LC/TT စနစ်နဲ့ ကားတင်သွင်းရင် ကြိုက်သလောက် သွင်းနိုင်

ရန်ကုန်မြို့မှာ ကားပြခန်း Showroom ဖွင့်လှစ်ထား သူတွေ အနေနဲ့ လက်ရှိ Consignment အကြွေးယူ စနစ် နဲ့ တင်သွင်းနေရာကနေ Letter of Credit/ Telegraph Transfer LC/TT စနစ်နဲ့ တိုက်ရိုက်ဝယ် ယူတင်သွင်းမယ် ဆိုရင် အစီးရေ အကန့်အသတ်မ ရှိ တင်သွင်းခွင့် ပြုမယ်လို့ စီးပွားရေးနဲ့ ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါ တယ်။

လက်ရှိ အကြွေးစနစ်နဲ့ ၀ယ်ယူတဲ့ ကားပြခန်းတွေ ကတော့ ကားအစီးရေ စုစုပေါင်း ၂၀၀ ထက် ပိုပြီး တင်သွင်းခွင့် မပြုဖို့ ကန့်သတ်ထားပါတယ်။

အရင်က အကြွေးစာရင်းနဲ့ ကားတင်သွင်းလိုသူတွေအနေနဲ့ အစိုးရဆီမှာ ဒေါ်လာ ၁ သိန်းခွဲ အပေါင်ထား ရပြီး အခု LC/TT စနစ်နဲ့ တင်သွင်းမယ် ဆိုရင်တော့ အပေါင်ငွေ ထားဖို့ မလိုတော့ဘူးလို့ ၀န်ကြီးဌာနရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။


DVB

မှတ်ချက်များ