မင်္ဂလာဦးည အင်တာဗျူး(ဟာသ)


ကဲ..ဒီတခါတော့ သူငယ်ချင်းတို့အတွက် မင်္ဂလာဦးည အင်တာဗျူးလေး တင်ပေးမယ်နော်…(ဟီး ..ဟိုက ခလေးရတော့မယ်…ခုမှ ဗျူးကောင်းတုန်း)..

စပ်စပ်စုစု မပုတုတစ်ယောက် မနက်စောစော အိပ်ရာမှထပြီး စပ်စုမပုလုပ်ဖို့ မကြီးစိုးအိမ်သို့ ချီတက်ခဲ့လေ
တော့သည်။ အဆင်သင့်ပါပဲ … မီးဖိုချောင် ၀င်နေတဲ့ မကြီးစိုးကိုတွေ့လို့ ကြုံသလိုလေး မီးဖိုထဲ ၀င်ဗျူး ဖြစ် ခဲ့ပါတော့တယ်…

“မကြီးစိုး…မင်္ဂလာပါ …ဘာတွေချက်နေလဲ”
“ဟော…မပုတုပါလား စောစောစီးစီး ဘယ်ကလှည့်လာတာလဲ”
“ဟိုနားလေး…ဟီးးးး .ဒီကိုပဲ တည့်တည့်လာတာပါ မကြီးစိုးရယ်”
“ဘာကိစ္စများ ရှိလို့ပါလိမ့်” ဟွန်း မနက်စောစောစီးစီး အိမ်လည်စပ်စုနေတာ မသိဘူးများ မှတ်နေလား…
“ဘာရယ် ဟုတ်ပါဘူး မကြီးစိုးရယ် … နည်းနည်းသိချင်တာလေးရှိလို့ လိုက်စပ်စုနေတာ…ဒါနဲ့… ဥမောင်တစ်ယောက်ကော”
“ညက ပင်ပန်းလို့တဲ့ … အိပ်တုန်း မပုတုရေ”
“သြော်…ပင်ပန်းရှာပေမပေါ … မင်္ဂလာဦးညကိုး….ဟီး”
“မပုတုနော် လျှောက်တွေးမနေနဲ့..” မကြီးစိုးတစ်ယောက် ရှက်ကိုးရှက်ကန်း ကနွဲ့ကလျအမူအရာပိုစွာဖြင့် မရှိ .. ရှိတာလိမ်ပြီး ရှက်နေလေသည်.
“အဟဲ…ဥမောင်မရှိတော့ ပိုကောင်းတာပေါ့…မကြီးစိုးကို ဗျူးချင်ရာဗျူး လို့ ရပြီ…မကြီးစိုး အမှန်အတိုင်းပြောပြရမယ်နော်…”
“အင်းပါ မပုတုရယ်…. မေးမှာသာမေး”
“ဟီး..မေးမယ်နော် … မကြီးစိုးတို့ရဲ့ မင်္ဂလာဦးညအကြောင်းလေး ပြောပြပါလား”
“ဟင် …မပုတုကလဲ သိချင် ယောက်ျားယူလိုက်ပါလား…ရှက်စရာကြီး ဘာတွေလာမေးနေမှန်းသိဘူး” မကြီးစိုးတစ်ယောက် မျက်နှာနီမြန်း၍ ရှက်နေလေပြီ…
“မကြီးစိုးရယ်…ယူချင်တာပေါ့ …မပုတုကိုလေ ယူမဲ့သူမရှိလို့…မပုတုက မူတာများပြီး ကျန်ရစ်ဖြစ်ဖြစ်နေတာ…ကဲကဲမပုတုအကြောင်းထားပါ…ကြုံရင်တော့ပြောပြမယ်… ခုတော့ မကြီးစိုးရယ် …နည်းနည်းလေးပြောပြပါနော်”
“ပြောပြချင်ပါဘူး….မောင်က အရမ်းဆိုးတာ မပုတုရဲ့”
” ဟုတ်လား…ဘယ်လိုဆိုးတာလဲ မကြီးစိုး”
“ပြောပြချင်ပါဘူး မပုတုရယ်….ရှက်စရာကောင်းတယ်” ဒီမကြီးစိုးတစ်ယောက်ကတော့ ပြောပြပါဆိုမှ အိုက်တင်ခံနေပြန်ပါပြီ …ဒီလောက်ဖြစ်လှတာ မေးတော့ဘူး …တော်ပြီ”
“အဟဲ…မကြီးစိုး ရှက်နေရင်လည်း ပြောနဲ့တော့နော်….ကျွန်မလည်း သွားစရာရှိသေးလို့ ခွင့်ပြုပေးပါအုံး” စပ်စုလို့မရမဲ့ တူတူတော့ ပြန်တာပဲ… ကောင်းတယ်
“ဟင်…နေ..နေပါအုံး မပုတုရယ်…မကြီးစိုးမှာက ရင်ဖွင့်စရာဆိုလို့ မပုတုတစ်ယောက်ပဲရှိတာကို။”
ပြောချင်နေတာကို သိနေတယ်လေ နည်းနည်းတော့ အိုက်တင်ခံလိုက်အုံးမှ…
