လေးထောင့်ပုံစံနှင့် Passport စမတ်ဖုန်းသစ်ကို Blackberry မိတ်ဆက်ပြသ


Blackberry ကုမ္ပဏီသည် ယ ခုနှစ် ကုန်ပိုင်းတွင် စတင်ရောင်းချမည့် ဒီဇိုင်းသစ် စမတ်ဖုန်းကို ပထမဆုံးအ ကြိမ် ပြသလိုက်သည်။

စမတ်ဖုန်း ဈေးကွက်ထဲတွင် Appleနှင့် Samsungတို့၏ ကြီးစိုးမှုများကြောင့် ရှင်သန်ရပ်တည်ရေး ရုန်းကန်နေ ရသည့် ကုမ္ပဏီကြီးသည် ဒီဇိုင်းပိုင်း အပြောင်းအလဲ ပြုလုပ်ထားသည့် လေးထောင့်စမတ်ဖုန်း တစ်လုံးကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ယင်းကို Passportဟု အမည်ပေးထားကြောင်း သိရှိရသည်။

ထူးခြားသော ပုံသဏ္ဌာန်နှင့် စမတ်ဖုန်းကို ဒီဇင်ဘာလတွင် စတင်ရောင်းချသွားမည်ဟု ကြေညာခဲ့သော် လည်း ဖုန်း၏ ထူးခြားချက် ဝိသေသများကို အတိအကျ ထုတ်ဖော် ပြောဆိုရန်မူ Blackberry က နှုတ်ဆိတ် လျက်ရှိသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌ၏သစ် ဂျွန်ချန်းက Passportနှင့် ပတ်သက်သည့် အချက်အလက်များကို လန်ဒန်မြို့တွင် စက်တင်ဘာလ၌ ကြေညာမည်ဟုသာ ပြောကြားခဲ့သည်။ ဖုန်းတွင် သီးခြားKeyboardအပြင် ကြီးမားသည့် Touchscreen တစ်ခုကိုပါ တပ်ဆင်ထားသည်ကို တွေ့ရသည်။

ချန်းက Blackberryသည် ဇူလိုင်လတွင် Windows Phone OSကို အသုံးပြုထားသည့် စမတ်ဖုန်းသစ်ကို လည်း မိတ်ဆက် ရောင်းချမည်ဟုလည်း ကြေညာထားသည်။



7day

မှတ်ချက်များ