လစ်လပ်လွှတ်တော်ကိုယ်စားလှယ် ၃၁နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်

 

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့တွင် လစ်လပ်လျက် ရှိသော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးတို့၏ နေရာများအတွက် အစားထိုး ခန့်အပ်ရန် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကျင်းပနိုင်ဖွယ်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂ဝ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

၂ဝ၁၅ ရွေးကောက်ပွဲကိုမူ  ၂ဝ၁၅နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

စိုးသန်းလင်း | Mizzima - News in Burmese

မှတ်ချက်များ