နော်ဝေးနှင့် ဆွီဒင်အကူအညီဖြင့် နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် နိုဗယ်မြန်မာစာပေပွဲတော် ကျင်းပ

နိုဗယ်မြန်မာစာပေပွဲတော်တွင် ခင်းကျင်းထားသည့် စာအုပ်အရောင်းဆိုင်များ (ဓာတ်ပုံ - ကျော်ဇင်သန်း)
မြန်မာစာရေးဆရာများ စုပေါင်းဦးဆောင်သည့် ပထမဆုံးနိုဗယ် မြန်မာစာပေပွဲတော်ကို မြို့မ ကျောင်းလမ်း ရှိ အမျိုးသား ကဇာတ်ရုံတွင် ဇန်န၀ါရီ ၁၇ ရက် မှ ၁၉ ရက်အထိ သုံးရက်တိုင် ကျင်းပလျက်ရှိသည်။

နော်ဝေးနှင့် ဆွီဒင်ရှိ စာပေ နှင့် သက်ဆိုင်သော အဖွဲ့များ၏ အကူအညီဖြင့် ကျင်းပသော နိုဗယ်မြန်မာစာ
ပေပွဲတော်သည် စာအုပ်များ သီးသန့်ရောင်းချခြင်း မဟုတ်ဘဲ စာပေနိုဗယ်ဆုရ ပုဂ္ဂိုလ်တို့၏ ဓာတ်ပုံများနှင့် ၎င်းတို့ထုတ် ဝေခဲ့သော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်းစာအုပ် များနှင့် ဘာသာပြန်ဆို ထားသော မြန်မာပြန်လက်ရာများ ပြသထားသည်။ ထို့အပြင် အမျိုးသားကဇာတ်ရုံဝင်းအတွင်း ရွက်ဖျင်တဲ များ ပြုလုပ်ထားပြီး ထုတ်ဝေရေးစာအုပ်တိုက်ပေါင်း ၈၀ ကျော်မှဆိုင်ခန်းပေါင်း ၁၀၀ နီးပါး ရောင်းချလျက်ရှိ ကာ စာပေနယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် စာအုပ်စာပေတွင် စိတ်အားထက်သန်သူများ ပါဝင်ဆွေးနွေးကြ မည့် စာပေစကားဝိုင်း အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်ကြမလဲ စဉ်းစားကြတဲ့အခါ မှာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက် က အင်္ဂလန်က သံအမတ်ဇနီး မောင်နှံဦးဆောင်လုပ်ခဲ့တဲ့ ဧရာ ၀တီစာပေပွဲတော်မှာ ပါဝင်ခဲ့တာ ကို ပြန်စဉ်းစားရင်း ဒီတစ်ခါတော့ မြန်မာ စာပေသမားတွေချည်း စုပေါင်းလုပ်ကြမယ်လို့ စိတ်ကူး မိပြီး နိုင်ငံခြားစာပေ စိတ် ၀င်စားသူတွေနဲ့ နော်ဝေးကလာ တဲ့သူတွေနဲ့ စကားပြောမိတယ်။ Freedom of Expression ဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းမိတယ်။ သူတို့နဲ့ က စာပေနဲ့ပတ်သက်ပြီး ပထမ ဆုံး လုပ်ဆောင်ဖြစ်ခဲ့ တာပါ။ သူ တို့ကနေတစ်ဆင့် ဆွီဒင်ကလူ တွေနဲ့ စကားပြောဖြစ်တယ်။ ဒီလို နဲ့ နော်ဝေး၊ ဆွီဒင်နဲ့ပါ ပူး
ပေါင်းလုပ်ဖြစ်တယ်’’ ဟု နိုဗယ်မြန်မာ စာပေပွဲတော် ကျင်းပရေးကော် မတီဥက္ကဋ္ဌ စာရေးဆရာဖေမြင့် က ပွဲဖြစ်လာပုံကို ပြောသည်။

နိုဗယ်စာပေပွဲတော်တွင် ပါ ၀င်ကူညီပေးသည့် နော်ဝေးနိုင်ငံ သည် ငြိမ်းချမ်းရေးနိုဗယ်ဆုချီး မြှင့်သည့် တိုင်းပြည်ဖြစ်ပြီး ဆွီဒင် နိုင်ငံသည် စာပေနိုဗယ်ဆုနှင့် အ ခြားနိုဗယ်ဆုများ ချီးမြှင့်ပေးသည့် နိုင်ငံများဖြစ် ကြသည်။ ၎င်းတို့နှင့် ဆက်စပ်ပြီး စာပေတိုးတက်ရေး အတွက် နိုဗယ်ဆုရှင်များ၏ အောင်မြင်ခဲ့သော စာပေလက်ရာ များကို ဘာသာပြန်ဆိုကာ ရေး သား ထုတ်ဝေပေးထားသဖြင့် နိုဗယ်စာပေပွဲတော်၏ အထူးအ မှတ်အသား တစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

