စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်ဇင်စံပြကျေး ရွာတွင် ဇွန်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်
က ဇနီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ၂၄ နာရီအတွင်း ခင်ပွန်းဖြစ်သူမှသေဆုံးသွားသည့်ဖြစ်စဉ်တစ် ရပ်ပေါ်ပေါက်ခဲ့ကြောင်း လယ်ဇင်စံပြကျေးရွာနေ ဒေ သခံပြည်သူများထံမှ သိရသည်။
“ ဖမ်းဆီးခံရသူက မ၀ိုင်းကြည် ဆိုသူဖြစ်ပါတယ်..။ မနေ့က (ဇူလိုင်လ ၁ ရက်နေ့) မနက်ပိုင်းမှာ မုံရွာမြို့မရဲ စခန်းက နယ်ထိန်းခေါင်းဆောင်(အသစ်) ဒုရဲအုပ် လှကြိုင်နဲ့အဖွဲ့က မ၀ိုင်းကြည်ကို လာပြီးဖမ်းသွားတယ်။ ချဲ လောင်ကစားမှုလို့ပြောတယ်။ မ၀ိုင်းကြည် အဖမ်းခံရပြီး ၂၄ နာရီအတွင်းမှာ ခင်ပွန်းဖြစ်သူ ကိုဝင်းဆွေ နေ အိမ်မှာတင် သေဆုံးသွား ခဲ့တာဖြစ်ပါတယ်..။ သားသမီး(၄)ယောက်ကျန်ခဲ့တဲ့ မိသားစုလေးဖြစ်ပါတယ်..” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။
အဆိုပါ လောင်းကစားဖမ်းဆီးရေးအဖွဲ့သည် ထိုနေ့မနက်ပိုင်းက မ၀င်းကြည်၏ နေအိမ်ရှေ့တွင်ရပ်ထား သည့် ဂျာလင်းအမျိုးအစား စူပါကပ်ဆိုင်ကယ် ထိုင်ခုံရှေ့ရှိ ကယ်ရီယာတွင်ညှပ်၍ထားသော ချဲထီလောင်းက စားရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ပိုက်ဆံ(၇၉၁၅၀)ကျပ်အားတွေ့ရှိခဲ့ရသဖြင့် အိမ်ရှင်ဖြစ် သူ မ၀င်းကြည် ဆိုသူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မုံရွာမြို့မရဲစခန်း(ပ)၃၂၅/ ၂၀၁၄ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က)အရ အမှုဖွင့် ချုပ် နှောင်ထားလျက်ရှိကြောင်း သိရသည်။
“ မနေ့ကမှ မိန်းမဖြစ်သူက အဖမ်းခံထားရပြီး၊ ဒီကနေ့မှာဘဲ ယောင်္ကျားဖြစ်သူက ဆုံးသွားတယ်..။ အသုချ မဲ့အချိန်ကိုရောက်တော့ အချုပ်ခန်းထဲက မ၀င်းကြည်ကို ရဲတွေက ကားနဲ့ရွာကိုလာပို့ပေးတယ်..။ လင်တော် မောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်ပေးတဲ့ မုံရွာမြို့မရဲစခန်းက ရဲတွေကို ရွာကလူတွေ က ကျေး ဇူးတင်နေကြပါတယ်..” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်း၏ မိသားစု မှ ပြောပြသည်။
အဆိုပါ လယ်ဇင်စံပြကျေးရွာကြီးသည် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်မှ ရွေးချယ်ချီးမြှင့်ပေးသော စံပြ ကျေးရွာဆု(ဒုတိယဆု)အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရရှိထားသော စံပြကျေးရွာကြီးဖြစ်ကြောင်း သိရသည်။
မုံရွာမြို့ပေါ်တွင် ၂၀၁၃/၂၀၁၄ ခုနှစ်၏ ယာဉ်တိုက်မှု ဖြစ်စဉ် စာရင်းဇယားများအရ ယာဉ်တိုက် မှုဖြစ် ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်းသွားသည့် တိုက်ပြေးယာဉ်တိုက်မှုပေါင်း(၅၈)မှု ဖော်ထုတ်အရေး ယူရန် အမှုလက်ကျန် အကြွေးများရှိနေသည့် အချိန်ကာလတွင် ထိုကဲသို့ ချဲထီလောင်းကစားမှုကြီးအား မုံရွာမြို့မ ရဲစခန်း၏ နယ်ထိန်းခေါင်းဆောင်(အသစ်) ဒုရဲအုပ် လှကြိုင်နဲ့အဖွဲ့က စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်း ဆီးနိုင် လိုက်ခြင်းဖြစ်သည်ဟု အမှုစစ် ရဲအရာရှိတစ်ဦးထံမှ သိရှိရသည်။
သတင်း၊ ကိုတိုးကြီး

မှတ်ချက်များ