အမျိုးသမီးတစ်ဦး ရည်းစားနဲ့ရန်ဖြစ်ပြီးပြီးချင်း ကလေးနှစ်ယောက်ကို လက်ဆွဲကာ တိုက်ပေါ်က ခုန်ချသွားခဲ့

ကြားရတာ တော်တော်လေး စိတ်ဆင်းရဲစရာပါ။

ချစ်သူရည်းစားနဲ့ ပြသနာအကြီးအကျယ်တက်ပြီးတဲ့
နောက်မှာ အသက် ၂၀သာရှိသေးတဲ့ Lucia Brum Padilla ဟာ သူမရဲ့သမီးနှစ်ယောက်ကို လက်ဆွဲပြီး အထပ်၃၀မြင့်တဲ့ အဆောက်ဦးပေါ်ကနေခုန်ချခဲ့တာ ပါ။ သူတို့သုံးဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦး အော်ဟစ် ရန်ဖြစ်နေကြတဲ့ အသံကို ဘေးအိမ်တွေက ကြားခဲ့ရ တယ်လို့ ထွက်ဆိုကြပြီး ဖြစ်တဲ့ပြသနာကတော့ အမျိုး သားက အခြားအမျိုးသမီးနဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့ တာ
ကြောင့်လို့သိရပါတယ်။

အဲ့ဒီလို အော်ဟစ်ရန်ဖြစ်ပြီးပြီးချင်းမှာပဲ Lucia Brum Padilla ဟာ အသက် (၁)နှစ်အရွယ် သမီးနဲ့ (၂)နှစ် အရွယ် သမီးနှစ်ယောက်စလုံးကို လက်ဆွဲပြီး ၀ရံတာကနေ ခုန်ချသွားခဲ့တာပါတဲ့။ အဲ့ဒီနောက် မှာတော့ ချက်ချင်းဆိုသလို အဲ့ဒီအခန်းကို ဘေးအိမ်ကလူတွေ၊ တာဝန်ရှိသူတွေ ရောက်လာခဲ့ပြီး သူမရဲ့ ရည်းစားဖြစ် သူ အသက်(၃၃)နှစ်အရွယ် Carlos Pinto ကို တိုက်ပေါ်ကနေ ထပ်ခုန်မချစေဖို့ ၀ိုင်းဝန်းတာဆီးခဲ့ရတယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