ဒက္ခိဏခရိုင် ကုလားကြီးရွာမှ တောင်သူ ၁၁ ဦး အိမ်မဖျက်ပေးလျှင် ထောင်ချမည်ဆို၍ အိမ်ဖျက်ပေးခဲ့
နေပြည်တော် ကောင်စီ ဒက္ခိဏခရိုင်ကုလားကြီး ကျေးရွာမှ တရားစွဲခံထားရသော တောင်သူ ၁၁ ဦးသည် အိမ်မဖျက်ပေးပါက ထောင်ချမည်ဟု ဆို သောကြောင့် ဇန်န၀ါရီ ၁၂ ရက် တွင် အိမ်များဖျက်ပေးကြောင်း
တောင်သူများက ပြောသည်။
‘‘အိမ်တွေအားလုံးဖျက်ပေး ပြီးပြီ၊ တိုင်ပါချွတ်ထားရတယ်။ အိမ်နေရာရဲ့ ဘေးလေးမှာ သစ်ပင်၊ ၀ါးပင်
အောက်မှာ ဖြစ်သလို နေနေရတယ်။ အိမ်ဖျက်ထားတဲ့ ပုံတွေကို ဓာတ်ပုံရိုက်ပြီး ပြရပါတယ်။ သူတို့က ဟုတ်မဟုတ် လာကြည့်မယ်ပြောတယ်’’ ဟု အိမ် ဖျက်လိုက်ရသည့် တောင်သူ ဦး ၀င်းဗိုလ်က ပြောသည်။
အဆိုပါတောင်သူ ၁၁ ဦးကို ကျူးကျော်နေထိုင်သည်ဟု ဆိုကာစည်ပင်ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုခံ ထားပြီး ဇန်န၀ါရီ ၁၃ ရက် သတ်မှတ်ချိန်အတွင်း အိမ်မဖျက် ပါက အပြီးသတ် အမိန့်အဖြစ် ထောင်ချရန် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်တရားရုံးမှ ပြောဆိုထား ခြင်း ဖြစ်သည်။
‘‘လာစစ်ဆေးပြီးရင် ၂၁ ရက်နေ့မှာ အမှုပိတ်ပေးမယ် ပြော တယ်။ ဒီကြားထဲက တောင်သူ တစ်ဦးကတော့ မဖယ်ပေးဘူး။ ထောင်ကျခံမယ်နဲ့ တူတယ်’’ဟု ဦးဝင်းဗိုလ်က ပြောသည်။
အဆိုပါကျေးရွာမှ တောင်သူ၁၁ ဦးကို စည်ပင်ဥပဒေပုဒ်မ ၂၆ ဖြင့် ၂၀၁၄ မေလက တရားစွဲဆို ခံထားရပြီး ရုံးချိန်း ၂၀ ကျော်ရင်ဆိုင်ခဲ့ရကာ ထောင်ကျသည့် တောင်သူများထဲတွင် သက်ကြီး ရွယ်အိုအဘိုးအဘွားများ လည်းပါ ၀င်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ အိမ်ရာများ ဖယ် ဖျက်ပေးလိုက်ခြင်းကြောင့် နေ စရာမရှိသည့်အတွက် ကုလားကြီးကျေးရွာမှ ရွာသားများစုပေါင်း ကာ နိုင်ငံတော်အစိုးရနှင့် သမ္မတ ထံသို့ နေစရာအတွက် သနားခံစာ တင်သွင်းမည် ဟု တောင်သူများက ဆိုသည်။
အဆိုပါဖယ်ရှားပေးရသည့် တောင်သူများသည် ယင်းမြေနေ ရာတွင် ဘိုးဘွားဘောင်စဉ်အ ဆက် နှစ်ပေါင်း ၄၀ နီးပါးကျော် နေထိုင်လာခဲ့သည်ဟု ဆိုသည်။ အိမ်များဖျက်ပေးရသည့် တောင် သူ ၁၁ ဦးတွင် မိသားစု ၀င်ပေါင်း ၄၀ ကျော်ရှိပြီး ကလေးအရွယ်များ လည်း ပါဝင်ကြောင်း သတင်းရရှိ သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်ရှိ စည်ပင်တရားရုံးတွင် နေ့ စဉ်စည်ပင်ဥပဒေ ၂၆၊ ၂၇ နှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသူ တစ် ရက်လျှင် ၁၀ ဦးဝန်းကျင်ရှိကြောင်းလာရောက်တရားရင်ဆိုင်နေရ သော
တောင်သူများက ပြော ကြားသည်။
ရဲနိုင် | 7day

မှတ်ချက်များ