ဂန္ဒီ၏ ၁၄၅ နှစ်မြောက် မွေးနေ့ပွဲကို အိန္ဒိယတစ်နိုင်ငံလုံး ကျင်းပ

နယူးဒေလီမြို့ရှိ မဟတ္တမဂန္ဓီ အထိမ်းအမှတ် ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
အိန္ဒိယနိုင်ငံ၏ ဖခင်အဖြစ် ဂုဏ်ပြုခြင်းခံခဲ့ရသည့် ကွယ်လွန်ပြီးဖြစ်သော မဟတ္တမဂန္ဒီ၏ ၁၄၅ နှစ်မြောက်
မွေးနေ့ ပွဲ အခမ်းအနားကို အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့သည်ဟုသိရသည်။ ၄င်းပွဲသို့ ဝန်ကြီးချုပ်နာ ရန်ဒါမိုဒီနှင့် နိုင်ငံ့ခေါင်းဆောင်များသည် ပန်းစည်းများဖြင့် နယူးဒေလီမြို့ရှိသူ၏ ဂန္ဒီ၏ အမှတ်တရခန်းမတွင် အရိုအသေ ပေးခဲ့ကြခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဟာမစ်အန်ဆာရီ ၊ ယခင်ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း၊ ကွန်ဂရက်ပါတီ ဥက္ကဌ ဆွန်နီ ယာဂန္ဒီတို့လည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် နာရန်ဒါမိုဒီသည် အခမ်းအနားသို့ ခေတ္တသာလာရောက် ဂါရဝပြုနိုင်ခဲ့ပြီးသူ၏ ဆက်လက်လုပ်
ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ရန် ပြန်လည်ထွက်ခွါသွားခဲ့သည်။

ဘာသာပေါင်းအလိုက် ဆုတောင်းဝတ်ပြုမှုများ ပြုလုပ်ခဲ့ပြီးနောက် ဂန္ဒီ၏ အနှစ် သက်ဆုံးဘုရား သီချင်းကို သီဆိုခဲ့ကြသည်။

mizzima

မှတ်ချက်များ