စင်ကာပူ နိုင်ငံအစိုးရအဖွဲ့မှ တာ ဝန်ရှိသူများနှင့် စင်ကာပူရှိ အလုပ်သ မားကိုယ်စားလှယ် ကုမ္ပဏီများနှင့် ညှိ နှိုင်းကာ စင်ကာ ပူရောက် မြန်မာအိမ် အကူများအတွက် စည်းမျဉ်းသတ်မှတ် ချက်အသစ်များချမှတ်ရန် စီစဉ်ကြရာ တွင် ထိုအချက်သည် ပထမဆုံးအချက် ဖြစ်သည်။ဒုတိယအချက်မှာ မြန်မာအိမ် အကူများအား တစ်လလျှင် အနည်းဆုံး အားလပ်ရက် တစ်ရက်ပေးရမည်ဖြစ်ပြီး၊ တတိယအချက်အနေဖြင့် အိမ်အကူ များက အလုပ်သ မား ကိုယ်စားလှယ် ကုမ္ပဏီများသို့ပေးရမည့် ဝန်ဆောင်မှု ငွေကြေးသည် ယင်းတို့ရရှိမည့် လေး လစာ လစာငွေ ထက်မများရဟူ၍ ဖြစ် သည်။ သို့ရာတွင် ယင်းတို့ကိုအတိအကျ အကောင် အထည်ဖော်ရန်မှာမူ လက် ငင်းအခြေအနေတွင် ဖြစ်နိုင်ဦးမည် မ ဟုတ်ကြောင်း စင်ကာပူရှိ အလုပ် သမားကိုယ်စားလှယ် ကုမ္ပဏီများက ပြောသည်။
စင်ကာပူရှိ မြန်မာအိမ်အကူအများ စုမှာ လစာအဖြစ် စင်ကာပူဒေါ်လာ ၄ဝဝ မှ ၄၃ဝ အတွင်းရရှိနေကြပြီး၊ အားလပ်ရက်ဟူ၍မရှိချေ။
ဝန်ဆောင်မှု ငွေကြေးအဖြစ်လည်း မိမိတို့၏ ၈ လစာ နှင့်ညီမျှသော ငွေကို အလုပ်သမားကိုယ် စားလှယ်များအား ပေးနေကြရရာ များ သောအားဖြင့် စင်ကာပူဒေါ်လာ ၃ဝဝဝ ထက်ပိုမိုနေ၏။ အမှန် အားဖြင့်မူ အလုပ်လုပ်ခွင့် ပါမစ်လက်ကိုင်ရှိပြီးသား အိမ်အကူတို့ ကို ရက်သတ္တတစ်ပတ်လျှင် တစ်ရက်မျှ အားလပ်ရက်ပေးရမည်ဖြစ်ပြီး၊ အကယ် ၍မပေးနိုင်ပါက တစ်ရက် စာလုပ်ခအပို ဆောင်းပေးရမည်ဟု ၂ဝ၁၃ ခုနှစ် အစ ပိုင်းကတည်းက သတ်မှတ်ထားပြီးဖြစ် လေ၏။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အစိုးရတို့ကမူ သူတို့နိုင်ငံသား အိမ်အ ကူ များအား အနိမ့်ဆုံးလစာအဖြစ် ကန် ဒေါ်လာ ၅ဝဝ နှင့် ၄၅ဝ ပေးရမည်ဟု တောင်းဆိုထားကြပြီး ရက်သတ္တတစ် ပတ်လျှင် အားလပ်ရက် တစ်ရက်ပေး ရမည် ဟု လည်း တောင်းဆိုထားသည်။
အင်ဒိုနီးရှားတို့ကမူ ဝန်ဆောင်မှု ငွေကြေးကို စင်ကာပူဒေါ်လာ ၂ဝဝဝ ထက်မပိုစေရဟု တောင်းဆိုထားကြ သော်လည်း ဖိလစ်ပိုင်တို့ကမူ လုံးဝမ ပေးလိုပါ။ ထို့ကြောင့် ပင်လျှင် မြန်မာ အိမ်အကူများ စင်ကာပူနိုင်ငံတွင် လွန်ခဲ့ သည့် ၂ နှစ်ကထက် ၅ဝ ရာခိုင်နှုန်းမျှပိုမို များပြားလာကြခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူတို့က ဆိုကြသည်။
ယင်းသည် မြန်မာအိမ်အကူ နှစ် သောင်းမှသုံးသောင်းအထိ စင်ကာပူ တွင် များပြားလာခြင်းပင်ဖြစ်တော့သည်။ ”ဒါပေမဲ့ မြန် မာအိမ်အ ကူတွေ ဟာ လေ့ ကျင့်ပေး ထားတာတွေမဟုတ်ကြဘူး ဗျ။ ပြီးတော့လည်း ဝန်ဆောင်မှု စရိတ်က မြင့်တယ်။ ဒါကြောင့်ပဲ အလုပ်မှာ အ ဝင်အထွက်နှုန်း ကမြင့်နေပြန် တယ်”ဟု Best Home အလုပ် သမားအေဂျင်စီ ပိုင်ရှင် တေခွန်ဘန်းက ပြောပါသည်။
”၈ လလောက်အထိသူတို့ဟာ ဝန်ဆောင်မှုငွေကို ပြန်ဆပ်နေရတယ်။ အိမ်ကို တစ်ပြားမှပြန်မပို့နိုင်ကြဘူး။ ဒီတော့ကာ အများစုဟာ လက်မြှောက် ပြီး ပြန်ပြေး ကုန်ကြေ တာ့တာပဲ” ဟု လည်း သူက ဆက်ပြောပါသေးသည်။ မြန်မာအိမ်အကူများသည် ယခင် က တရားမဝင်အလုပ်လုပ်နေကြရသည့် သဘောဆောင်ခဲ့သော်လည်း ယခုအခါ တွင်မူ မြန်မာအစိုးရအနေဖြင့် စင်ကာပူ နှင့် ဟောင်ကောင်တို့သို့ အိမ်အကူများ တရားဝင်အလုပ်လုပ်ခွင့်ကို သဘောတူလိုက်ပြီ ဖြစ်သည်။ ထိုင်ဝမ်အတွက်မူ သဘောတူ ညီချက်မရသေးချေ။
Popular Myanmar News Journal
မှတ်ချက်များ