“ရပါတယ် မကြီးစိုးရယ်…မပုတုကလေ မကြီးစိုးကို နှောက်ရှက်မိသလို ဖြစ်နေမှာစိုးလို့”
“မဖြစ်ပါဘူး မပုတုရယ်…မကြီးစိုးပြောပြပါ့မယ်…မကြီးစိုးလည်း ရင်ဖွင့်ချင်နေတာလေ…ဘယ်သူ့ဆီဖွင့်ရမှန်းမသိလို့.”
.ဒီလို မပုတုရဲ့…………….
“ညကလေ ဧည့်ခံပွဲပြီးတော့ မကြီးလည်း အရမ်းပင်ပန်းနေတာနဲ့ စောစောပဲ အိပ်ရာဝင်မယ်ဆိုပြီး ခေါင်းက ကလစ်တွေ ဖြုတ်နေတုန်း မောင်ကလေ မကြီးနားကို ရောက်လာတယ်…မကြီးခါးကိုလေ ဟောလိုလေး ဖက်ပြီးတော့
“အမလေး…တောက် ပလုတ်တုတ်” မကြီးစိုးတစ်ယောက်ပြောရင်း မပုတုခါးကိုဖက်ချလိုက်ရာ မပုတုတစ်ယောက် ထအော်လေတော့သည်။
“မကြီးစိုး…မကြီးစိုး မပုတုကို ထိနဲ့….မပုတုယောင်တတ်တယ်နော်”
“အင်းပါ..အင်းပါ ..ဆက်ပြောပြမယ်..မောင်ကလေ မကြီးခါးကိုဖက်ပြီးတော့ မကြီးကို အနော်ပြောစရာရှိတယ်တဲ့ … ပြောလေမောင်ဆိုတော့ ..အင်း မကြီးပြီးအောင်ဖြုတ်အုံး…ပြီးမှပြောမယ်တဲ့…အဲဒါနဲ့မကြီးလည်း ကလစ်တွေမြန်မြန်ဖြုတ်ပြီး ရပြီမောင် ပြောတော့ဆိုတော့ …ဟိုနားရောက်မှ ပြောမယ်ဆိုပြီး မကြီးကို ဟောဒီလိုလေးပွေ့ပြီး ကုတင်နားကိုခေါ်သွားတာ …မကြီးစိုးဖြင့် ရင်တွေခုန်လိုက်တာလေ…ပြောလေမောင်ဆိုတော့ မကြီး ဘယ်သူ့မှပြန်မပြောရဘူးနော် တဲ့…အင်းပါမောင်ရယ် မပြောပါဘူးဆိုတော့… အနော်..အနော်လေ ဆိုပြီး ရပ်နေပြန်ရော..ပြောပါမောင်ရယ်..မကြီးရင်တွေတုန်လှပြီ ဆိုတော့မှပဲ…အင်း…ဒီလိုမကြီး…အနော်လေ မကြီးကို အနော့ အစ်မတစ်ယောက်လိုပဲ ချစ်မယ်နော်.တဲ့ … အင်းပါမောင်ရယ်…မောင့်သဘောပါပဲ…ပြီးတော့ …ပြီးတော့ အနော်လေ “အင်း ..ဆက်ပြောလေမောင် ဆိုတော့ အနော်ပြောရမှာရှက်တယ်တဲ့ …မရှက်ပါနဲ့ မောင်ရယ် ပြောစရာရှိပြောပါ …ရှက်ရင် မကြီးရင်ခွင်ထဲလာနေဆိုပြီး မောင့်ကိုထွေးပွေ့ထားလိုက်တယ်…အဲတော့မှပဲ မောင်ကလေ သူ့ခေါင်းကို ၀ှက်ပြီး မကြီးကို လေသံလေးနဲ့ပြောတာ မနည်းကို နားထောင်ယူရတယ်..
“.မကြီးတဲ့…အနော်တို့…အနော်တို့…ညီအစ်မတွေလိုပဲ နေကြရအောင်နော်တဲ့..”
“မပုတုရယ်….မပုတုပဲစဉ်းစားကြည့်လေ မကြီးစိုးလည်း ဘာပြန်ပြောရမှန်းကို မသိတော့ဘူး….မကြီးကလေ ယောက်ျားစစ်စစ်မှတ်လို့ လက်ထပ်လိုက်တာ…ခုတော့လေ…ခုတော့လေ……..”
“ဟင်….ဒါဖြင့် ဥမောင်က .. ”
အဟဲ…မပုတုသူငယ်ချင်းလေးတွေလည်း ဦးမောင် တစ်ယောက် ဘာလဲဆိုတာ သိသွားကြပြီပေါ့နော်….
အဟဲ…ဦးမောင်ကိုအခြော်တကောက်လုပ်လိုက်ရတာ အခြားကြောင့်တော့ဟုတ်ဘူး…မပုတုက ပျိုဂျီး ဆိုတော့လေ မင်္ဂလာဦးညအကြောင်း သိဘူး…အာာာကြောင့်…အာာာာကြောင့်…ချိတ်ချိုးနဲ့နော်

Credit-M@y L@y

မှတ်ချက်များ