ဆွီဒင်ကျောင်းတစ်ကျောင်းတွင် အမျိုးသမီးအင်္ဂါအား တစ်တန်းတစ်ယောက်နှုန်း လှီးဖြတ်ခံထားရကြောင်းတွေ့ရှိ

ဆွီဒင်နိုင်ငံကျောင်းတစ်ကျောင်းက အမျိုးသ မီး ကျောင်းသူတွေဟာ တစ်တန်းမှာ တစ်ယောက် နီးပါးနှုန်း အမျိုးသမီး အင်္ဂါကို လှီးဖြတ်(FMG) ခံထားရတယ်လို့ဆိုပါတယ်။

ဆွီဒင်သတင်းစာ Norrköpings Tidningar ရဲ့အဆို အရ ဆွီဒင်နိုင်ငံအရှေ့ဘက် Norrköping မြို့ ရှိ ကျောင်း ကျန်းမာရေး အဖွဲ့က FMG ဖြစ်ရပ်ပေါင်း ၆၀ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တစ်ချို့FMG များဟာ အလွန်ပြင်းထန်ပြီး အပေါ်ယံတစ်ခုလုံးကို လှီးဖြတ်ကာ ပြန်လည်ချုပ်ထား တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလို FMG ပြုလုပ်မှုဟာ ယဉ်ကျေးမှုနဲ့ ဘာသာရေးအစဉ် အလာအရ ပြုလုပ်ရမယ်လို့ခံယူထားတဲ့ မိသား စုတွေမှာ ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။

FMG ဟာ အင်္ဂလန်လို နိုင်ငံကြီးတွေမှာပါ ပြဿနာတစ်ခုအဖြစ်ရှိနေပြီး ခန့်မှန်းခြေအရ အင်္ဂလန်နိုင်ငံရဲ့ ၁၅ နှစ်အောက် မိန်းကလေးပေါင်း ၂၀၀၀၀ ဟာ ဒီအန္တရယ်နဲ့ ရင်ဆိုင်နေရကာ အမျိုးသမီးပေါင်း ၆၀၀၀၀ ဟာ FMG ပြုလုပ် ခံထားရပါတယ်။

ဆွီဒင်မှာလိုပဲ အင်္ဂလန်နိုင်ငံက မိန်းကလေးတွေဟာလည်း ဒီအန္တရယ်အား သူတို့မိဘတွေရဲ့ ဌာနေတိုင်းပြည်ကို အလည်အပတ် သွားတဲ့အခါမှာ အများဆုံးကြုံ့နေရတယ် လို့ဆိုပါတယ်။ 

Phothutaw

မှတ်ချက်များ