အစွန်းရောက် သူပုန်အုပ်စု ISIS က လိင်ကိစ္စအတွက် သမီးဆက်သရန် ပြည်သူများထံ တောင်းဆို
အီရတ်နှင့် ဆီးရီးယားတို့တွင် လတ်တလော အပြင်းအထန် သူပုန်ထနေသော စွန်နီဘာသာရေး အစွန်းရောက်အုပ်စု ISIS က မိသားစုများအား သမီးဆက်သရန် တောင်းဆိုကြောင်း The Daily Mirror မှ ဖော်ပြသည်။ ၎င်းတို့ဆင်နွှဲနေသော ဘာသာရေး စစ်ပွဲတွင် အမျိုးသမီးများလည်း မဖြစ်မနေ ပါဝင်ရ မည်ဖြစ်ပြီး စစ်သွေးကြွတို့နှင့် လိင်ဆက်ဆံခြင်းဖြင့် ၀ိညာဉ်အား သန့်စင်ကြရန် တောင်းဆို ထားသည်။
အစွန်းရောက်တို့ သိမ်းပိုက်ထားသည့် မိုစူးလ်နှင့် တိကရစ်မြို့များတွင် တွေ့ရသော လက်ကမ်းစာစောင်များ ၌ ဘုရာသခင်၏အလိုတော်ကို ချိုးဖောက်သူများ ရိုတ်နှက်နှိပ်စက်ခြင်း၊ သတ်ပစ်ခြင်း ခံရမည်ဖြစ်ကြောင်း လည်း ရေးသားထားသည်။
ဆော်ဒီနိုင်ငံမှ ဘာသာရေးခေါင်းဆောင်တဦး ပေးထားသော အစ္စလာမ်ဘာသာရေးဆိုင်ရာ စည်းမျည်းစီရင် ထုံး(fatwa) တခုအရ ISIS စစ်သွေးကြွများအား ဆီးရီးယားအမျိုးသမီးများအပေါ် အဓမပြုကျင့်ခွင့်ပေး ထားသည်။
“ဒါဟာ အစ္စလာမ်ဘာသာရဲ့အဆုံးအမတွေအားလုံးနဲ့ ဆန့်ကျင်ဖီလာဖြစ်ပါတယ်၊ သူတို့(စစ်သွေးကြွများ)က မိန်းမတွေအပေါ် ဒီလိုမဒိန်းပြုကျင့်တာကို လိင်ဂျီဟတ်တမျိုးလို့ ထင်နေတယ်၊ မဟုတ်ပါဘူး။ ဒါဟာ စစ်ရာဇ၀တ်မှုပါ” လို့ ဘဂ္ဂဒက်တက္ကသိုလ်မှ လက်ချာဆရာ နာဆာကတ်တောက ပြောသည်။
News Watch

မှတ်ချက်များ