အမေကိုကာကွယ်ဖို့ အဖေကို တူနဲ့ထုတဲ့သား ထောင်ခြောက်နှစ်ကျ


အင်္ဂလန်နိုင်ငံအရှေ့မြောက် ပိုင်း မစ်ဒယ်ဘရော့မြို့မှာ ဖခင်ကိုတူနဲ့ထု သတ်ဖို့ကြိုးစားခဲ့တဲ့ သားဖြစ်သူ ဘင် ဂျာ မင်ဝဲလ်ဆန်ကို တရားရုံးက ထောင်ခြောက် နှစ်ချမှတ်လိုက်ပါတယ်။

ဝဲလ်ဆန်(၂၂နှစ်)ဟာ တရားရုံး မှာ မိခင်ကိုကာကွယ်ဖို့အတွက် အခုလိုလုပ် ရခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ ပါတယ်။ တရား ရုံးက ဝဲလ်ဆန်ကို ပထမ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဆိုးသွမ်းတဲ့
  နောက်ကြောင်းရာဇဝင် ပြန်လည်သုံး သပ်ပြီးနောက်မှာ ဝဲလ်ဆန်ကို ထောင်ဒဏ် ခြောက်နှစ်ကျခံစေဖို့ ငဲ့ကွက်လျှော့ချပေး ခဲ့ခြင်းဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ဝဲလ်ဆန်ရဲ့ဖခင် ကရိတ်(၄၆နှစ်)ဟာ တစ်နေ့မှာ မိန်းမဖြစ် သူနဲ့ စကားများသတ်ပုတ်ခဲ့ကြ ပြီး မိခင်ကို ရိုက်နှက်နေတဲ့အတွက် ဝဲလ်ဆန်က ဖခင်ဖြစ် သူကို နီးစပ်ရာတွေ့ရှိတဲ့တူနဲ့ တိုက်ခိုက်ခဲ့ ခြင်း
ဖြစ်တယ်လို့ သိရပါတယ်။ ဝဲလ်ဆန်ဟာ အပေါ်ထပ်မှာ မိခင်ကိုရိုက်နှက်နေတဲ့ဖခင် ကို တူနဲ့ ငါးကြိမ်
လောက်ထုရိုက်ခဲ့ပြီး အိမ်က ထွက်ပြေးကာ ရဲစခန်းမှာ အဖမ်းခံခဲ့ပါတယ်။

ရဲတွေရဲ့ပြောကြားချက်အရ ဝဲလ်ဆန်ဟာ အဖေကို သတ်ခဲ့မိပြီလို့ ထင်နေ တယ်လို့ သိရပါတယ်။ မှုခင်းစစ် ဆရာဝန် တွေရဲ့ဆေးစစ်ချက်အရ ဖခင်ဖြစ်သူကရိတ် ဟာ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး သတိမလစ် ပေမယ့် မလှုပ်ရှားနိုင်တော့တဲ့အခြေအနေ ကို ရောက်ရှိခဲ့တယ်လို့သိရပါတယ်။

ကရိတ်ဟာ ဦးခေါင်းနဲ့မျက်နှာ တွေမှာ အပေါက်ရာတွေနဲ့ ဒဏ်ရာရရှိခဲ့ ပြီး သွားခြောက်ချောင်းလည်း ဆုံးရှုံး ခဲ့ရပါ တယ်။ ဦးနှောက်သွေးယိုစီးမှုထိခိုက်ဒဏ် ရာပါရရှိခဲ့တဲ့ ကရိတ်ဟာ ဆေးရုံမှာတစ်လ ကျော်ကြာ ဆေး ဝါးကုသမှုခံယူခဲ့ရပြီး အစာ ပိုက်နဲ့ အသက်ဆက်ခဲ့ရတယ်လို့ဆိုပါတယ်။

ရရှိတဲ့ဒဏ်ရာတွေကြောင့် ဘဝ တစ်လျှောက်လုံး လူစဉ်မမီတဲ့မျက်နှာမျိုးနဲ့ ဆက်လက်အသက်ရှင်သွားရဖို့ ရှိတယ်လို့ လည်း သိရပါတယ်။ တရားရုံးစစ်ဆေးချက် တွေအရ ကရိတ်ဟာ အရက်သမားတစ် ယောက်ဖြစ် ပြီး မူးလာတိုင်း ဝဲလ်ဆန်ကိုရိုက် နှက်နှိပ်စက်မှုတွေလည်း ပြုလုပ်တတ်တယ် လို့ သိရပါတယ်။ ကရိတ်ဟာ မယားဖြစ်သူ ကို နှိပ်စက်ရိုက်နှက်မှုနဲ့ ယခင်က ထောင် ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရဖူးသူလည်းဖြစ်ပါ တယ်။

ဒါကြောင့်လည်း တရားရုံးက ဝဲလ်ဆန်ရဲ့အဖြစ်ကိုငဲ့ညှာတဲ့အနေနဲ့ ထောင် ဒဏ်၁၂နှစ်ကနေ ခြောက်နှစ် ကို လျှော့ချ ပေးခဲ့ခြင်းဖြစ်ပါတယ်။ တရားရုံးမှာ ဝဲလ်ဆန်ရဲ့ရှေ့နေ က မိခင်ကိုကာကွယ်လိုစိတ်နဲ့ အခု လိုပြစ် မှုမျိုး ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ တရား ရုံးကို လျှောက်ထားခဲ့ပါတယ်။ ဝဲလ်ဆန်က တော့ လူသတ်ဖို့ မရည်ရွယ်ပေမယ့် ပြင်းပြင်း ထန်ထန် နာကျင်ထိခိုက်လိုစိတ်နဲ့ အခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဝန်ခံခဲ့ ပါတယ်။

ဝဲလ်ဆန်ဟာ အခုအခါ တရား ရုံးက ချမှတ်ခဲ့တဲ့ပြစ်ဒဏ်အတွက် ထောင်ထဲ မှာရောက်ရှိနေပြီဖြစ်ပြီး ဖခင် ကရိတ်ဟာ လည်း ရရှိခဲ့တဲ့ဒဏ်ရာတွေက အတော်လေး သက်သာလာခဲ့ပြီလို့ သိရပါတယ်။ ကရိတ် တို့ လင်မယားဟာလည်း အခုဖြစ်ရပ်နောက် ပိုင်းမှာ တရားဝင်ကွာရှင်းလိုက်ကြတယ်လို့ သိရပါတယ်။

Yangon Media Group


မှတ်ချက်များ