ဖိလစ်ပိုင်နိုင်ငံက လမ်းဘေးအစားအစာ Balut ဘဲသန္ဓေသားဥ


Balut (သို့ ) ballot လို့ ခေါ်တဲ့ ဖိလစ်ပိုင်အစားအစာဟာ ဖွံ့ ဖြိုးဆဲ ဘဲသန္ဓေသားလောင်းကို ဥအခွံအတွင်းမှာ အရှင်လတ်လတ် ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အများအားဖြင့် လမ်းဘေးစာ အဖြစ် ရောင်းချကြပါတယ်။ တခြားအရှေ့ တောင်အာရှနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့ မှာလည်း လူအများ စားသောက်တဲ့ စားစရာအဖြစ် ရောင်းချပြီး ဘီယာနဲ့ မြည်းတတ်ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ balut စားတဲ့သူတွေဟာ ဥတွေကို ဆား ဒါမှမဟုတ် ငရုတ်သီး၊ ကြက်သွန်ဖြူ နဲ့  ရှာလကာ ရည်အရော တို့ နဲ့ အရသာပေါင်းထည့်ပြီး စားသုံးတာကို ပိုကြိုက်ကြပါတယ်။ ဥတွေရဲ့ နူးညံ့မှုနဲ့  အနံ့  ပေါ် မူတည်ပြီး အရသာပိုတွေ့ ကြတယ်လို့ ဆိုပါတယ်။ သန္ဓေသားကို ၀န်းရံထားတဲ့ ပရိုတင်းဓာတ်နဲ့  အာဟာရ ဓာတ်တွေကြွယ်ဝတဲ့ အရည်ကြည်ကို ဥခွံမခွာခင် စုပ်သောက်ကြပြီး ဥအနှစ်နဲ့  အကောင်ပေါက် လေးကို လည်း စားသုံးနိုင်ပါတယ်။

အကောင်ပေါက်နေတဲ့ ဘဲဥတွေကို နေရောင်ခြည်မှာ နွေးထွေးအောင်ထားကာ ဆက်ပြီးနွေးနေအောင်လို့  ခြင်းတောင်းတွေထဲမှာ သိုလှောင်ထားတတ်ပါတယ်။ ကိုးရက်ကြာပြီးတဲ့အခါ မှာ ဥထဲက သန္ဓေသားလေး ဖြစ်လာအောင်လို့  အလင်းရောင် ပြပါတယ်။ ရှစ်ရက်ခန့် ကြာရင်တော့ balut ဥတွေကို ချက်ပြုတ် ရောင်းချ စားသုံးနိုင်ပါပြီ။ ချက်ပြုတ်တဲ့ နည်းကတော့ ကြက်ဥတွေကို မကြက်တ ကြက်ပြုတ်သလိုပါပဲ။ balut တွေ နွေးနေတုန်းစားရပါတယ်။

အာရှဈေးကွက်တွေကနေ အမေရိကန်ပြည်ထောင်စုထိ မချက်ပြုတ်ရသေးတဲ့ balut ဥအစိမ်းတွေကို တင်ပို့  ကြပြီး မေးလ်ကနေတစ်ဆင့်လည်း မှာယူနိုင်ပါတယ်။

ဖိလစ်ပိုင်မှာတော့ balut ဟာ ၁၇ ရက်သက်တမ်းရှိတာ အကောင်းဆုံးဖြစ်ပြီး ဥထဲက အကောင်လေး ဟာ နှုတ်သီးတွေ ခြေချောင်းလေးချောင်း၊ အမွှေးအတောင်နဲ့ အရိုးတွေ မဖွံ့ ဖြိုးသေးခင်အနေအ ထားဖြစ်ပါတယ်။ ဗီယက်နမ်မှာတော့ ဥထဲက အကောင်လေးသိသိသာသာဖြစ်လာတဲ့အချိန် ၁၉ ရက်နေ ၂၁ ရက်အတွင်း ဥကို ကြိုက်နှစ်သက်ကြပြီး အရိုးတွေက မာကျောနေနိုင်ပေမယ့် ချက်ပြုတ်လိုက် ရင်တော့ နူးညံ့သွားတယ်လို့  ဆိုပါတယ်။

Angel | Trend Myanmar

မှတ်ချက်များ