အငြိမ်းစားဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့် တိုင်းပြည်အတွက်အသက်စွန့်လွှတ်ခဲ့ သူ၏ မိသားစုနှင့် ကိုယ်အင်္ဂါစွန့်လွှတ်သူများအတွက်မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာများကို ရောင်းချပေးမည်

ဓါတ်ပုံ - သီဟကိုကို
မန္တလေး ခရိုင်အတွင်းနေထိုင်သည့် သက်ပြည့် /နှစ်ပြည့်အငြိမ်စားဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲဝန် ထမ်း များ(ဝန်ထမ်းလုပ်သက် ၂၅နှစ်နှင့် အထက် ရှိသူများ)နှင့် အထက်ရှိသူများ၊ တိုင်းပြည်အတွက် အ သက်စွန့် လွှတ် ခဲ့သူများ၏ မိသားစုများနှင့်ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့သူများအတွက် အိမ်ခန်း လျှောက်လွှာများ ကို ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ၃ဝရက်ထိစတင် ရောင်းချပေးလျက်ရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာ ယာရေကော်မတီမှ အဆောက်အအုံနှင့် ကုန်ရုံ ဌာနမှ ဌာနမှူးက ပြောသည်။

မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နှင့် အောင် သာယာရပ်ကွက် အကွက်အမှတ် (မမ-၁၅) နှင့် (မမ-၂၆) တွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီမှ အခန်းပေါင်း ၁၃၄၄ခန်း ပါဝင်သည့်တန်ဖိုးနည်း အိမ်ရာများ ကို ၂ဝ၁၃ခုနှစ် စက်တင်ဘာမှ စတင်၍ တစ်နှစ်တာအတွင်း ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာစီမံကိန်းတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်း၊ ကျန်းမာ ရေး (ဆေးခန်း)၊ မီးသတ်စခန်း၊ အားကစားကွင်းစသည့် ရပ်ကွက် အင်္ဂါရပ်နှင့်အညီ သက်ဆိုင်ရာအ ဆောက် အအုံများထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တိုက်ခန်းအား လုံးရောင်းချပြီးချိန်တွင် သွားလာရေး အဆင်
ပြေလွယ်ကူစေရန်အတွက် ဘတ်စ်ကားလိုင်းများ ပြေးဆွဲပေး ခြင်းများ စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ် သည်။

''တန်ဖိုးနည်းအိမ်ရာလျှောက် ထားသူအားလုံး မန္တလေးခရိုင်အတွင်း နေထိုင်သူဖြစ်ပြီး ကိုယ်ပိုင်အိမ်ရာ မရှိသူ ဖြစ်ရမယ်။ အိမ်ထောင်တစ် စုလျှင် တစ်ဦးသာလျှောက်ထား ခွင့်ရှိပါတယ်၊ လျှောက်ထားရင် အငြိမ်း စားပင်စင်စာအုပ်၊ အိမ်ထောင် စုလူဦးရေစာရင်း၊ မိတ္တူပူးတွဲတင်ပြ ရမှာ ဖြစ်ပါတယ်''ဟု အဆောက် အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အရစ်ကျငှား၊ ဝယ်စနစ် နှင့် လက်ငင်းဝယ်စနစ်စသည်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်းစနစ် သည် ကြိုပွိုင့်စနစ်မဟုတ်ဘဲ ငှား၊ ဝယ် Hire Purchase စနစ်ကို ငါး နှစ်နှင့် ရှစ်နှစ်အတွင်း ဘဏ်အတိုး ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

မြရည်နန္ဒာတန်ဖိုးနည်းတိုက် ခန်းရှိ အိမ်ရာများကို ရှစ်ခန်းတွဲ ၄၈၄ စတုရန်းပေ၊ ၅၇၂ စတုရန်း ပေ၊ လေး ခန်းတွဲ ၅၅၄ ဒသမ ၅ စတု ရန်းပေတည်ဆောက်ထားရာ အကွက် အမှတ် (မမ-၁၅)သည် ၇ ဒသမ ၆၇ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ် ၂၇လုံးတည်ဆောက်ထား ပြီး အကွက် အမှတ်(မမ-၁၆)သည် ၅ ဒသမ ၄ဝ ဧက ကျယ်ဝန်းပြီး လေး ခန်းတွဲ လေးထပ်အလုံး ၃ဝ တည် ဆောက်ထားသည်။

တန်ဖိုးနည်း အိမ်ရာရှိ တိုက်ခန်း ၁၃၄၄ခန်းတွင် မြေညီထပ် ၁၃ဝကျော်ပါရှိပြီး လက်ရှိ တွင် မြေညီထပ်
လျှောက်ထားသူ ၂၂၉ ဦးရှိရာ အချိုးကျညီညီမျှမျှ ရောင်းချနိုင်ရန် မဲစနစ်ဖြင့် ဒီဇင် ဘာ ၂၂ရက်တွင် ရောင်း ချသည့် အစီအစဉ်တွင် မြေညီထပ်အခန်း ၃ဝ ကျော်သာ ရောင်းချပေးခဲ့ပြီး ကျန် နေရာနှင့် အခန်းများကို မဲစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများသည် ကျပ်သိန်း ၆ဝ မှ ကျပ်သိန်း ၁၃ဝထိ အထပ်မြင့်နေရာပေါ် မူ တည် ၍ ဈေးရှိပြီး ဘဏ်ဖြင့်ချိတ်ဆက် ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ကနဦးပေးသွင်း၍ ငါး နှစ်အတွင်း ကျန်ရှိသောတိုက်ခန်း တန်ဖိုးငွေပမာဏ၊ ဘဏ်အတိုး ရှစ်ရာ ခိုင်နှုန်း၊ ကော်မရှင်ခ တစ်ရာ ခိုင်နှုန်း တို့ကို ဆက်လက်ပေးသွားရမည် ဖြစ်သည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာလျှောက်လွှာများကို တစ်စောင် လျှင် ၅ဝဝကျပ်ဖြင့်ဝယ်ယူ၍ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဇန်နဝါရီ ၃ဝရက်နောက်ဆုံး ထားပေးပို့လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။

Democracytoday

မှတ်ချက်များ