အခွန်ကောက်သည့် စံသတ်မှတ်ဈေးနှုန်း ၂ ဆနီးပါး တိုးမြှင့်

အခွန်ကောက်ရာမှာ အသုံးပြုတဲ့ အိမ်ခြံမြေဈေးနှုန်း စံ သတ်မှတ်ချက်ကို အစိုးရက ၂ ဆနီးပါး တိုးမြှင့်လိုက်
ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ဒီဗွီဘီကို
ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စံသတ်မှတ်ချက်တွေအရ ၁ ပေပတ်လည် ကျပ် ၂၇၅၀၀၀ သတ်မှတ်ထားတဲ့ ပြည်လမ်းပေါ်က
မြေကွက်တွေကို အခု စံသတ်မှတ်ချက် အသစ်မှာ ကျပ် ၄ သိန်း သတ်မှတ်ထားတာ တွေ့ရပါတယ်။

ဒီ မြေကွက်တွေဟာ ပုံမှန်ဈေးကွက်မှာ ၁ ပေပတ်လည် ကျပ် ၁၀ သိန်း ပေါက်ဈေး ရှိပါတယ်။

လောလောဆယ် အခွန်စနစ်အရ အိမ်ခြံမြေ ဈေးကွက် ၀ယ်ယူသူတွေဟာ ငွေဖြူ မပြနိုင်ရင် ၀ယ်ဈေးရဲ့ ၃၅ ရာခိုင်နှုန်း အခွန်ဆောင်ရပြီး၊ ရောင်းသူကတော့ ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရပါတယ်။

ခုလို အစိုးရဘက်က အခွန်ကောက်ဖို့ စံသတ်မှတ်ဈေးနှုန်း တိုးမြှင့်လိုက်တာကြောင့် မြေဈေးတွေ ပိုပြီး တက်လာတာ၊ အခွန်ရှောင်ဖို့ ကြိုးစားတာတွေ ဖြစ်လာနိုင်ကြောင်း ဒေါ်မို့မို့အောင်က ပြောပါတယ်။

အခွန်ဦးစီးဌာနဟာ ဒီ စံသတ်မှတ်ဈေးနှုန်းတွေကို လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ စတင်ကျင့်သုံး မှာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