သစ်ခိုးထုတ်မှုပပျောက်ရေး မြန်မာ-တရုတ်နှစ်နိုင်ငံအစိုးရဆွေးနွေးပွဲ အဖြေမထွက်
တရုတ်အစိုးရနှင့် မြန်မာ အစိုးရတို့ ပူးပေါင်း၍ တရားမ၀င် သစ်ကုန်သွယ်မှုကာကွယ်တား ဆီးရေးနှင့်တရား ၀င်သစ်ကုန် သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၄ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော် လည်း တရုတ်နိုင်ငံတွင် ၀င်ရောက်နေသော တရားမ၀င်သစ်ဝယ်ယူမှုနှင့်ပတ်သက်၍ သဘောတူညီမှုတစ်စုံ တစ်ရာမရှိခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတက်ရောက်သူများထံမှ သတင်းရရှိသည်။
ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဒုတိယ၀န်ကြီးက မြန်မာမှ တရုတ်နိုင်ငံသို့ တရား ၀င်သစ်တင်ပို့သည့် ပမာဏသည် ၃၈ရာခိုင်နှုန်းခန့်ရှိပြီး တရားမ၀င်သစ် ၀င်ရောက်မှုသည် ၆၂ ရာခိုင်နှုန်းရှိသည်ဟု ပြောဆိုခဲ့သော်လည်း တရုတ်အစိုးရဘက်က တုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ဆိုသည်။
‘‘တရုတ်ဘက်က သူတို့နိုင်ငံ ရဲ့ တရားဝင်ရောင်းဝယ်ဖောက် ကားတဲ့အခါ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ် နည်းတွေ ပြောပါ တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အခု ခိုးထုတ်နေတဲ့ကိစ္စတွေ ဘယ်လို လုပ်ဆောင်မယ်ဆို တာတော့ မ ပြောသွားပါဘူး’’ဟု တက်ရောက် ခဲ့သူတစ်ဦးက ပြောကြားသည်။
တရားမ၀င်သစ်ရောင်းဝယ်မှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် တောရိုင်းတိရစ္ဆာန်အပါအ၀င်သစ်နှင့် သစ်ထွက်ပစ္စည်း များ တရားမ၀င်ရောင်းဝယ်မှု ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ ကွန်ဗင်းရှင်းများတွင် လိုက်နာဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားသော်လည်း လက်တွေ့တွင်တရားမ၀င်ကုန်သွယ်မှုကိုထိန်း ချုပ်နိုင်ခဲ့ခြင်းမရှိကြောင်းပြောဆိုခဲ့သည်။
မြန်မာအစိုးရအနေဖြင့် သစ် ထုတ်လုပ်မှုများကို လျှော့ချ ဆောင်ရွက်နေသော်လည်း တရားမ၀င်သစ်ခိုး ထုတ်နေမှုများတိုး လာသည်ကိုတွေ့ရှိရကြောင်း၊အ ထူးသဖြင့် တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်နှင့် ထိစပ်ေ နသော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသွားလာနေသည့် ကချင်၊ရှမ်းပြည်နယ်တို့တွင် တရားမ၀င်သစ်ထုတ်လုပ်မှု အ များဆုံးတွေ့ရှိရကြောင်း မြန်မာအစိုးရကပြောဆိုခဲ့သည်။
တရုတ်အာဏာပိုင်များက မူတရားဝင်သစ်ရောင်းဝယ်မှုကို အဓိကအလေးထား ပြောကြားခဲ့ပြီး တရားမ၀င် သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ဖွင့်ဟပြောကြားသွားခြင်းမရှိကြောင်း တက်ရောက်သူများကဆိုသည်။
‘‘ခိုးထုတ်သစ်တွေနဲ့ပတ် သက်ပြီး ဘာမှမပြောသွားပေ မယ့် နှစ်နိုင်ငံအနေနဲ့ သစ်တော ဥပဒေအတိုင်း ပူးပေါင်းဆောင် ရွက်ဖို့တော့ပြောပါတယ်’’ဟု သစ် တောစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးဦးပြည့်စုံ မျိုးကပြော သည်။
ဗြိတိန်နိုင်ငံ DFID၊ Blue Moon Foundationနှင့် တရုတ်နိုင်ငံ၏ အကြီးဆုံးသဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့GEIတို့ အကူအညီဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါအဖွဲ့များနှင့် အီးယူမှ ကိုယ်စား လှယ်များတက်ရောက်ခဲ့သည်။
ကချင်ပြည်နယ်၊ ၀ိုင်းမော် မြို့နယ်အတွင်း တရုတ်နိုင်ငံသား တစ်ရာကျော်အပါအ၀င်သစ်ခိုး ထုတ်နေသူ များကို ရာနှင့်ချီသော သစ်တင်ယာဉ်များနှင့် ဖမ်းဆီးရမိ မှုနှင့်ပတ်သက်၍ တရုတ်အစိုးရ က သစ်ခိုးထုတ် မှုဖြင့်ဖမ်းဆီးခံတ ရုတ်နိုင်ငံသားများအရေး မျှမျှတ တကိုင်တွယ်စေလိုကြောင်း ပြော ကြားပြီးတစ်ရက် အကြာတွင် နေ ပြည်တော်ရှိ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။
တရုတ်နိုင်ငံသည် တရားမ ၀င်သစ်မှောင်ခိုလုပ်ငန်းအကြီး မားဆုံးလုပ်ဆောင်နေသော နိုင်ငံ များစာရင်း တွင်ပါဝင်ပြီးတရားမ ၀င်သစ်များနှစ်စဉ်ဒေါ်လာခုနစ်ဘီလီယံခန့် တင်သွင်းလျက်ရှိသည်။ တရုတ်နိုင်ငံသို့ တရားမ၀င်နည်းလမ်းဖြင့် ၀င်ရောက်နေသောသစ်များ၏ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်တောများအသင်းက ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြသည်။
အိဖြူမွန် | 7day

မှတ်ချက်များ