မြောက်ကာရိုလိုင်းနား ပြည်နယ်မှ စားသောက်ဆိုင် တစ်ဆိုင်သည် အစားအသောက်များ စားသည့်အခါ ထိုအတွက် ဘုရားရှိခိုး၍ ၎င်းတို့စားသော အစားအစာ ၏ ကျေးဇူးတော်ကို ထုတ်ဖော် ပြသမည် ဆိုပါ က ဖောက်သည်များကို ၁၅ ရာခိုင်နှုန်း ဈေးလျှော့ ပေး သည်ဟု သြဂုတ် ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဝက်စတမ် ဆာလမ်မ်မြို့ရှိ မေရီ၏ ဂူမေးဒိုင်းနား စားသောက်ဆိုင်က ထိုသို့ လျှော့နှုန်း ပေးခဲ့သည် မှာ လေးနှစ်ကြာ ခဲ့ပြီ ဖြစ်ကြောင်း ဝါရှင်တန် တိုင်းမ် သတင်းစာတွင် ဖော်ပြ ထားသည်။ ထို စားသောက်ဆိုင် ပိုင်ရှင် မေရီဖက်လန်းက မူဝါဒ တစ်ရပ် အနေဖြင့် လျှော့နည်း ပေးခြင်း မဟုတ်ကြောင်း သို့ရာတွင် မိမိတို့ စားသော အစာ၏ ကျေးဇူးကို အသိအမှတ် ပြု၍ သူတစ်ပါးနှင့် မတူသော ဆောင်ရွက်မှု မျိုးကို ပြနိုင်သော သူများကို လက်ဆောင် ပေးသည့် အနေဖြင့် ပေးခြင်း ဖြစ်ကြောင်း ပြောသည်။
ဟက်လန်းက မိမိ၏ အယူအဆကို မှန်ကန်သည်ဟု ဆိုကာ လုပ်ခြင်း မဟုတ်ကြောင်း၊ အစားကောင်း အသောက် ကောင်းများ ပေါကြွယ်လှသော နိုင်ငံ တစ်နိုင်ငံတွင် နေရခြင်း၏ ကျေဇူးကို သိကြောင်း ပြသည့် စိတ်ထားမျိုး ရှိသော သူများကို တွေ့ရသည့် အခါ သူ့နှလုံးသားတွင် နွေးထွေး သွားကြောင်း ယခုကဲ့ သို့ ပြုခြင်းမှာ ဘာသာရေး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို တစ်စုံတစ်ရာ ပြောင်း လဲ စေလိုခြင်း သာ ဖြစ်ကြောင်း ပြောသည်။
ခရီးသွား နေစဉ် အတွင်း ထိုစားသောက်ဆိုင်သို့ ဝင်ရောက် စားဖူးသော ဖောက်သည် တစ်ဦးကမူ ၎င်းနှင့် လုပ်ဖော် ကိုင်ဖက်များသည် အစာစားစဉ် အတွင်း ဘုရားရှိခိုးရာ စားပွဲထိုး မိန်းကလေးတစ်ဦးသည် စားသောက် ပြီးချိန်တွင် ရောက်လာပြီး ရှိခိုးခြင်းအတွက် ကျသင့်သည့် ငွေမှ ၁၅ ရာခိုင်နှုန်း လျှော့ ယူကြောင်း ပြောကြားခဲ့သည်။
Mizzima

မှတ်ချက်များ