ကင်မရွန်းရှိ ရွာငယ်အချို့ကို ဘိုကိုဟာရမ်အဖွဲ့ စီးနင်းပြီး ရွာခံများကို ပြန်ပေးဆွဲသွား

Photo - Centerforsecuritypolicy
နိုင်ဂျီးရီးယား အခြေစိုက် ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သည် မိမိတို့ ပိုင်နက်အတွင်း ဝင်ရောက်ကာ လူအတော်များများကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း ကင်မရွန်း အာဏာပိုင်များက ပြောကြားခဲ့ သည်။

နိုင်ဂျီးရီးယား ပိုင်နက်ကို ဖြတ်ကျော်ကာ နယ်စပ်ဒေသရှိ ကျေးရွာများကို ဘိုကိုဟာရမ်တို့က တိုက်ခိုက် ခဲ့ပြီး ကင်မရွန်း ကလေးငယ် အများအပြားကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို တွန်းလှန်ရန် ကြိုးစားသူ ရွာသား(၄)ဦးကို စစ်သွေးကြွများက ပစ်သတ်ခဲ့ကြောင်း လည်း ကင်မရွန်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဘိုကိုဟာရမ်တို့သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း ဒေသရှိ ကျေးရွာများနှင့် မြို့ငယ်များကို စီးနင်း သိမ်း ပိုက်ထားပြီး ယခုအခါ အိမ်နီးချင်း ကင်မရွန်း နိုင်ငံကိုပါ ကျူးကျော် ထိပါးလာခြင်း ဖြစ်သည်။ အဆိုပါ ဖြစ် ရပ်က ဘိုကိုဟာရမ်တို့၏ ခြိမ်းခြောက်မှုသည် နိုင်ဂျီးရီးယား တစ်နိုင်ငံတည်းအတွက်သာ မဟုတ်သည်ကို ထင်ရှားလာစေခဲ့သည်။

ဘိုကိုဟာရမ်တို့သည် နိုင်ဂျီးရီးယားတွင်လည်း ချွေးတပ်သားအလို့ငှာ ရွာသားများကို ဖမ်းဆီးပြီး မိန်းက
လေးငယ်များကို လိင်လုပ်သားများအဖြစ် အဓမ္မ ခိုင်းစေရောင်းချမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ထင်ရှား သူများ၊ နိုင်ငံခြားသားများကိုလည်း ပြန်ပေးငွေ တောင်းခံရန်အတွက် ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းကမူ နိုင်ဂျီးရီးယားနှင့် နယ်စပ်အနီးရှိ ကင်မရွန်းရွာများ ဖြစ်သော မာကီနှင့် မာဒါတို့တွင် ဘိုကိုဟာရမ် တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ဇန်နဝါရီ ၁၈ ရက် နံနက် အစောပိုင်း အရုဏ်မတက်မီတွင် လက်နက်ကိုင် စစ်သွေးကြွများက ရွာများထဲ ချဉ်းနင်းဝင်ရောက်လာပြီး လူအများကို ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်။

“အိမ်ပေါင်း(၈၀)လောက်ကိုလည်း မီးတင်ရှို့သွားသေးတယ်”ဟု ရွာခံတစ်ဦးက ဆိုသည်။ ဒေသဆိုင်ရာ ရဲ အရာရှိ တစ်ဦးက ဘိုကိုဟာရမ် တပ်ဖွဲ့များ ဖမ်းဆီးခြင်း ခံရသူ အရေအတွက်သည် (၆၀)မှ (၈၀)ခန့်ထိ ရှိနိုင်ပြီး အများစုသည် အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်ကြောင်းလည်း AFPသို့ ပြောကြားခဲ့သည်။

ကင်မရွန်း ပြည်ထဲရေးဝန်ကြီး အိုင်ဆက် ချီရိုမာကလည်း နယ်စပ်ကျေးရွာများ တိုက်ခိုက်ခံရမှုကို အတည်
ပြုခဲ့ပြီး ဒေသခံ (၃၀)မှ (၅၀)ကြားမျှ ဖမ်းဆီးခံရကြောင်း ခန့်မှန်းကြေညာခဲ့သည်။ ထို့အပြင် ကင်မရွန်း အစိုး ရက ဘိုကိုဟာရမ်တို့ကို ထိထိရောက်ရောက် အရေးယူ ဖိနှိပ်ခြင်း မပြုသည့်အတွက် နိုင်ဂျီးရီးယား အစိုးရ ကိုလည်း အပြစ်တင်ခဲ့ကြောင်း သိရှိရသည်။

7day

မှတ်ချက်များ