ဝန်ကြီးအချို့ အပြောင်းအလဲရှိဦးမည်ဟု သတင်းထွက်ပေါ်


မကြာမီရက်ပိုင်းအတွင်း အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုဝန်ကြီးအချို့အား တာဝန်မှနုတ်ထွက်ခွင့် ပြုတော့မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
တာဝန်မှ ရပ်စဲမည့်သူများထဲတွင် သမ္မတက ပေးအပ်သည့် တာဝန်များအား ကျေပွန်စွာ မထမ်းဆောင်သည့် ၀န်ကြီးများ ပါဝင်မည်ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူများက ပြောသည်။

‘‘သမ္မတကြီးက မနှစ်ကတည်းက မှာထားပြီးသား။ ပေးထားတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ရင် ထွက်စာ တင်ပါလို့’’ဟု ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတက သတ်မှတ်ထားသော စီမံကိန်းများကျန်ရှိနေသည့် ကာလအတွင်း အကောင်အ ထည်ဖော်နိုင်ရန် တာဝန်ကျေပွန်စွာ မထမ်းဆောင်သည့် ၀န်ကြီးများအား အနားယူခိုင်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးတာဝန်မှ နုတ်ထွက်ခွင့်ပြုမည့် ၀န်ကြီးများထဲတွင် ကျန်းမာရေးဝန်ကြီး ပါဝင်နိုင်ကြောင်း လည်း နိုင် ငံတော်သမ္မတ နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနများ၊ ဆေးရုံအုပ်များသည် ဌာနလုပ်ငန်းများကို သက်ဆိုင်ရာ သမားရိုးကျ ပုံမှန်လမ်းကြောင်းအတိုင်းတင်ပြပြီး ၀န်ကြီးဌာနက အမိန့်ကျမှသာ လုပ်ဆောင်နေသည့်အတွက် အချို့သော လုပ်ငန်းများ ကြန့်ကြာကာ မပြီးစီးနိုင်သည်ကို တွေ့ရပါကြောင်း အမျိုးသား ကျန်းမာရေးကော် မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇွန်လ ၁၉ ရက်တွင်ပြုလုပ်သည့် ကျန်းမာရေး ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေး၌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မျိုးမြင့်တို့အား နုတ်ထွက်ခွင့်ပြုပြီး သာသနာရေးဝန်ကြီးအား တာဝန်မှ ရပ်စဲခဲ့သည်။

7day

မှတ်ချက်များ