ချိုင်းပတ်နံ့ နံခြင်းကို ခရမ်းချဉ်သီးစားပြီး ကာကွယ်ပါ

ချိုင်းပတ်နံ့နံခြင်း၊ ချိုင်းချွေးစော်နံခြင်းတွေကို မျိုးဗီဇ ဆိုင်ရာ အချက်တွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အား နည်းခြင်းတွေက လွှမ်းမိုးမှုရှိပါတယ်။

ဒါပေမယ့် လျော့ပါးစေနိုင်တဲ့ နည်း လမ်းတွေ လည်း ပေါ်ပေါက်နေ ပါပြီ။

အဲဒီနည်းလမ်းတွေမှထဲကမှ ခရမ်းချဉ်သီးရဲ့ အာနိသင်ကိုလည်း ဖော်ပြပေး လိုပါတယ်။ ခရမ်းချဉ်သီးရဲ့ ပင်စည်ထဲမှာ ချိုင်းချွေးနံ့နဲ့ ဆင်ဆင်တူတဲ့ terpenes လို့ခေါ်တဲ့ အဆီတစ်မျိုး ပါဝင်ပါတယ်။

အဲဒီအဆီမှာ ပါဝင်တဲ့ အနံ့ကို ခရမ်းချဉ်သီးထဲကို ၀င်မလာအောင် ခရမ်း ချဉ်သီးမှာပါဝင် တဲ့ အင်ဇိုင်းဖြစ်တဲ့ လူကိုပင်း (lycopene) က တားဆီးပေး နိုင် ပါတယ်။ ဒီအာနိသင်ကို ဖော်ထုတ် နိုင်တာကြောင့် အနာဂတ်မှာ ထုတ်လုပ်မယ့် ချိုင်းချွေးနံ့ပျောက်ဆေး နဲ့ ရေမွှေးတွေမှာ ခရမ်းချဉ်သီးကို ထည့်သွင်းဖော်စပ်နိုင်မှာဖြစ်ပြီး မထွက်ရှိသေးခင်တော့ ခရမ်းချဉ်သီးကို စားသုံးပြီး ချိုင်းချွေးနံ့ကိုကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်လူမျိုး သမားတော်တစ်ဦးဖြစ်တဲ့ Dr. Charles Stewart က ရှင်းလင်း ပြောထားပါတယ်။


Health Updates Journal

မှတ်ချက်များ