောင်လဲကောင်းသူတစ်ဦးပါ။ အေသင်ချိုဆွေပါဝင်တဲ့ ရုပ်ရှင်ဗီဒီယိုတွေအမြောက်အများကိုလဲ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ လက်ခံ အားပေးခြင်းကိုလဲ ခံခဲ့ရပါတယ်။

အေသင်ချိုဆွေက ပြီးခဲ့တဲ့နှစ်တွေတုန်းက တော်တော်လေး အဝလွန်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ မမှတ်မိနိုင်တဲ့ထိဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အေသင်က အားကစားကိုသေသေချာချာလေးလုပ်ပြီး စနစ်တကျစားသောက်နေထိုင်မှုကြောင့် အခုဆိုရင် ဝိတ်တော်တော်လေးကျသွားပြီး ကိုယ်ရည်စစ်သွားပြီပဲဖြစ်ပါတယ်။

အေသင်ချိုဆွေက သူမရဲ့ပြောင်းလဲမှုခရီးစဉ်အကြောင်းကိုလဲ “မနှစ်ကဒီလိုအချိန် နဲ့ ယခုလက်ရှိ ပုံတွေပြန်တတ်လာလို့…အဲ့တုန်းက စိတ်အားငယ်မှုတွေ၊ဝမ်းနည်းမှုတွေ၊ အရှုံးသမားတယောက်လိုခံစားနေရတဲ့အချိန်၊ ဘယ်လောက်ဟန်ဆောင်ဆောင် မျက်နှာမှာပေါ်နေတယ်။ အခုလဲဝ တာတော့ “ဝ” တုန်းပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ပိုပြီးstrongဖြစ်နေလို့ ကျေနပ်တယ်။ ကျွန်မတလွဲတွေလုပ်ပြီး၊ဘယ်လောက်အမှားတွေလုပ်လုပ်၊ စိတ်မပျက်ဘဲ၊အချစ်မလျှော့ပဲ၊ ကျွန်မရဲ့ ပိန်ခြင်း၊ဝခြင်း ဖြစ်တည်မှုကအစ အခုSingle mother ဆိုတဲ့ ဖြစ်တည်မှုကိုပါလက်ခံပြီး ချစ်ပေးကြတဲ့ကျွန်မရဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ Loyalty Fans လေးတို့တယောက်ချင်းဆီကို အရမ်းကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောပြထားပါတယ်။

ပရိသတ်ကြီးလဲ အေသင့်ရဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ ရလဒ်လေးကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက ကိုယ့်ရဲ့စိတ်နဲ့ တိုက်ရိုက်သက်ဆိုင်တာမို့ စိတ်ဓာတ်သာခိုင်မာခဲ့ရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ကြိမ်းသေရရှိမှာအမှန်ပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit:Rowena

Source: Athen cho swe’s fb

Leave a Reply

Your email address will not be published. Required fields are marked *