စာပေပွဲတော်၌ ငြိမ်းချမ်း ရေး ကဗျာရွတ်ပွဲတော်နှင့် ရသ ၀တ္ထုရေးစာရေးဆရာများ၏ ၀တ္ထု တိုဖတ်ပွဲ အစီ အစဉ်များလည်း ပါ ရှိပြီး ရေးသူဖတ်သူ ဆွေးနွေးခန်း များလည်း ထည့်သွင်းပေးထား သည်။ ထို့အပြင် ငြိမ်းချမ်းရေး ဓာတ်ပုံနှင့် ပိုစတာပြပွဲ၊ ကာတွန်း ပြပွဲများနှင့် ကယ်ရီကေးချားရေး ဆွဲခြင်းများ ပါဝင်သည်။

‘‘စာအုပ်အမျိုးပေါင်း ၁၅၀ နီးပါးလောက် ရှိတယ်။ မြန်မာစာ အုပ်အမျိုးအစားတွေထဲမှာဆိုရင် အရင်တုန်းက စာအုပ်အဟောင်း တွေ ပိုရောင်းရတယ်။ ဒီခေတ် စာအုပ်တွေကို မေးတဲ့သူရှား တယ်။ လူငယ်ပိုင်းတွေ ပို လာကြ တယ်’’ ဟု အောင်သူစာပေမှ ဦးအောင်သူက ပြောသည်။

‘‘အခုနောက်ပိုင်း လူငယ် တွေက ဖုန်းနဲ့ပဲ အချိန်ကုန်တာ များတယ်။ စာအုပ်စာပေဆိုတာ ကို ဘယ်အချိန် ဘယ်ခေတ်ပဲ ရောက်ရောက် ဖတ်တတ်တဲ့အ ရွယ်က စဖတ်ရင် ကောင်းတယ်။ စာဖတ်ရင် ကမ္ဘာတောင် ပတ်လို့ ရတယ်။ ကိုယ်တစ်ယောက်တည်း ပန်းခင်းထဲ ရောက်သွားလို့ရ တယ်။ ကိုယ်တစ်ယောက်တည်းပဲ အမှောင်ထဲ လမ်းလျှောက်လို့ ရ တယ်။ ခွန်အားတွေလည်း ပေး နိုင်တယ်။ အခုခေတ်မှာ လူငယ် တွေက စာအုပ်ထက်ဖုန်းတွေကို ပိုရွေးချယ်နေကြတယ်။ စာအုပ် တွေက လူတစ်ယောက်ရဲ့ဘ၀ ကို ပြောင်းလဲပေး
နိုင်တယ်လို့ပဲ ထင်တယ်’’ ဟု နိုင်ငံခြားဘာသာ တက္ကသိုလ်ဒုတိယနှစ်မှ ရုရှားဘာ သာအထူးပြု ကျောင်း သား မောင်မင်းထက်အောင်က ၎င်း၏အမြင်ကို ပြောသည်။

အိုင်တီခေတ်သို့ ရောက်ရှိ နေသဖြင့် စာအုပ်များနေရာတွင် E-Book များအစား ၀င်ရောက်လာသောကြောင့် လူငယ်အများစု သည် စာအုပ်ကိုင်စာဖတ်ခြင်းများ ယခင်ကထက် လျော့နည်းခဲ့သော် လည်း အမှန်တကယ် စာဖတ်သူ များသည် စာအုပ်ကိုင်စာဖတ် ခြင်းကို ပိုမိုသဘောကျသည်ဟု နိုဗယ်စာပေပွဲတော်သို့ စာအုပ် လာရောက်ဝယ်ယူသော Web Mobile Designer မဆုမြတ်ရတနာက ပြောသည်။

အဆိုပါ နိုဗယ်မြန်မာစာပေ ပွဲတော်ဖွင့်ပွဲအတွက် ဇန်န၀ါရီ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့က ရုပ်သံသ၀ဏ်လွှာပေးပို့ခဲ့သည်။ စာအုပ်ပွဲတော်၏ ထူးခြားမှုဖြစ် သည့် နိုဗယ်ဆုရှင်များရဲ့ မူရင်းစာအုပ်ပြသမှုများ၊ နိုဗယ်ဆုရှင် များ၏ ဓာတ်ပုံများ ပြသမှုများနှင့် နိုဗယ်ဆုရ စာရေးသူများ၏ ဘာသာပြန်ဆိုထားသည့် စာအုပ်ပေါင်း ၁၀၂ အုပ် ပါဝင်သည်။

ဖြူဖွေးသန့် | 7day

မှတ်ချက်များ