လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွင် အကန့်အသတ် ရှိကြောင်း ပုပ်ရဟန်းမင်းကြီး မိန့်ကြား
လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆိုသည်မှာ အတိုင်းအတာ အကန့်အသတ်ရှိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က မိန့်ကြားခဲ့သည်။
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော် အခြေစိုက် Charlie Hebdo မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်သမားများက ဝင်
ရောက်ပစ်ခတ်သဖြင့် လူ(၁၂)ဦး သေဆုံးသော ဖြစ်ရပ်ကို ပုပ်ရဟန်းမင်းကြီးက ရှုတ်ချခဲ့သော်လည်း မီဒီ ယာများ အနေဖြင့် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်တွင် အတိုင်းအတာရှိသည်ကို သတိပြုသင့်ကြောင်း လည်း မှတ်ချက်ပြုခဲ့သည်။
Charlie Hebdo မဂ္ဂဇင်းသည် အစ္စလာမ်မစ် ဘာသာရေး၏ တမန်တော် မိုဟာမက်ကို သရော်ရေးသားမှု များ ပြုလုပ်ခဲ့ဖူးပြီး ယင်းအတွက် မိမိတို့က လက်တုံ့ပြန်ခြင်းဟု ယီမင်မှ အယ်လ်ကိုင်ဒါ တပ်ဖွဲ့များက ကြေ ညာခဲ့သည်။
အာရှ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်သို့ ရောက်ရှိနေစဉ် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာ၏ အချုပ်အခေါင် ပုဂ္ဂိုလ်ဖြစ်သည့် ပုပ်ရဟန်းမင်းကြီးက Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုသည် အလွန်ဆိုးယုတ်ကြောင်း၊ ယင်းကဲ့သို့သော လုပ်ရပ်မျိုးကို ဘုရားသခင်၏ နာမတော် အသုံးချ ကျူးလွန်ခြင်းမျိုးသည် မဖြစ်သင့်ကြောင်း မိန့်ကြားခဲ့သည်။
သို့သော်လည်း မီဒီယာများ အနေဖြင့် ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်၍ လှုံ့ဆော်သော အရေးအသား မျိုးကို ဆင်ခြင်သင့်ကြောင်းလည်း ရဟန်းမင်းကြီးက ဆိုသည်။ “ကျွန်ုပ်ရဲ့ မိတ်ဆွေကောင်း ဒေါက်တာ ဂက်စ်ပါရီ (ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဉ်ကို စီစဉ်ပေးသူ)က ကျွန်ုပ်ရဲ့ မိခင်အကြောင်း မကောင်း တာတွေ ပြောနေတယ် ဆိုပါစို့။ ဒါဆို သူက လက်သီးနဲ့ အထိုးခံရမှာပဲ”ဟု ၎င်း၏ နံဘေးရှိ ဒေါက်တာ ဂက်စ်ပါရီကို လက်သီးဖြင့် ထိုးဟန်ပြရင်း ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “သင်တို့ အနေနဲ့ လှုံ့ဆော် ရန်စမှုမျိုး လုပ်လို့ မရပါဘူး။ တစ်ပါးသူရဲ့ ယုံကြည်ကိုး ကွယ်မှုကို စော်ကားခွင့် မရှိပါဘူး။ ကိုယ့်ပျော်ရွှင်မှုအတွက် သူတစ်ပါးရဲ့ ယုံကြည် ကိုးကွယ်မှုကို နောက်
ပြောင် သရော်လို့ မရပါဘူး။ ဒီကဏ္ဍမှာ အတိုင်းအတာ အကန့်အသတ်တစ်ခု ရှိပါတယ်”ဟုလည်း မှတ်ချက်
ပြုသွားသည်။
Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဇန်နဝါရီ ၇ ရက်တွင် မျက်နှာဖုံးစွပ် သေနတ်သမား (၃)ဦးက ဝင်ရောက် ပစ်ခတ်ရာ လူ(၁၂)ဦး သေဆုံးခဲ့သည်။
7day

မှတ်ချက်များ