တရုတ်သံရုံးရှေ့ဆန္ဒပြသူတွေကို ပုဒ်မ ၆ခုနဲ့ ပထမဆုံး ရုံးထုတ်


တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ လက်ပံတောင်းတောင် ဒေသခံတွေကြား ပဋိပက္ခကြောင့် ဒေါ်ခင်ဝင်း သတ်ဖြတ်ခံရတဲ့အပေါ် တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့သူ ကိုနေမျိုးဇင်၊ နော်အုန်းလှအပါအဝင် ၅ဦးကို မြန်မာအ စိုးရက ဇန်နဝါရီ ၅ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တရုတ်သံရုံးကို ဆန္ဒပြတာ နိုင် ငံတော်ကို အကြည်ညိုပျက်စေတာလား။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)အပါအဝင် ပုဒ်မ ၁၄၇၊ ၁၄၉၊ ၃၅၃၊ ၂၉၄၊ ၁၁၄ စတဲ့ ပုဒ်မ
ပေါင်း ၆ခုနဲ့ ဒဂုံတရားရုံးမှာ စစ်ဆေးမေးမြန်းမှု မလုပ်ရသေးဘဲ ဒဂုံမြို့နယ်ရဲစခန်းက စခန်းမှူး ဦးသောင်း စိန်က တရားလိုအဖြစ် စွဲဆိုခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အမှုစတင်စစ်ဆေးတဲ့ရက်မှာပဲ ကိုနေမျိုးဇင်၊ နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင်ထွဋ်ပိုင်နဲ့ ဒေါ်စန်းဝင်းတို့ကို ရုံးထုတ်ခဲ့ပေမယ့် ရဲစခန်းက တရားစွဲထားသူ နောက်ထပ် ၂ယောက်ကျန်သေးလို့ အမှုကို မစစ်ရသေးဘူးလို့ ဆိုပါတယ်။

ကျုးလွန်ခြင်းမရှိတဲ့ ပုဒ်မတွေနဲ့ သူတို့ကို တရားစွဲထားတာဖြစ်ပြီး ထောင်ထဲမှာလည်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်
နေရသလို တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့လို့ တရားသူကြီးက အာမခံမပေးတဲ့အကြောင်း၊ ဖြေရှင်းချက်တစ်ခုမှ လည်း မပေးဘူးလို့ ကိုနေမျိုးဇင်က ပြောပါတယ်။

တရားစွဲဆိုမှုကို ဥပဒေနဲ့အညီ လုပ်ကြဖို့၊ ပြုပြင်ပြောင်းလဲရေးလိုလားနေတဲ့သူတွေ၊ အရပ်ဖက်အဖွဲ့အစည်း
တွေပူးပေါင်းကြဖို့နဲ့ အားလုံးရဲ့မနက်ဖြန်တွေအတွက် ဒီလိုနေ့မျိုးတွေ ဖြတ်သန်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လူသတ်သမားတွေကို အရေးမယူလို့ အခုလို ဆန္ဒပြခဲ့တာဖြစ်ပြီး ဒီလိုပြဿနာတွေဖြစ်လာတာရဲ့ တာဝန်အရှိ ဆုံးက သမ္မတဦးသိန်းစိန်ဖြစ်တယ်၊ တာဝန်မကျေရင် လူထုက ဒဏ်ခတ်မယ်လို့ နော်အုန်းလှက ဆိုပါတယ်။



kamayutmedia

မှတ်ချက်များ