နှစ် (၇၀)ကြာမှ ပြန်လည်တွေ့ဆုံခဲ့ကြတဲ့ ဇနီးမောင်နှံ

အချစ်စစ် အချစ်မှန်ဟာ ဘယ်လို အခြေအနေမှာ ပဲ ဖြစ်ဖြစ် ပြန်လည် ပေါင်းစည်းဖို့ အခြေအနေပေး စမြဲ ဖြစ်ပါတယ်။ စိတ်ထဲမှာ အရမ်းချစ် နေပါက ကွဲ ကွာတဲ့နှစ်တွေ ဘယ်လောက်ပဲကြာနေပါစေ၊ တစ် ချိန် ချိန်မှာ ပြန်လည်ဆုံတွေ့စေဖို့ အခွင့်အရေး ရ တတ်ကြပါတယ်။

တရုတ်နိုင်ငံမှာနေထိုင် တဲ့ အသက် (၉၀)နှစ် အရွယ် ရှိပြီဖြစ်တဲ့ အဘိုးအိုပန်ဟာ အသက် (၈၈)နှစ်ရှိပြီဖြစ် တဲ့ အဘွားအိုဇောင်နဲ့ နှစ်ပေါင်း (၇၀) နီးပါး ကွဲကွာ ခဲ့ကြပေမယ့် ပြန်လည်ဆုံတွေ့နိုင်ပြီ ဖြစ်ပါတယ်။

မိဘတွေကြောင့် ကွဲကွာသွားခဲ့ကြပေမယ့် အဘိုးအိုပန်ဟာ ဘ၀တစ်လျှောက်လုံး ပထမဆုံး အချစ်ဦးဖြစ် ခဲ့တဲ့ ဇောင် ကို လုံးဝမေ့မရဘဲ ကြိုးစားရှာဖွေခဲ့တာမို့ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပန်ဟာ ဇောင်ကို လက်ထပ်ပြီးတဲ့နောက် ဂျပန်တွေက တရုတ်နိုင်ငံကို ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ စစ်ပွဲပြီးချိန်မှာ ပန်ရဲ့ မိဘတွေကြောင့် ဇောင်နဲ့ ကွဲကွာသွားခဲ့ရ ပါတယ်။ ဒီနောက် ပန်ဟာ အခြားဒေသ တစ်ခုကို ရောက်သွားပြီး မိဘတွေ သဘောတူတဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ပြီး ဘ၀ သစ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ ပန်ဟာ ဒုတိယဇနီးနဲ့ ကလေးသုံးဦး ရရှိခဲ့ပါတယ်။

ပန်ဟာ ဇောင်ကို ထားရစ်ခဲ့တဲ့အချိန်မှာ သူနဲ့ရထားတဲ့ ကိုယ်ဝန်ရှိ မှန်း မသိခဲ့ပါဘူး။ နှစ်ပေါင်းအတော်ကြာ ပြီး တဲ့နောက် ဇောင်ဟာ ပန်ထံကို ကလေးဓာတ်ပုံ ပေးပို့ပြီးတဲ့နောက်မှ သိခဲ့ရတာ ဖြစ်ပါတယ်။ ပန်ကအချစ် အတွက် ဖခင်ဖြစ်သူနဲ့ တိုက်ပွဲဝင်ခဲ့ရကြောင်း၊ မကောင်းမှန်းသိသော်လည်း အချစ်အတွက် လုပ်ခဲ့ရ တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

၂၀၀၃ မှာတော့ ပန် ဟာ ပထမ အိမ်ထောင်ဖြစ်တဲ့ ဇောင်ကိုပြန်လည်ရှာဖွေမှု စတင်ခဲ့ပါတယ်။ ဇောင်နေခဲ့တဲ့ ရွာကို သွားခဲ့ပေမယ့် မတွေ့ခဲ့ရလို့ သေဆုံးသွားပြီလို့ ထင်မှတ်ခဲ့ ပါတယ်။ ဒါပေမဲ့ ပန်ဟာ မြေးဖြစ်သူရဲ့ အကူအညီကို ရယူပြီး အင်တာနက်ကတစ်ဆင့် ဇောင်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါ တယ်။

ပန်က ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်တွေ့ခဲ့လို့ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဘ၀မှာ အလိုချင် ဆုံးအရာကို ရခဲ့တာပါ။ ဘ၀သစ်တစ်ခုဖြစ်နေတဲ့အချိန်ကို ရောက်စဉ် ကလည်း ပထမဆုံးအချစ်ကို မေ့မရခဲ့ ပါဘူး လို့ ဆိုခဲ့ပါတယ်။

The messenger

မှတ်ချက်များ