ကမ္ဘာ့ပထမဆုံး အီလက်ထရောနစ် ဆေးခြောက်စီးကရက် e-joint


နယ်သာလန်နိုင်ငံက တီထွင်လိုက်တဲ့ ဒီ e-joint ဟာ ကမ္ဘာ့ပထမဆုံး ဆေးခြောက်စီးကရက် လို့  ယူဆရပါတယ်။

E-Njoint BV ဆိုတဲ့ ကုမ္ပဏီဟာ တစ်နေ့ ကို သစ်သီးအနံ့ အရသာထည့်သွင်းထားတဲ့ ဆေးခြောက်စီး ကရက် ပေါင်း တစ်သောင်း ကို ထုတ်လုပ်ပြီး ဥရောပအနှံ့ မိတ်ဆက်ဖြန့် ချိနေပါပြီ။

ဒီစီးကရက်မှာ ဆေးရွက်ကြီး ၊နီကိုတင်းးနဲ့  ဆေးခြောက်မှာအဓိကပါဝင်တဲ့ THC ဓာတ်တို့ ပါဝင်ခြင်းမရှိတဲ့ အတွက် ၁၀၀ ရာခိုင်နှုန်း တရားဝင်ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးထုတ် e-joint မှာတော့ အသုံးပြုသူတွေဟာ မိမိကိုယ်ပိုင် ဆေးခြောက်အရည် ဒါမှမ ဟုတ် ဆေးရွက်ခြောက်တွေနဲ့ ဖြည့်နိုင်ပါပြီ။

E-Njoint ကုမ္ပဏီဟာ ဆေးဘက်ဝင်ဆေးခြောက်အထူးပြုစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Tikun Olam နဲ့ လက်ရှိ ဆွေးနွေးနေပြီး ကျန်းမာရေးဈေးကွက်အတွက် ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ ကူညီနိုင် ဖို့ ဖြစ်ပါတယ်။

E-Njoint ရဲ့ CEO Menno Contant က “ ဟော်လန်ဟာ မူးယစ်ဆေးအပျော့စားတွေအပေါ် နိုင်ငံရဲ့ သဘောထားကြီးမှုနဲ့ အတွေးအမြင် လွတ်လပ်ခြင်းရှိမှုတို့ ကြောင့် လူသိများပါတယ်။ အခုလို ထုတ်ကု အသစ်ကို မိတ်ဆက်ပေးနိုင်ခြင်းက အဆို တစ်ခုကို ပေးစွမ်းနိုင်တယ်။ ခင်ဗျားဟာ တခြားလူတွေကို အနှောင့်အယှက်ဒုက္ခမပေးဘဲ တရားဝင်စည်းဘောင်ထဲမှာ နေနေသရွေ့  အားလုံးဟာ အိုကေစိုပြေပဲ။”

Angel | Trend Myanmar

မှတ်ချက်များ