အဝေးသင်တက္ကသိုလ် ကျောင်းအပ်ရက် ဇွန်လကုန်အထိ တိုးမြှင့်

ယခုပညာသင်နှစ်တွင် ကျောင်းအပ်နောက်ကျသည့် အ ဝေးသင်တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား များ ကို ဇွန်လ ၃၀ ရက်အထိ ထပ်တိုးကျောင်းအပ် ရက်အဖြစ် ကျောင်းဝင်မှတ်ပုံတင် ခြင်း လက်ခံပေး သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျောင်းအပ်နောက်ကျတဲ့ ကလေးတွေကို ဇွန်လ ၃၀ ရက် အထိ လက်ခံပေးလိုက်တာပါ။ အဆိုင်းမန့် တင် တာတော့ ပထမ အဆိုင်းမန့်တော့ လွန်သွား ပြီပေါ့။

နောက်ကျတင်တော့ ဖြစ်သွား တယ်။ ဒါပေမဲ့ တင်တော့တင်ရ မှာပါ။ မတင်ရင် Incomplete နဲ့ ကျမှာကိုး။ စာမေးပွဲမှာ အမှတ် တော့ လျှော့တာပေါ့။ အများကြီး တော့ မလျှော့ပါဘူး။ ကြိုးစားရင် အောင်မှာပါ’’ ဟု အဝေးသင် ပါမောက္ခချုပ် (အောက်မြန်မာ ပြည်) ဒေါက်တာလှတင့်က ပြော သည်။ ထပ်တိုး ကျောင်းအပ် လက် ခံရာတွင် သက်ဆိုင်ရာ ဘာသာ ရပ်အသီးသီးရှိ ပထမနှစ်၊ ဒုတိယ နှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် ကျောင်းသားအားလုံးကို လက်ခံ ပေးသွားမည်ဖြစ်သည်။

‘‘ကျောင်းက ကျောင်းအပ် တော့ လက်ခံတယ်။ အဆိုင်းမန့် တင်တဲ့ရက်ကျတော့ နောက်ကျ နေပြီ။ အဲဒီတော့ အမှတ်အပြည့် မရနိုင်တော့ဘူး။ အဆိုင်းမန့်တင် တာ ၁၅ ရက် နောက်ကျရင် အ မှတ်တစ် ဝက်လျှော့တယ်။ စာမေးပွဲဝင်ဖြေပေမယ့် အဆိုင်းမန့်က အမှတ်လျော့နေတော့ ပြဿနာတွေ အများကြီး ဖြစ်နိုင်တယ်’’ ဒဂုံတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။

ယခု ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ် ကျောင်း သားများ ကျောင်းအပ်လက်ခံ သည့်ရက်ကို မတ်လ ၃၁ ရက်အ ထိသာ ကျောင်းအပ်လက်ခံခဲ့ သောကြောင့် ကျောင်းအပ်နောက် ကျသည့် ကျောင်းသား များပြားခဲ့ ၍ ယခုကဲ့သို့ နောက်တိုးကျောင်းအပ်လက်ခံခြင်းဖြစ်သည်။

‘‘အဝေးသင်ကျောင်းအပ် တာက ခါတိုင်းငါးလပိုင်း နောက် ဆုံး ကျောင်းအပ်လက်ခံနေကျကို ဒီနှစ်တော့ သုံးလပိုင်းနဲ့ ပိတ်လိုက် တော့ ကျောင်းသားတစ်ထောင် ကျော်လောက် ကျောင်းအပ်ခွင့် ဆုံးရှုံးသွားတယ်။ အဲဒါက ကြိမ် ဖန်များစွာ ကျောင်းအပ်ခွင့်ကို တောင်းဆိုခဲ့လို့ အခုနောက်တိုးအ နေနဲ့ ဇွန်လ ၃၀ ရက်အ ထိ ကျောင်းအပ်ခွင့်ရတယ်။ ဒီလို နောက်တိုး အပ်ခွင့်ရတယ်ဆိုတာကို သူတို့ကလည်း မကြေညာပေး ဘူး။ ရှေ့က နံရံကြော်ငြာဆိုင်းဘုတ်မှာပဲ ကပ် ထားတယ်’’ ဟု ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းသုခ က ပြောသည်။

မြန်မာနိုင်ငံတွင် ယခုပညာသင်နှစ်၌ အဝေးသင်တက္ကသိုလ် တက်ရောက် ပညာသင်ယူနေသော ကျောင်း သားဦးရေမှာ သုံးသိန်းတစ်သောင်းကျော်ရှိပြီး ပုံမှန်တက္ကသိုလ် တက်ရောက်သူများထက် နှစ်ဆနီးပါး များပြားနေခဲ့သည်။



ထွန်းခိုင် | 7daydaily

မှတ်ချက်များ