ဧရာဝတီတိုင်းဒေသကြီးအစိုးရ ၈ ဘီလီယံခန့် အကြွေးတင်နေဟုဆို
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သုံးနှစ် ကျော်ကာလအတွင်း ပြည်ထောင် စုအစိုးရသို့ပေးရန် ကျပ်ငွေ ၇ ဒသမ ၈ ဘီလီယံ အကြွေးတင် နေကြောင်း ဧရာဝတီတိုင်းဝန်ကြီး ချုပ်ဦးသိန်းအောင်က 7Day Daily အား ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအ တွင်း ချောင်းကော၊ မြောင်းကော များကြောင့် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန်
ထိုငွေကြေး ပမာဏအား စိုက်ထုတ်သုံးစွဲ ထားခြင်းဖြစ်ကြောင်း ၀န်ကြီး ချုပ်က ပြောကြားသည်။
‘‘အစိုးရက မစိုက်ရင်တော့ ကျွန်တော့်အနေနဲ့ ဒေ၀ါလီ ခံဖို့ပဲ ရှိတော့တယ်’’ ဟု ၀န်ကြီး ချုပ်ဦးသိန်းအောင် က ဆိုသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် အနေဖြင့် သုံးနှစ်ကျော်ကာလ အတွင်း ချောင်းကော၊ မြောင်း ကောများ ဖော်
ဆောင်ခြင်း၊ ရေ တံခါးများ ပြုလုပ်ပေးခြင်း၊ ဧရာဝတီနှင့် င၀န်မြစ်ကမ်းနံဘေးရှိတာ များနှင့်တိုင်းအတွင်းရှိ ဆည်လေး ဆည် မကျိုးပေါက်အောင် ထိန်း သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။
အဆိုပါ လုပ်ငန်းများလုပ် ဆောင်ရန် လိုအပ်သည့် စက် ယန္တရားကြီးများအား ကုမ္ပဏီ များထံမှ အကြွေးစ နစ်ဖြင့် ၀ယ် ယူသုံးစွဲခဲ့သဖြင့် အကြွေးတင်နေ ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ် ဦးက ရှင်းပြသည်။
၂၀၁၄ မိုးရာသီတွင် မိုးများ စွာ ရွာသွန်းသော်လည်း ၂၀၁၃ ခုနှစ်မိုးရာသီမှစတင်၍ ရေကြီးနစ်မြုပ်မှု ပြဿနာမ ရှိတော့ကြောင်း ဓနုဖြူမြို့ လှည်းကြိုးကျေးရွာမှ တောင်သူဦးသိန်းအောင်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအ တွင်း လယ်မြေစိုက်ဧက ၅ သန်း ကျော်ရှိပြီး ၂၀၁၂ တွင် ရေကြီး နစ်မြုပ်မှု
ကြောင့် လယ်မြေဧက လေးသိန်းကျော် ပျက်စီးခဲ့သည်။
7day

မှတ်ချက်များ