ငပုတောမြို့တွင် အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ကျွမ်း




ဧရာဝတီတိုင်း ငပုတောမြို့နယ် ထိန်တန်းကဗ္ဗလာကျေးရွာတွင် မတ်လ ၁၈ ရက် ညနေ ၅ နာရီက ၄ နာရီခန့် မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၂၇၄ လုံး မီးလောင်ကျွမ်းခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

"ထမင်းချက်တာက စလောင်တာလို့ သိရတယ် ယခုထိ တိတိကျကျ မသိရသေးဘူး ည ၉ နာရီကျော်က "ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ညနေ ၅ နာရီကျော်တွင် စတင်ခဲ့ပြီး ည ၉ နာရီဝန်းကျင်တွင် မီးငြိမ်းသွားသည်ဟု မီးသတ်ဦးစီးဌာနက အတည်ပြုပြောကြားသည်။

မီးလောင်ကျွမ်းသည့်နေရာသို့ ပုသိမ်မြို့မှ ကယ်ဆယ်ရေး ပစ္စည်းများ၊ စားနပ်ရိက္ခာများကို ပုသိမ်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဦးစီးကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူ ညတွင်းချင်း ပို့ဆောင်ခဲ့ရသည်။

ထိန်တန်းကဗ္ဗလာ ကျေးရွာသည် ငပုတောမြို့မှ ၄ နာရီခန့် သွားရသည်ဟု သိရသည်။

စည်သူမောင်မောင် | Mizzima - News in Burmese

မှတ်ချက်များ