ကိုယ်တိုင် သီးစုံ ဒိန်ချဉ် အချိုပွဲလေးလုပ်စားကြရအောင်
နေ့လယ်စာ၊ ညနေစာ စားပြီရင် အချိုလေး တည်ချင်သူတွေ အတွက်ပါ။ ဒါကြောင့် သီးစုံ ဒိန်ချဉ် အချိုပွဲကို ရွေးချယ်ပေးထားပါတယ်။ ဒိန်ချဉ် အဆီနည်းတာမို့ ၀ိတ်ချချင်သူတွေအတွက် ကောင်းမွန်တဲ့ အချိုပွဲလေး တစ်ခုပါ။
ပါဝင်ပစ္စည်းများ
• ဒိန်ချဉ် (low-fat) - ၁ခွက် (measurement ခွက်)
• သီးစုံစည်သွပ် - ခွက် တ၀က်
• Almond - စားပွဲတင်ဇွန်း ၃ဇွန်းစာ (မညက်တညက် ထောင်းထားပါ)
• ပျားရည် - စားပွဲတင်ဇွန်း ၁ဇွန်း
ပြုလုပ်နည်း
၁။ ဖန်ခွက်တစ်ခုထဲ (Almond (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဒိန်ချဉ်(စားပွဲတင်ဇွန်း ၂ဇွန်း)၊ သီးစုံ(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ဒိန်ချဉ်(စားပွဲတင်ဇွန်း ၂ဇွန်း)၊ သီးစုံ(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ဒိန်ချဉ်(စားပွဲတင်ဇွန်း ၂ဇွန်း)) တို့ကို အစီအစဉ်လိုက် ထည့်ပေးပါ။
၂။ ပြီမှ Almond ဖြူးပေးပြီ ပျားရည်လေးများ ဆမ်းပေးပါ။
၃။ အပေါ်ဆုံးမှ သီးစုံဖြင့် အလှဆင်ပေးပြီ အရသာရှိစွာ သီးစုံ ဒိန်ချဉ်အချိုပွဲကို သုံးဆောင်နိုင်ပါပြီ...
Wutyee Food House

မှတ်ချက်များ